Shwe News
ဝမ်းသာစရာ သတင်းကောင်း— နိုင်ငံ့ဝန်ထမ်းများအတွက် အမှုထမ်းကို လစာရဲ့(၃)ဆ၊ အရာထမ်းကို လစာရဲ့(၅)ဆ ထုတ်ချေးကြောင်း ကြောညာလိုက်ပြီ
ယခုအခါ နိုင်ငံ့ဝန်ထမ်းအများစုနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့၏ တောင်းဆိုမှုကြောင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMID Bank) မှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ် ၊ (၁.၁၀.၂၀၁၈) ရက်နေ့မှ စတင်၍ အပြေအကြေပေးဆပ်ပြီးသော ၀န်ကြီးဌာနများနှင့် ၄င်းတို့လက်အောက်ရှိ ဦးစီး ဌာန လုပ်ငန်းများအားသတ်မှတ်ထားသောဘဏ်ခွဲများမှတစ်ဆင့်သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီပါက အမှုထမ်းများအား လစာငွေ၏ (၃) ဆနှင့် အရာထမ်းအား လစာငွေ၏ (၅) ဆဖြင့် စတင်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေး အပ်ပါသည်။
  • ည်။
    ဦး၏ ထောက်ခံချက်
  • ၄။ ၀န်ထမ်းကဒ်မိတ္ထူ
  • ၇။ ရပ်ကွက်ထောက်ခံစာ
  • ၈။ ရဲစခန်းထောက်ခံစာ
  • ၁။ မှတ်ပုံတင်မိတ္တူ၊
  • ၂။ အိမ်ထောင်စုစာရင်း
  • ၃။ ၀န်ထမ်းကဒ်
  • ၁။ မိတ္တီလာ ဘဏ်ခွဲ
  • ၂။ ပြည် ဘဏ်ခွဲ
  • ၃။ ပခုက္ကူ ဘဏ်ခွဲ (၁) ၊ (၂)
  • ၄။ မြ၀တီ ဘဏ်ခွဲ
  • ၅။ ပုသိမ် ဘဏ်ခွဲ
  • ၆။ မြင်းခြံ ဘဏ်ခွဲ
  • ၈။ တောင်ကြီး ဘဏ်ခွဲ
  • ၉။ မူဆယ် ဘဏ်ခွဲ
Unicode
  • SMID Bank ၏ Staff Loan (ဝန်ထမ်းချေးငွေ)အား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁) ရက် နေ့မှ စတင်ထုတ်ချေးပြီဖြစ်ကြောင်း ကြေညာခြင်း။
အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်လီမိတက် (SMID Bank) မှ ၂၀၁၇ ခုနှစ်၊ ဇွန်လ မှ စတင်၍မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ဘဏ်ခွဲများ၊ ရုံးစိုက်ရာနေရာများနှင့် အနီးပတ်ဝန်းကျင် တို့တွင် နိုင်ငံ့ ဝန်ထမ်းများအား ဝန်ထမ်းချေးငွေ (Staff Loan) များ စတင်ထုတ်ချေးပေးခဲ့ပါသည်။ ထိုသို့ ထုတ်ချေး ပေးခဲ့ချိန်မှ ယနေ့အချိန်ထိ သက်တမ်းပြည့်၍ အပြေအကြေပေးဆပ်ပြီးသော ဝန်ထမ်းများရှိသကဲ့သို့၊ သက်တမ်းပြည့်ပြီးသော်လည်း ချေးငွေအား ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသော ဝန်ထမ်းအချို့လည်း ရှိနေပါသည်။
ယခုအခါ နိုင်ငံ့ဝန်ထမ်းအများစုနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့၏ တောင်းဆိုမှုကြောင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMID Bank) မှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ် ၊ (၁.၁၀.၂၀၁၈) ရက်နေ့မှ စတင်၍ အပြေအကြေပေးဆပ်ပြီးသော ဝန်ကြီးဌာနများနှင့် ၎င်းတို့လက်အောက်ရှိ ဦးစီး ဌာန လုပ်ငန်းများအားသတ်မှတ်ထားသောဘဏ်ခွဲများမှတစ်ဆင့်သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီပါက အမှုထမ်းများအား လစာငွေ၏ (၃) ဆနှင့် အရာထမ်းအား လစာငွေ၏ (၅) ဆဖြင့် စတင်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေး အပ်ပါသည်။
