FACEBOOK LOCAL NEWS TECH NEWS

Facebook အေကာင့္ေတြပိတ္တာမွာ တစ္ဦးတစ္ေယာက္ရည္ရြယ္ၿပီး လုပ္တာမဟုတ္ဘူးလို႔ ေဖ့စ္ဘြတ္တာဝန္ရွိသူေျပာ

ျမန္မာႏိုင္ငံက ထင္ရွားသူ အခ်ိဳ႕ရဲ႕ ေဖ့စ္ဘြတ္ခ္ အေကာင့္ေတြနဲ႔ Page ေတြကို ပိတ္သိမ္းလိုက္တာဟာ ေဖ့စ္ဘြတ္ခ္ရဲ႕ Community Standard သတ္မွတ္ခ်က္ေတြနဲ႔ မကိုက္ညီလို႔သာျဖစ္တယ္လို႔ ေဖ့စ္ဘြတ္ခ္တာဝန္ရွိသူေတြက ေျပာၾကားလိုက္ပါတယ္။

ျမန္မာျပည္ကို ေရာက္ရွိေနတဲ့ ေဖ့စ္ဘြတ္ခ္ တာဝန္ရွိသူေတြက ဒီကေန႔ ဇြန္ ၈ ရက္မွာ ျပဳလုပ္တဲ့ မီဒီယာေတြနဲ႕ ေတြ႕ဆုံပြဲမွာ ေျပာၾကားလိုက္ပါတယ္။

အခုႏွစ္ဆန္းပိုင္းကစတင္ၿပီး ေဖ့စ္ဘြတ္ခ္ဟာ ျမန္မာႏိုင္ငံမွ ထင္ရွားသူအခ်ိဳ႕ရဲ႕အေကာင့္ေတြနဲ႔ သတင္းမွားေတြ ျဖန္႔ေဝေန တဲ့ ေဖ့ဘြတ္ခ္ Page ေတြ အေကာင့္ေတြကို စတင္ပိတ္သိမ္းေနတာျဖစ္ပါတယ္။

လူပုဂၢိဳလ္တစ္ဦး တစ္ေယာက္အေပၚရည္ရြယ္ၿပီး အေကာင့္ေတြ ပိတ္တာမဟုတ္ဘဲ တစ္ကမာၻလံုးမွာ ေဖ့စ္ဘြတ္ခ္ အသံုးျပဳေနသူအားလံုးကို သတ္မွတ္ထားတဲ့ Community Standard သတ္မွတ္ခ်က္ေတြနဲ႔ မကိုက္ညီလို႔ အေကာင့္ေတြကို ပိတ္သိမ္းရျခင္းျဖစ္တယ္လို႔ Facebook မွ အာရွပစိဖိတ္ Regional Policy Coordinator မစၥ Mia Garlick ကေျပာပါတယ္။

“တစ္ကမာၻလံုးနဲ ့အတူတူ ျမန္မာနိုင္ငံရဲ့ အသံကို က်ြန္မတို ့ကတူတူနားေထာင္ၾကတာပါ Community Standard သတ္မွတ္ခ်က္ ေတြထဲက အမုန္းစကားျဖန္ ့တာပဲျဖစ္ျဖစ္ ၊ အနိုင္က်င့္ေစာ္ကားတာပဲ ျဖစ္ျဖစ္ ဒီလို မ်ိဴး အေၾကာင္းအရာေတြကို ေတြ ့တာနဲ ့ က်ြန္မတို ့ကခ်က္ခ်င္းဖယ္ရွားပစ္တာပါ “ လို႔ မစၥ Mia Garlick ကေျပာပါတယ္။

ေဖ့ဘြတ္ခ္သံုးစြဲသူ အေရအတြက္မွာ လက္ရွိ ၁၈သန္းေက်ာ္ရွိတာေၾကာင့္ အေရအတြက္ အားျဖင့္ အျခား ႏိုင္ငံေတြနဲ႔ နွိုင္းယွဥ္ရင္ အလြန္မ်ားျပားတာေၾကာင့္ သတိျပဳေစာင့္ၾကည့္မွဳေတြကို ျပဳလုပ္သြားမယ္လို႔ ဆိုပါတယ္။

