Shwe News

မိသားစုဝင္ ငါးဦးသာေနထိုင္ေသာ ကမာၻ ့အႀကီးဆုံးႏွင့္ ေဈးအႀကီးဆုံးေနအိမ္

အိႏၵိယႏိုင္ငံ မြမ္ဘိုင္းၿမိဳ႕ေတာင္ပိုင္း မွေနအိမ္သည္ လူငါးဦးသာေနထိုင္ေသာ္ လည္း ရဟတ္ယာဥ္ဆင္းကြင္းသုံးခု၊ ျပ ဇာတ္႐ုံတစ္ခု၊ ေရကူးကန္ေပါင္းမ်ားစြာႏွင့္ အ မႈထမ္း ၆၀၀ ခန္႔ရွိကာ ကမၻာေပၚတြင္ အႀကီးဆုံးႏွင့္ေဈးအႀကီးဆုံးေနအိမ္ျဖစ္လာခဲ့သည္ဟု သိရသည္။

ေဒၚလာ ၁ ဒသမ ၃ ဘီလ်ံအကုန္ အက်ခံတည္ေဆာက္ထားသည့္ ၂၇ ထပ္ ေနအိမ္တြင္ အိႏၵိယႏိုင္ငံ၏ အခ်မ္းသာ ဆုံး ဘီလ်ံနာသူေဌးမူကာ့ရွ္အမ္ဘာနီ၊ ဇနီးနီတာႏွင့္သားသမီးသုံးဦးတို႔ေနထိုင္သည္။ အ သက္ ၆၁ ႏွစ္အ႐ြယ္အမ္ဘာနီသည္ အိႏၵိယ၏ တန္ဖိုးအႀကီးဆုံးကုမၸဏီမ်ား ထဲမွတစ္ခုျဖစ္သည့္ ေရနံႏွင့္သဘာ၀ ဓာတ္ေငြ႕ကုမၸဏီ Reliance ကို ဦးစီး ဦးေဆာင္ေနေသာ စီးပြားေရးလုပ္ငန္း ရွင္ႀကီးျဖစ္သည္။

ေပ ၅၇၀ ျမင့္မားၿပီး စတုရန္းေပ ၄၀၀၀၀၀ က်ယ္ဝန္းေသာ ၂၇ ထပ္တိုက္ေနအိမ္ကို မြမ္ဘိုင္းၿမိဳ႕ တြင္ ခမ္းနားထည္ဝါစြာ ျမင္ေတြ႕ႏိုင္သည္။ေဖာ့ဘ္မဂၢဇင္း၏ အဆိုအရ အမ္ဘာနီ သည္ ၂၀၁၇ ခုႏွစ္တြင္ အိႏၵိယ၏ အခ်မ္း သာဆုံးပုဂၢိဳလ္မ်ားစာရင္း၌ ထိပ္ဆုံးမွရပ္ တည္ႏိုင္ခဲ့ၿပီး ၎၏ပိုင္ဆိုင္မႈမွာ ေဒၚ လာ ၄၅ ဘီလ်ံခန္႔ရွိခဲ့သည္။

အမ္ဘာနီ၏ ၂၇ ထပ္ေနအိမ္ႀကီးကို ဒ႑ာရီလာကၽြန္း တစ္ခုကိုအစြဲျပဳကာ Antilia ဟု အ မည္ေပးထားသည္။ Antilia အိမ္ႀကီးတြင္ ဧရာမခန္းမႀကီးတစ္ခုလည္းပါရွိၿပီး ခန္း မ၏မ်က္ႏွာၾကက္ ၈၀ ရာခိုင္ႏႈန္းကို မီး ဆိုင္းမ်ားကဖုံးလႊမ္းထားသည္ဟု သိရ သည္။
(AP,29.9.18) ေအးယုႏိုင္

  • Unicode

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တောင်ပိုင်း မှနေအိမ်သည် လူငါးဦးသာနေထိုင်သော် လည်း ရဟတ်ယာဉ်ဆင်းကွင်းသုံးခု၊ ပြ ဇာတ်ရုံတစ်ခု၊ ရေကူးကန်ပေါင်းများစွာနှင့် အ မှုထမ်း ၆၀၀ ခန့်ရှိကာ ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့်ဈေးအကြီးဆုံးနေအိမ်ဖြစ်လာခဲ့သည်ဟု သိရသည်။

ဒေါ်လာ ၁ ဒသမ ၃ ဘီလျံအကုန် အကျခံတည်ဆောက်ထားသည့် ၂၇ ထပ် နေအိမ်တွင် အိန္ဒိယနိုင်ငံ၏ အချမ်းသာ ဆုံး ဘီလျံနာသူဌေးမူကာ့ရှ်အမ်ဘာနီ၊ ဇနီးနီတာနှင့်သားသမီးသုံးဦးတို့နေထိုင်သည်။ အ သက် ၆၁ နှစ်အရွယ်အမ်ဘာနီသည် အိန္ဒိယ၏ တန်ဖိုးအကြီးဆုံးကုမ္ပဏီများ ထဲမှတစ်ခုဖြစ်သည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကုမ္ပဏီ Reliance ကို ဦးစီး ဦးဆောင်နေသော စီးပွားရေးလုပ်ငန်း ရှင်ကြီးဖြစ်သည်။

ပေ ၅၇၀ မြင့်မားပြီး စတုရန်းပေ ၄၀၀၀၀၀ ကျယ်ဝန်းသော ၂၇ ထပ်တိုက်နေအိမ်ကို မွမ်ဘိုင်းမြို့ တွင် ခမ်းနားထည်ဝါစွာ မြင်တွေ့နိုင်သည်။ဖော့ဘ်မဂ္ဂဇင်း၏ အဆိုအရ အမ်ဘာနီ သည် ၂၀၁၇ ခုနှစ်တွင် အိန္ဒိယ၏ အချမ်း သာဆုံးပုဂ္ဂိုလ်များစာရင်း၌ ထိပ်ဆုံးမှရပ် တည်နိုင်ခဲ့ပြီး ၎င်း၏ပိုင်ဆိုင်မှုမှာ ဒေါ် လာ ၄၅ ဘီလျံခန့်ရှိခဲ့သည်။

အမ်ဘာနီ၏ ၂၇ ထပ်နေအိမ်ကြီးကို ဒဏ္ဍာရီလာကျွန်း တစ်ခုကိုအစွဲပြုကာ Antilia ဟု အ မည်ပေးထားသည်။ Antilia အိမ်ကြီးတွင် ဧရာမခန်းမကြီးတစ်ခုလည်းပါရှိပြီး ခန်း မ၏မျက်နှာကြက် ၈၀ ရာခိုင်နှုန်းကို မီး ဆိုင်းများကဖုံးလွှမ်းထားသည်ဟု သိရ သည်။
(AP,29.9.18) အေးယုနိုင်

About the author

ilove

Leave a Comment