COMPUTER TECH NEWS Uncategorized

အိႏၵိယႏုိင္ငံရဲ႕ ဘူတာရုံေတြမွာ ျမန္ႏႈန္းျမင့္ Wi-Fi ေတြကို အခမဲ့ အသုံးျပဳႏုိင္ၿပီ။

Google India အေနနဲ႔ ဒီေန႔မွာေတာ့ အိႏၵိယႏုိင္ငံရဲ႕ ဘူတာရုံ၄၀၀ မွာ အခမဲ့ Wi-Fi အသုံးျပဳႏုိင္ၿပီ ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အိႏၵိယႏုိင္ငံအေနနဲ႔ ဘူတာရုံေတြမွာ ျမန္ႏႈန္းျမင့္ ဝိုင္ဖိုင္လိုင္းကို အခမဲ့ အသုံးျပဳႏုိင္ဖုိ႔ ျပင္ဆင္ခဲ့တာ ၂၀၁၅ခုႏွစ္ထဲက ျဖစ္ပါတယ္။ Google အေနနဲ႔ ဒီပေရာဂ်က္ကို ၂၀၁၅ ခုႏွစ္ထဲက စတင္ခဲ့ၿပီး CEO Sundar Pichai နဲ႔မိုဒီတို႔ ပူးေပါင္းၿပီး အိႏၵိယႏိုင္ငံသားေတြအတြက္ေကာင္းမြန္တဲ့ ဝိုင္ဖိုင္ကြန္ရက္တစ္ခုကို ေထာက္ပံ့ေပးေတာ့မွာ ျဖစ္ေၾကာင္း ေၾကျငာခဲ့တာပါ။

၂၀၁၆ခုႏွစ္ ဇန္နဝါရီမွာ မြမ္ဘိုင္းၿမိဳ႕ရဲ႕အခ်က္အခ်ာက်တဲ့ ဘူတာရုံမွာ စီမံကိန္းရဲ႕ ပထမအဆင့္ကို စတင္ႏုိင္ခဲ့ၿပီး ဒီေန႔ ဇြန္ ၇ရက္ေန႔မွာ ပေရာဂ်က္ၿပီးဆုံးသြားတာ ျဖစ္ပါတယ္။ နည္းပညာျမင့္ဘူတာရုံေတြ ျဖစ္ရမယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔စတင္အေကာင္အထည္ေဖာ္ခဲ့တာျဖစ္ၿပီး အဓိကအားျဖင့္ လူဦးေရမ်ားျပားတဲ့ ႏုိင္ငံရဲ႕မိုဘိုင္းဖုန္းအသုံးျပဳမႈ အဆင့္ကိုတိုးျမင့္ေပးလိုက္တယ္လို႔ ဆိုႏိုင္ပါတယ္။

၈သန္းေက်ာ္နီးပါးေလာက္ ရွိတဲ့လူေတြဟာ လစဥ္တိုင္းမွာ Google Station မွာဝင္ေရာက္ၿပီး အြန္လိုင္းအသုံးျပဳလ်က္ရွိေနပါတယ္။ လူတစ္ဦးျခင္းဆီရဲ႕ ဘူတာမွာရွိတဲ့အခ်ိန္ပ်မ္းမွ်အင္တာနက္ အသုံးျပဳမႈဟာ
350 MB နီးပါးရွိပါတယ္။

ဒါဟာ ရုပ္သံဇာတ္လမ္းတြဲအပိုင္းတစ္ခုကို နာရီဝက္ၾကည့္တာနဲ႔ ညီမွ်တဲ့ ေဒတာပမာဏနဲ႔ တူညီေနပါတယ္။ Google India အေနနဲ႔ အနာဂတ္မွာ Smart Cities ေတြတည္ေဆာက္သြားဖို႔ျပင္ဆင္လ်က္ရွိေနၿပီး ဒါဟာပထမဆုံးေျခလွမ္းလို႔ေတာင္ ဆိုႏိုင္ပါတယ္။ Google Station အေနနဲ႔ public Wi-fi ကြန္ရက္ေတြကို မက္ဆီကိုနဲ႔ အင္ဒိုနီးရွားႏုိင္ငံေတြမွာလည္း အေကာင္အထည္ေဖာ္လ်က္ရွိေနပါတယ္။