  • Staff Loan ချေးရန်သတ်မှတ်ချက်များ (Terms and Conditions)
  • ၁။ Staff Loan ချေးငွေအား ဘဏ်တည်ရှိရာမြို့၏ စည်ပင်သာယာနယ်နိမိတ်အတွင်းတွင်သာ ထုတ်ချေးပါမ
  • ည်။
  • ၂။ နေ့စားဝန်ထမ်းများအား ထုတ်မချေးပါ။ တစ်ဦးချင်းထုတ်မချေးပါ။ ဝန်ကြီးဌာနအောက်ရှိ ဌာနလိုက် အုပ်စု
  • စနစ်ဖြင့် ထုတ်ချေးပေးမည်ဖြစ်ပါသည်။
  • ၃။ ငွေချေးသူ၏ အသက်မှာ (၂၀) မှ (၅၇) နှစ်အတွင်းဖြစ်ရမည်။
  • ၄။ ချေးငွေကို (၁) နှစ် (၆) လ သက်တမ်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ပါသည်။
  • ၅။ ချေးငွေအတိုးနှုန်းကို တစ်နှစ် (၁၀%) ဖြင့် လစဉ်အရင်းအတိုး Flat စနစ်ဖြင့် ပုံမှန်ကောက်ခံ သွားပါမည်။
  • ၆။ ချေးငွေကို အမှုထမ်းအားလစာငွေ၏ (၃) ဆ၊ အရာထမ်းအားလစာငွေ၏ (၅) ဆ ထုတ်ချေး ပေးသွားပါမည်။
  • ၇။ ဘဏ်မှ ကော်မရှင်ခအဖြစ် ချေးယူမည့်ငွေပမာဏအပေါ် ချေးငွေသက်တမ်း (၁) နှစ်နှင့် (၆)လ အတွက် Service Charges (1.5%) ကောက်ခံမည်။
  • ၈။ လျှောက်လွှာ၊တံဆိပ်ခေါင်းနှင့် စာရွက်စာတမ်းကြေးအတွက် ငွေကျပ် (၁၂,၅၀၀/-) ကောက်ခံ မည်ဖြစ်ပါသည်။
  • ၉။ ချေးငွေလျှောက်ထားခွင့်ရသူသည် ဘဏ်တွင် Current Account ကို ကျပ် (၅၀၀၀) ဖြင့် စာရင်း ဖွင့်လှစ်ရပါမည်။
  • ၁၀။ ချေးငွေလျှောက်ထားသူသည် အာမခံသူ (၃) ဦးလိုအပ်ပါသည်။ ၎င်းအာမခံသူ (၃) ဦးတွင် နှစ်ဦးသည် ချေးငွေလျှောက်ထားသူ၏ ဌာနမှ ဝန်ထမ်း (၂) ဦးနှင့် မိသားစုဝင် (၁) ဦးဖြစ်ရပါမည်။ အာမခံသူ ဌာနမှ ဝန်ထမ်း (၂) ဦးသည် ချေးငွေလျှောက်ထားသူ၏ အထက်အရာရှိနှင့် လက်အောက်ဝန်ထမ်း (သို့မဟုတ်) အဆင့်တူ ဝန်ထမ်းဖြစ်ရပါမည်။
  • ၁၁။ ငွေချေးသူသည် ဌာနပြောင်းရွှေ့သွားပါက (သို့မဟုတ်) ပေးဆပ်ရန် ပျက်ကွက်ပါက အာမခံသူ (၃) ဦးမှ ပြေကြေသည့်အထိ ဆက်လက် တာဝန်ယူ ပေးလျော်ရပါမည်။
  • ၁၂။ လစဉ်ပေးသွင်းရမည့် အရစ်ကျငွေကို လစဉ်လဆန်း (၁)ရက်မှ (၇)ရက်အတွင်း ပေးသွင်း ရမည်ဖြစ်ပါသည်။ အရစ်ကျ ပေးသွင်းရန် ပျက်ကွက်ခြင်း၊ အကယ်၍ချေးငွေရယူသူမှ အရစ်ကျအရင်းအတိုးငွေ များအား အချိန်မီပေးသွင်းရန် ပျက်ကွက်ခဲ့လျှင် ဒဏ်ကြေးများကို အောက်ပါအတိုင်း ကောက်ခံမည် ဖြစ်သည်။
  • အမှုထမ်းများပျက်ကွက်ပါက
  • – တစ်လပျက်ကွက်လျှင် ကျပ် (၁၀၀၀၀)
  • – နှစ်လပျက်ကွက်လျှင် ကျပ် (၂၀၀၀၀)
  • – သုံးလပျက်ကွက်လျှင် ကျပ် (၃၀၀၀၀) စသည်ဖြင့် ကောက်ခံမည်ဖြစ်ပါသည်။
  • အရာထမ်းမှပျက်ကွက်ပါက
  • – တစ်လပျက်ကွက်လျှင် ကျပ် (၃၀၀၀၀)
  • – နှစ်လပျက်ကွက်လျှင် ကျပ် (၆၀၀၀၀)
