MOBILE Review

ျမန္မာေငြ ၁ သိန္းဝန္းက်င္ေစ်းနဲ ့မိတ္ဆက္လိုက္တဲ့ အလန္းစား NOKIA 8110 4G

ေခတ္ေဟာင္း ေမာ္ဒယ္ Nokia 8810 ကို HMD ဟာ 4G ဗားရွင္းအျဖစ္ ဒီႏွစ္ ေဖေဖာ္ဝါရီလထဲမွာ တေက်ာ့ျပန္မိတ္ဆက္ခဲ့ပါတယ္။ တစ္ေခတ္တစ္ခါက banana phone လို႔လူသိမ်ားတဲ့ ဒီ slider phone ဟာ အခုဆို စကာပၤူေဈးကြက္ထဲ ေရာက္လာၿပီ ျဖစ္ပါတယ္။

Alibaba Group လက္ေအာက္က Lazada အြန္လိုင္းေရွာ့ပင္စတိုးမွာ ေရာင္းခ်ေနတဲ့ Nokia 8810 4G ဟာ မ်က္ႏွာျပင္ ၂.၄ လက္မ QVGA display နဲ႔လာၿပီး ၁၉၉၆ ေမာ္ဒယ္ဒီဇိုင္းကို နည္းနည္း ျပင္လိုက္တာပါ။ မ်က္ႏွာျပင္အ႐ြယ္အစား ပိုႀကီးလာတဲ့ ဒီဖုန္းဟာ 4G ဖုန္းျဖစ္လို႔Google Maps ၊ Google Assistant လို Googl apps မ်ားအျပင္ Facebook နဲ႔Twitter လိုမ်ိဳး social apps မ်ိဳးစုံပါ သုံးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ကင္မရာအေနနဲ႔ေက်ာဘက္မွာ 2MP ကင္မရာ သုံးထားၿပီး Nokia 3310 ဖုန္းသစ္လိုမ်ိဳး Snake ဂိမ္းသစ္ကို ေဆာ့ႏိုင္မွာပါ။ Snapdragon 205 processor ၊ RAM 512MB နဲ႔အတူ onboard storage 4GB ပါရွိၿပီး microSD card ကေန 64GB အထိ ထပ္တိုးႏိုင္မွာ ျဖစ္လို႔ကီးပတ္တစ္လုံးအေနနဲ႔ ျပည့္စုံပါတယ္လို႔ဆိုရမွာျဖစ္ပါတယ္။

အၾကမ္းခံဒီဇိုင္းပိုင္းနဲ႔ဖြဲ႕စည္းထားၿပီး အားခံတဲ့ 1500 mAh ဘက္ထရီေၾကာင့္ တစ္ခါအားသြင္းလိုက္တာနဲ႔ရက္ ၂၀ ေတာ့ standby ထားလို႔ရမွာပါ။

အနက္ ၊ အဝါ ႏွစ္ေရာင္နဲ႔ပဲ လာတဲ့ ဒီဖုန္းကို ျပင္သစ္ ၊ အီတလီ ၊ စပိန္ နဲ႔ဂ်ာမဏီအျပင္ ဥေရာပတစ္ခြင္မွာပါ pre-order မွာႏိုင္ၿပီလို႔ဆိုပါတယ္။ စကာပၤူမွာေတာ့ ဒီဖုန္းကို စကာပၤူ ေဒၚလာ ၉၈ ေဒၚလာ ျဖစ္လို႔ျမန္မာေငြ ၉ ေသာင္း ၈ ေထာင္ေက်ာ္ က်သင့္မွာပါ။

Source:duwun

  • (Unicode)

ခေတ်ဟောင်း မော်ဒယ် Nokia 8810 ကို HMD ဟာ 4G ဗားရှင်းအဖြစ် ဒီနှစ် ဖေဖော်ဝါရီလထဲမှာ တကျော့ပြန်မိတ်ဆက်ခဲ့ပါတယ်။ တစ်ခေတ်တစ်ခါက banana phone လို့လူသိများတဲ့ ဒီ slider phone ဟာ အခုဆို စကာင်္ပူဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။

Alibaba Group လက်အောက်က Lazada အွန်လိုင်းရှော့ပင်စတိုးမှာ ရောင်းချနေတဲ့ Nokia 8810 4G ဟာ မျက်နှာပြင် ၂.၄ လက်မ QVGA display နဲ့လာပြီး ၁၉၉၆ မော်ဒယ်ဒီဇိုင်းကို နည်းနည်း ပြင်လိုက်တာပါ။ မျက်နှာပြင်အရွယ်အစား ပိုကြီးလာတဲ့ ဒီဖုန်းဟာ 4G ဖုန်းဖြစ်လို့Google Maps ၊ Google Assistant လို Googl apps များအပြင် Facebook နဲ့Twitter လိုမျိုး social apps မျိုးစုံပါ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။

ကင်မရာအနေနဲ့ကျောဘက်မှာ 2MP ကင်မရာ သုံးထားပြီး Nokia 3310 ဖုန်းသစ်လိုမျိုး Snake ဂိမ်းသစ်ကို ဆော့နိုင်မှာပါ။ Snapdragon 205 processor ၊ RAM 512MB နဲ့အတူ onboard storage 4GB ပါရှိပြီး microSD card ကနေ 64GB အထိ ထပ်တိုးနိုင်မှာ ဖြစ်လို့ကီးပတ်တစ်လုံးအနေနဲ့ ပြည့်စုံပါတယ်လို့ဆိုရမှာဖြစ်ပါတယ်။

အကြမ်းခံဒီဇိုင်းပိုင်းနဲ့ဖွဲ့စည်းထားပြီး အားခံတဲ့ 1500 mAh ဘက်ထရီကြောင့် တစ်ခါအားသွင်းလိုက်တာနဲ့ရက် ၂၀ တော့ standby ထားလို့ရမှာပါ။

အနက် ၊ အဝါ နှစ်ရောင်နဲ့ပဲ လာတဲ့ ဒီဖုန်းကို ပြင်သစ် ၊ အီတလီ ၊ စပိန် နဲ့ဂျာမဏီအပြင် ဥရောပတစ်ခွင်မှာပါ pre-order မှာနိုင်ပြီလို့ဆိုပါတယ်။ စကာင်္ပူမှာတော့ ဒီဖုန်းကို စကာင်္ပူ ဒေါ်လာ ၉၈ ဒေါ်လာ ဖြစ်လို့မြန်မာငွေ ၉ သောင်း ၈ ထောင်ကျော် ကျသင့်မှာပါ။

Source:duwun

About the author

ShweLight

Leave a Comment