Shwe News

ပရိသတ္ေတြနားေထာင္ျပီး မ်က္ရည္က်ခဲ့ရတဲ့ ေနတိုး သီဆိုထားတဲ့ သီခ်င္း

* ဗီဒီယိုကိုေအာက္ဆံုးမွာတြဲတင္ေပးထားပါတယ္

နာမည္ေက်ာ္ အကယ္ဒမီဆုရွင္ေနတိုးရဲ႕ ညီျဖစ္သူကေတာ့ မေန႔ညကပဲ မိသားစုနဲ႔ ပရိသတ္ၾကီးကို ထာဝရႏွုတ္ဆက္သြားခဲ့တာျဖစ္ပါတယ္။ လူတိုင္းသြားရမယ့္လမ္းမွန္ေပမယ့္ ထြက္ခြာသြားတာ အရမ္းေစာလြန္းလို႔ ပရိသတ္ေတြနဲ႔မိသားစုေတြ ယူၾကံဳးမရ ဝမ္းနည္းေနခဲ့ၾကတာပါ။ အကိုၾကီး အဖရာဆုိသလို ညီျဖစ္သူ မင္းေသြးအေပၚ အရမ္းခ်စ္တဲ့ ေနတိုးအေနနဲ႔ ဘယ္ေလာက္ေတာင္ခံစားေနရမလဲဆိုတာ ေတြးၾကည့္စရာေတာင္မလိုပါဘူး။

မေန႔ညက ေဘာလံုးကန္ရင္းနဲ႔ ရုတ္တရက္အေမာေဖာက္သြားတဲ့ မင္းေသြးတစ္ေယာက္ဟာ ေဆးရံုအေရာက္မွာေတာ့ အသက္ကယ္ေဆး၊ စက္ေတြနဲ႔သာ အသက္ေငြ႕ေငြ႕ေလးက်န္ခဲ့ပါေတာ့တယ္။ ရုတ္တရက္ဆိုသလို မင္းေသြးရဲ႕ ထြက္ခြာသြားျခငး္ေနာက္မွာေတာ့ အႏုပညာရွင္ေတြရဲ႕ ဝမ္းနည္းမွုေတြကို အမ်ားၾကီးေတြ႔ခဲ့ရတဲ့အျပင္ ယေန႔ မင္းေသြးရဲ႕ နာေရးမွာလည္းအႏုပညာရွင္ေတြ တဖြဲဖြဲဆိုသလို လာေရာက္နွစ္သိမ့္ခဲ့ၾကပါတယ္။

အကိုျဖစ္သူ ေနတိုးကေတာ့ ထြက္ခြာသြားတဲ့ ညီေလးအတြက္ ဝမ္းနည္းမွုေတြကို ဖံုးအုပ္ျပီး နာေရးကိစၥေတြကို ဦးစီးေဆာင္ရြက္ေနတာေတြ႔ရပါတယ္။ ညီကို အရမ္းခ်စ္တဲ့ အကိုတစ္ေယာက္အတြက္ ပူေဆြးမွုၾကားထဲက ေဝယ်ာဝစၥေတြကို လုပ္ကိုင္ေနရေပမယ့္ ပူေဆြးေနတဲ့မ်က္ႏွာနဲ႔ ေနတိုးကို ေတြ႔ျမင္ေနရပါတယ္။ သူတုိ႔ ညီအကိုႏွစ္ေယာက္ဟာ ရုပ္ရွင္၊ ဗီဒီယိုဇာတ္ကားေတြကို အတူတူရိုက္ခဲ့ၾကသူေတြပါ။ သီခ်င္းအဆိုပညာရပ္မွာလည္း နွစ္ေယာက္လံုး ထူးခြ်န္သူေတြျဖစ္ၾကပါတယ္။

ယေန႔မွာေတာ့ အကိုျဖစ္သူ ေနတုိးသီဆိုထားတဲ့ သီခ်င္းေလးဟာ ပရိသတ္ေတြအတြက္ ဝမ္းနည္းပူေဆြးေစခဲ့ပါတယ္။ ညီေလးတစ္ေယာက္ရဲ႕ အေၾကာင္းကို ဖြဲ႕ႏြဲ႕ျပီးသီဆုိထားတဲ့သီခ်င္းေလးမို႔ ထာဝရႏွုတ္ဆက္သြားခဲ့တဲ့ ညီျဖစ္သူအတြက္ ေနတိုးဘယ္ေလာက္ေတာင္ ခံစားေနရမလဲဆိုျပီး ပရိသတ္ေတြက ဝမ္းနည္းေနခဲ့ၾကတာျဖစ္ပါတယ္။ ဒီသီခ်င္းေလးကို ပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။ ဒီသီခ်င္းေလးဟာ လေရာင္ျဖာတဲ့အင္းေလးမွာ ရုပ္ရွင္ဇာတ္ဝင္ေတးျဖစ္ျပီး ေနတိုးကိုယ္တိုင္သီဆိုထားတာျဖစ္ပါတယ္။We Love Cele