  • – သုံးလပျက်ကွက်လျှင် ကျပ် (၉၀၀၀၀) စသည်ဖြင့် ကောက်ခံမည်ဖြစ်ပါသည်။
  • Staff Loan ချေးရန်လိုအပ်သောစာရွက်စာတမ်းများ
  • ၁။ (Staff Loan) ချေးငွေလျှောက်လွှာပုံစံ
  • ၂။ ဝန်ထမ်းဖြစ်ကြောင်းသက်ဆိုင်ရာရုံးတံဆိပ်ပါ အကြီးအကဲ (၁)
    ဦး၏ ထောက်ခံချက်
  • ၃။ passport size (1’’) ပတ်လည် ဓါတ်ပုံ(၂) ပုံ၊
  • ၄။ ဝန်ထမ်းကဒ်မိတ္ထူ
  • ၅။ နိုင်ငံသား စိစစ်ရေးကဒ်ပြားမိတ္ထူ
  • ၆။ အိမ်ထောင်စုစာရင်းမိတ္ထူ
  • ၇။ ရပ်ကွက်ထောက်ခံစာ
  • ၈။ ရဲစခန်းထောက်ခံစာ
  • 📝📝📝 အာမခံသူအတွက်လိုအပ်သောစာရွက်စာတမ်းများ
  • ၁။ မှတ်ပုံတင်မိတ္တူ၊
  • ၂။ အိမ်ထောင်စုစာရင်း
  • ၃။ ဝန်ထမ်းကဒ်
မှတ်ချက်။ ။ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိပါက မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထုတ်ချေး ပေးသွားမည်မဟုတ်ပါ။ ယခုထုတ်ချေးပေးသော ချေးငွေသည် နိုင်ငံတော်မှထုတ်ချေးပေးသည့်ငွေ မဟုတ်သည်ကိုလဲ နားလည် သဘောပေါက် လက်ခံ ထားရပါမည်။ ဖော်ပြထားသော သတ်မှတ်ချက်များဖြင့် ပြည့်စုံပါက အုပ်စု (Group) ဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနတစ်ခုချင်းစီကို ဘဏ်မှ လာရောက်၍ (Door to Door System) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခင်ချေးငွေရယူထားသူများသည် အကြွေးအကြေပေး ဆပ်ပြီး ချေးငွေကို အသစ်တဖန်ပြန်လည်လျှောက်ထားလိုပါက ယခင် Current Account ကို ပိတ်ပြီး Current Account အသစ်ပြန်လည်ဖွင့်လှစ်ရပါမည် ။ SMID Bank Post ၏ အောက်တွင် အပြုသဘောဆောင်သော Comment များကိုသာ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ဘဏ်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော Comment များအား ပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ။SMID Bank ၏ အောက်ဖော်ပြပါဘဏ်ခွဲများတွင် Government Staff Loan (အစိုးရဝန်ထမ်းချေးငွေ) ဝန်ဆောင်မှုကို ရယူ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
  • ၁။ မိတ္တီလာ ဘဏ်ခွဲ
  • ၂။ ပြည် ဘဏ်ခွဲ
  • ၃။ ပခုက္ကူ ဘဏ်ခွဲ (၁) ၊ (၂)
  • ၄။ မြဝတီ ဘဏ်ခွဲ
  • ၅။ ပုသိမ် ဘဏ်ခွဲ
  • ၆။ မြင်းခြံ ဘဏ်ခွဲ
  • ၇။ ကျောက်ပန်းတောင်း ဘဏ်ခွဲ
  • ၈။ တောင်ကြီး ဘဏ်ခွဲ
  • ၉။ မူဆယ် ဘဏ်ခွဲ
ကျန်ရှိနေသော SMID Bank ဘဏ်ခွဲများတွင်လည်း Government Staff Loan (အစိုးရဝန်ထမ်းချေးငွေ) ကို မကြာမီ ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုသည့် အချက်အလက်များကို စုံစမ်းရန် နံပါတ် 01-230 2340 နှင့် 01-230 2341 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Source ( SMID Bank)
About the author
ilove
Leave a Comment