Source: Mobile Guide Journal

  • (Unicode)

Google India အနေနဲ့ ဒီနေ့မှာတော့ အိန္ဒိယနိုင်ငံရဲ့ ဘူတာရုံ၄၀၀ မှာ အခမဲ့ Wi-Fi အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ဘူတာရုံတွေမှာ မြန်နှုန်းမြင့် ဝိုင်ဖိုင်လိုင်းကို အခမဲ့ အသုံးပြုနိုင်ဖို့ ပြင်ဆင်ခဲ့တာ ၂၀၁၅ခုနှစ်ထဲက ဖြစ်ပါတယ်။ Google အနေနဲ့ ဒီပရောဂျက်ကို ၂၀၁၅ ခုနှစ်ထဲက စတင်ခဲ့ပြီး CEO Sundar Pichai နဲ့မိုဒီတို့ ပူးပေါင်းပြီး အိန္ဒိယနိုင်ငံသားတွေအတွက်ကောင်းမွန်တဲ့ ဝိုင်ဖိုင်ကွန်ရက်တစ်ခုကို ထောက်ပံ့ပေးတော့မှာ ဖြစ်ကြောင်း ကြေငြာခဲ့တာပါ။

၂၀၁၆ခုနှစ် ဇန်နဝါရီမှာ မွမ်ဘိုင်းမြို့ရဲ့အချက်အချာကျတဲ့ ဘူတာရုံမှာ စီမံကိန်းရဲ့ ပထမအဆင့်ကို စတင်နိုင်ခဲ့ပြီး ဒီနေ့ ဇွန် ၇ရက်နေ့မှာ ပရောဂျက်ပြီးဆုံးသွားတာ ဖြစ်ပါတယ်။ နည်းပညာမြင့်ဘူတာရုံတွေ ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အဓိကအားဖြင့် လူဦးရေများပြားတဲ့ နိုင်ငံရဲ့မိုဘိုင်းဖုန်းအသုံးပြုမှု အဆင့်ကိုတိုးမြင့်ပေးလိုက်တယ်လို့ ဆိုနိုင်ပါတယ်။

၈သန်းကျော်နီးပါးလောက် ရှိတဲ့လူတွေဟာ လစဉ်တိုင်းမှာ Google Station မှာဝင်ရောက်ပြီး အွန်လိုင်းအသုံးပြုလျက်ရှိနေပါတယ်။ လူတစ်ဦးခြင်းဆီရဲ့ ဘူတာမှာရှိတဲ့အချိန်ပျမ်းမျှအင်တာနက် အသုံးပြုမှုဟာ
350 MB နီးပါးရှိပါတယ်။

ဒါဟာ ရုပ်သံဇာတ်လမ်းတွဲအပိုင်းတစ်ခုကို နာရီဝက်ကြည့်တာနဲ့ ညီမျှတဲ့ ဒေတာပမာဏနဲ့ တူညီနေပါတယ်။ Google India အနေနဲ့ အနာဂတ်မှာ Smart Cities တွေတည်ဆောက်သွားဖို့ပြင်ဆင်လျက်ရှိနေပြီး ဒါဟာပထမဆုံးခြေလှမ်းလို့တောင် ဆိုနိုင်ပါတယ်။ Google Station အနေနဲ့ public Wi-fi ကွန်ရက်တွေကို မက်ဆီကိုနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း အကောင်အထည်ဖော်လျက်ရှိနေပါတယ်။

Source: Mobile Guide Journal

About the author

ShweLight

Leave a Comment