 

  • Unicode

နာမည်ကျော် အကယ်ဒမီဆုရှင်နေတိုးရဲ့ ညီဖြစ်သူကတော့ မနေ့ညကပဲ မိသားစုနဲ့ ပရိသတ်ကြီးကို ထာဝရနှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။ လူတိုင်းသွားရမယ့်လမ်းမှန်ပေမယ့် ထွက်ခွာသွားတာ အရမ်းစောလွန်းလို့ ပရိသတ်တွေနဲ့မိသားစုတွေ ယူကြုံးမရ ဝမ်းနည်းနေခဲ့ကြတာပါ။ အကိုကြီး အဖရာဆိုသလို ညီဖြစ်သူ မင်းသွေးအပေါ် အရမ်းချစ်တဲ့ နေတိုးအနေနဲ့ ဘယ်လောက်တောင်ခံစားနေရမလဲဆိုတာ တွေးကြည့်စရာတောင်မလိုပါဘူး။

မနေ့ညက ဘောလုံးကန်ရင်းနဲ့ ရုတ်တရက်အမောဖောက်သွားတဲ့ မင်းသွေးတစ်ယောက်ဟာ ဆေးရုံအရောက်မှာတော့ အသက်ကယ်ဆေး၊ စက်တွေနဲ့သာ အသက်ငွေ့ငွေ့လေးကျန်ခဲ့ပါတော့တယ်။ ရုတ်တရက်ဆိုသလို မင်းသွေးရဲ့ ထွက်ခွာသွားခြင်းနောက်မှာတော့ အနုပညာရှင်တွေရဲ့ ဝမ်းနည်းမှုတွေကို အများကြီးတွေ့ခဲ့ရတဲ့အပြင် ယနေ့ မင်းသွေးရဲ့ နာရေးမှာလည်းအနုပညာရှင်တွေ တဖွဲဖွဲဆိုသလို လာရောက်နှစ်သိမ့်ခဲ့ကြပါတယ်။

အကိုဖြစ်သူ နေတိုးကတော့ ထွက်ခွာသွားတဲ့ ညီလေးအတွက် ဝမ်းနည်းမှုတွေကို ဖုံးအုပ်ပြီး နာရေးကိစ္စတွေကို ဦးစီးဆောင်ရွက်နေတာတွေ့ရပါတယ်။ ညီကို အရမ်းချစ်တဲ့ အကိုတစ်ယောက်အတွက် ပူဆွေးမှုကြားထဲက ဝေယျာဝစ္စတွေကို လုပ်ကိုင်နေရပေမယ့် ပူဆွေးနေတဲ့မျက်နှာနဲ့ နေတိုးကို တွေ့မြင်နေရပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေကို အတူတူရိုက်ခဲ့ကြသူတွေပါ။ သီချင်းအဆိုပညာရပ်မှာလည်း နှစ်ယောက်လုံး ထူးချွန်သူတွေဖြစ်ကြပါတယ်။

ယနေ့မှာတော့ အကိုဖြစ်သူ နေတိုးသီဆိုထားတဲ့ သီချင်းလေးဟာ ပရိသတ်တွေအတွက် ဝမ်းနည်းပူဆွေးစေခဲ့ပါတယ်။ ညီလေးတစ်ယောက်ရဲ့ အကြောင်းကို ဖွဲ့နွဲ့ပြီးသီဆိုထားတဲ့သီချင်းလေးမို့ ထာဝရနှုတ်ဆက်သွားခဲ့တဲ့ ညီဖြစ်သူအတွက် နေတိုးဘယ်လောက်တောင် ခံစားနေရမလဲဆိုပြီး ပရိသတ်တွေက ဝမ်းနည်းနေခဲ့ကြတာဖြစ်ပါတယ်။ ဒီသီချင်းလေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီသီချင်းလေးဟာ လရောင်ဖြာတဲ့အင်းလေးမှာ ရုပ်ရှင်ဇာတ်ဝင်တေးဖြစ်ပြီး နေတိုးကိုယ်တိုင်သီဆိုထားတာဖြစ်ပါတယ်။We Love Cele

About the author

Shwe News

Leave a Comment