Shwe News

အင္ဒိုနီးရွား ငလ်င္နဲ႔ ဆူနာမီေဘးမွာ အရွင္လတ္လတ္ ေျမျမဳပ္ခံရသူေပါင္း တစ္သိန္းခြဲေက်ာ္အထိ ရွိေနဆဲျဖစ္

ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၈ ရက္က အင္ဒိုနီးရွားႏုိင္ငံ ဆူလာေ၀စီကၽြန္းမွာ ျဖစ္ပြားခဲ့တဲ့ ျပင္းအား ၇ ဒႆမ ၅ အဆင့္ ငလ်င္လႈပ္ၿပီး ဆူနာမီျဖစ္ေပၚခဲ့တဲ့ ေဘးအတြင္းမွာ ကမ္းေျခပါလူၿမိဳ႕အႏွံ႔ အရွင္လတ္လတ္ ေျမႀကီးေအာက္ေရာက္ ျမဳပ္ႏွံခံရသူေပါင္း ၁၅၂၀၀၀ ရွိေနဆဲျဖစ္တယ္လုိ႔ ခန္႔မွန္းထားပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ႏုိင္ငံျခားေရး၀န္ႀကီးဌာန သတင္းႏွင့္ မီဒီယာျပန္ၾကားေရး ညႊန္ၾကားေရးမွဴး အက္မတ္ရာမာဒန္ကလည္း ဒီသဘာ၀ေဘးအတြင္း အိမ္ေျခေပါင္း ၆၅၇၃၃ လုံး ပ်က္စီးေၾကာင္း အတည္ျပဳဆိုပါတယ္။

“ခုထိေတာ့ ႐ုပ္အေလာင္းေပါင္း ၁၅၅၈ ေလာင္းအထိ တူးေဖာ္ေတြ႔ရွိပါတယ္။ ဒီေသဆုံးအေလာင္းေတြဟာ အမ်ားအားျဖင့္ အရွင္လတ္လတ္ ေျမျမဳပ္ခံရတဲ့ အေလာင္းေတြပဲ ျဖစ္ပါတယ္္။”လုိ႔ ၎က ေျပာပါတယ္။

“ဒဏ္ရာရသူေပါင္းလည္း ၂၅၄၉ ဦးရွိၿပီး တစ္ခ်ဳိ႕ကို အျခားခ႐ုိင္ေတြက ေဆး႐ုံေတြဆီထိပါ ကုသမႈအတြက္ ပို႔ေဆာင္တင္ပို႔ထားရပါတယ္။”လို႔ အက္မတ္ရာမာဒန္က ေျပာပါတယ္။

ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရးလုပ္ငန္းေတြဟာ ေရဖုံးေျမလႊာရယ္၊ မိသားစုေတြရဲ႕ ႐ုပ္အေလာင္းေတြကို မပ်က္မစီးေစဘဲ တူးေဖာ္ေစခ်င္တဲ့ ဆႏၵေတြရယ္ေၾကာင့္ ၾကာျမင့္မႈ ျဖစ္ေစပါတယ္။

အင္ဒိုနီးရွားရဲ႕ အခု ငလ်င္နဲ႔ ဆူနာမီေဘးမွာ လူႏွစ္သိန္းနီးပါး အေရးေပၚအကူအညီေတြ လိုအပ္ေနေၾကာင္း၊ ထိုအထဲကမွ ကေလးငယ္ေထာင္ေပါင္းမ်ားစြာလည္း ပါ၀င္ေနေၾကာင္း ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားေရး႐ုံးက ေျပာထားပါတယ္။