ျမန္မာအစိုးရနွင့္ပူးေပါင္းၿပီး ေဖ့စ္ဘြတ္ခ္ အသံုးျပဳမွဳမွန္ကန္ေစေရးကမ္ပိန္းေတြ၊ ပညာေပးအစီအစဥ္ေတြ စတင္ လုပ္ေဆာင္သြားမယ္လို႔ ၄င္းက ဆိုပါတယ္။

ျမန္မာႏိုင္ငံသို ့ ေဖ့စ္ဘြတ္ခ္ မွ အာရွပစိဖိတ္ေဒသရဲ႕ ဒုတိယဥကၠဌ အပါအဝင္ အဖြဲ ဝင္မ်ားဟာ ဒီ တစ္ပတ္အတြင္းေရာက္ရွိခဲ့ေနၿပီး အစိုးရအပါအ၀င္ အရပ္ဖက္အဖြဲ ့အစည္းမ်ား မီဒီယာမ်ား နဲ႔ ဆက္တိုက္ေတြ႕ဆံုေဆြးေႏြးခဲ့ပါတယ္။

Ref: 7Day TV

  • (Unicode)

မြန်မာနိုင်ငံက ထင်ရှားသူ အချို့ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်တွေနဲ့ Page တွေကို ပိတ်သိမ်းလိုက်တာဟာ ဖေ့စ်ဘွတ်ခ်ရဲ့ Community Standard သတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့သာဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

မြန်မာပြည်ကို ရောက်ရှိနေတဲ့ ဖေ့စ်ဘွတ်ခ် တာဝန်ရှိသူတွေက ဒီကနေ့ ဇွန် ၈ ရက်မှာ ပြုလုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

အခုနှစ်ဆန်းပိုင်းကစတင်ပြီး ဖေ့စ်ဘွတ်ခ်ဟာ မြန်မာနိုင်ငံမှ ထင်ရှားသူအချို့ရဲ့အကောင့်တွေနဲ့ သတင်းမှားတွေ ဖြန့်ဝေနေ တဲ့ ဖေ့ဘွတ်ခ် Page တွေ အကောင့်တွေကို စတင်ပိတ်သိမ်းနေတာဖြစ်ပါတယ်။

လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အပေါ်ရည်ရွယ်ပြီး အကောင့်တွေ ပိတ်တာမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ဖေ့စ်ဘွတ်ခ် အသုံးပြုနေသူအားလုံးကို သတ်မှတ်ထားတဲ့ Community Standard သတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့ အကောင့်တွေကို ပိတ်သိမ်းရခြင်းဖြစ်တယ်လို့ Facebook မှ အာရှပစိဖိတ် Regional Policy Coordinator မစ္စ Mia Garlick ကပြောပါတယ်။

“တစ်ကမ္ဘာလုံးနဲ့အတူတူ မြန်မာနိုင်ငံရဲ့ အသံကို ကျွန်မတို့ကတူတူနားထောင်ကြတာပါ Community Standard သတ်မှတ်ချက် တွေထဲက အမုန်းစကားဖြန့်တာပဲဖြစ်ဖြစ် ၊ အနိုင်ကျင့်စော်ကားတာပဲ ဖြစ်ဖြစ် ဒီလို မျိူး အကြောင်းအရာတွေကို တွေ့တာနဲ့ ကျွန်မတို့ကချက်ချင်းဖယ်ရှားပစ်တာပါ “ လို့ မစ္စ Mia Garlick ကပြောပါတယ်။

ဖေ့ဘွတ်ခ်သုံးစွဲသူ အရေအတွက်မှာ လက်ရှိ ၁၈သန်းကျော်ရှိတာကြောင့် အရေအတွက် အားဖြင့် အခြား နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလွန်များပြားတာကြောင့် သတိပြုစောင့်ကြည့်မှုတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရနှင့်ပူးပေါင်းပြီး ဖေ့စ်ဘွတ်ခ် အသုံးပြုမှုမှန်ကန်စေရေးကမ်ပိန်းတွေ၊ ပညာပေးအစီအစဉ်တွေ စတင် လုပ်ဆောင်သွားမယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံသို့ ဖေ့စ်ဘွတ်ခ် မှ အာရှပစိဖိတ်ဒေသရဲ့ ဒုတိယဥက္ကဌ အပါအဝင် အဖွဲ ဝင်များဟာ ဒီ တစ်ပတ်အတွင်းရောက်ရှိခဲ့နေပြီး အစိုးရအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ မီဒီယာများ နဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Ref: 7Day TV

About the author

ShweLight

Leave a Comment