ႏိုင္ငံ ၂၆ ႏိုင္ငံနဲ႔ ႏိုင္ငံတကာအဖြဲ႔အစည္း ႏွစ္ရပ္တို႔က လာေရာက္အကူအညီေတြ ေပးေနေၾကာင္း အမ်ဳိးသားသဘာ၀ေဘးေအဂ်င္စီမွ ေျပာခြင့္ရသူဆူတိုပိုက ေျပာေပမယ့္ ေျမျပင္မွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ၊ ေဆး၀ါးအကူအညီေတြ လုပ္ေဆာင္ေပးေနတဲ့ NGOs ေတြနဲ႔ ပတ္သက္ၿပီးေတာ့ အေသးစိတ္ ေျပာဆိုျခင္း မရွိပါဘူး။

Rf; Bernama
Credit – ေမာင္သံဆင့္ ( Daily Hot News )

  • Unicode

အင်ဒိုနီးရှား ငလျင်နဲ့ ဆူနာမီဘေးမှာ အရှင်လတ်လတ် မြေမြုပ်ခံရသူပေါင်း တစ်သိန်းခွဲကျော်အထိ ရှိနေဆဲဖြစ်

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းအား ရ ဒဿမ ၅ အဆင့် ငလျင်လှုပ်ပြီး ဆူနာမီဖြစ်ပေါ်ခဲ့တဲ့ ဘေးအတွင်းမှာ ကမ်းခြေပါလူမြို့အနှံ့ အရှင်လတ်လတ် မြေကြီးအောက်ရောက် မြုပ်နှံခံရသူပေါင်း ၁၅၂၀၀၀ ရှိနေဆဲဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

တစ်ချိန်တည်းမှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းနှင့် မီဒီယာပြန်ကြားရေး ညွှန်ကြားရေးမှူး အက်မတ်ရာမာဒန်ကလည်း ဒီသဘာဝဘေးအတွင်း အိမ်ခြေပေါင်း ၆၅၇၃၃ လုံး ပျက်စီးကြောင်း အတည်ပြုဆိုပါတယ်။

“ခုထိတော့ ရုပ်အလောင်းပေါင်း ၁၅၅၈ လောင်းအထိ တူးဖော်တွေ့ရှိပါတယ်။ ဒီသေဆုံးအလောင်းတွေဟာ အများအားဖြင့် အရှင်လတ်လတ် မြေမြုပ်ခံရတဲ့ အလောင်းတွေပဲ ဖြစ်ပါတယ််။”လို့ ၎င်းက ပြောပါတယ်။

“ဒဏ်ရာရသူပေါင်းလည်း ၂၅၄၉ ဦးရှိပြီး တစ်ချို့ကို အခြားခရိုင်တွေက ဆေးရုံတွေဆီထိပါ ကုသမှုအတွက် ပို့ဆောင်တင်ပို့ထားရပါတယ်။”လို့ အက်မတ်ရာမာဒန်က ပြောပါတယ်။
ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ရေဖုံးမြေလွှာရယ်၊ မိသားစုတွေရဲ့ ရုပ်အလောင်းတွေကို မပျက်မစီးစေဘဲ တူးဖော်စေချင်တဲ့ ဆန္ဒတွေရယ်ကြောင့် ကြာမြင့်မှု ဖြစ်စေပါတယ်။
အင်ဒိုနီးရှားရဲ့ အခု ငလျင်နဲ့ ဆူနာမီဘေးမှာ လူနှစ်သိန်းနီးပါး အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း၊ ထိုအထဲကမှ ကလေးငယ်ထောင်ပေါင်းများစွာလည်း ပါ၀င်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးရုံးက ပြောထားပါတယ်။

နိုင်ငံ ၂၆ နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်း နှစ်ရပ်တို့က လာရောက်အကူအညီတွေ ပေးနေကြောင်း အမျိုးသားသဘာဝဘေးအေဂျင်စီမှ ပြောခွင့်ရသူဆူတိုပိုက ပြောပေမယ့် မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ဆေးဝါးအကူအညီတွေ လုပ်ဆောင်ပေးနေတဲ့ NGOs တွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ပြောဆိုခြင်း မရှိပါဘူး။

Rf; Bernama
_မောင်သံဆင့် ( Daily Hot News )

About the author

Shwe News

Leave a Comment