Shwe News

မမသီခ်င္းနဲ႔ ျဖိဳးျမတ္ေအာင္ရဲ႕ အိုက္တင္ကို ခြ်တ္စြပ္တူေအာင္ သရုပ္ေဆာင္ျပသြားတဲ့ ေက်ာင္းသားေလး 😱

အဆုိေတာ္ ျဖိဳးျမတ္ေအာင္ဟာ ျမန္မာအိုင္ေဒါ Season 3 ရဲ႕ဝင္းနားတစ္ဦးျဖစ္ျပီးေတာ့ လက္ရွိအခ်ိန္မွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမွုကို အျပည့္အဝရရွိပုိင္ဆိုင္ထားသူတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ ႏိုင္ငံေက်ာ္ ရုပ္ရွင္မင္းသမီးေတြနဲ႔ ေၾကာ္ျငာေတြ လက္ခံရိုက္ကူးေနျပီျဖစ္တဲ့ ျဖိဳးျမတ္ေအာင္ဟာ သရုပ္ေဆာင္ပိုင္းကိုလည္း ကြ်မ္းက်င္ပိုင္ႏိုင္စြာ သရုပ္ေဆာင္ႏိုင္တာကိုလည္းေတြ႔ရပါတယ္။

ဝင္းနားျဖစ္ရင္ ဘုရားထီးတင္မယ္ဆိုတဲ့ရည္မွန္းခ်က္ဟာလည္း လမ္းတစ္ဝက္ကိုေရာက္ရွိေနျပီျဖစ္ပါတယ္။ မၾကာခင္မွာထီးတင္ေတာ့မယ့္ ကိုးနဝင္းဘုရားအတြက္လည္း လွဴဒါန္းခ်င္သူေတြ အင္မတန္မွ မ်ားျပားလ်က္ရွိပါတယ္။ ျဖိဳးျမတ္ေအာင္ဟာျပိဳင္ပြဲဝင္စဥ္ကာလအတြင္းမွာလည္း ကေလး၊ လူၾကီး ၊ လူငယ္ပါမက်န္ အေရြးသံုးပါးမေရြးအားေပးတဲ့ ပရိသတ္ေတြကို ရရွိထားတာေတြ႔ရပါတယ္။

ျပိဳင္ပြဲကာလမွာ သူယွဥ္ျပိဳင္ခဲ့တဲ့သီခ်င္းေတြဟာလည္း ပရိသတ္ေတြရဲ႕ ရင္ထဲထိေရာက္ခဲ့တာမို႔ ဒိုင္ေတြအပါအဝင္ ပရိသတ္ေတြ ပိုမိုရရွိလာခဲ့တာျဖစ္ပါတယ္။ ျပိဳင္ပြဲတစ္ေလ်ွာက္သူသီဆိုခဲ့တဲ့ ခတၱာနဲ႔ မမကိုခ်စ္တယ္ သီခ်င္းတို႔ဟာ အမ်ားျပည္သူပရိသတ္ေတြၾကား ေရပန္းစားေနျပီး သူ႔အိုက္တင္၊ အသံေတြနဲ႔ သီဆိုၾကတဲ့ ဗီဒီယုိေလးေတြလည္း ထြက္လာပါေသးတယ္။ ဒီထဲမွာမွ ကေလးတစ္ဦးကေတာ့ ျဖိဳးျမတ္ေအာင္ ရဲ႕ အိုက္တင္နဲ႔ အပီအျပင္ သရုပ္ေဆာင္ျပသြားတာျဖစ္ပါတယ္။ ထိုကေလးေလးရဲ႕ ဗီဒီယိုေလးကို ၾကည့္ရွုသူပရိသတ္ေတြမ်ားျပားေနျပီး ျဖိဳးျမတ္ေအာင္ ရဲ႕ အိုက္တင္ေတြနဲ႔ခြ်တ္စြပ္တူလို႔ သေဘာက် ႏွစ္ျခိဳက္ေနၾကတာကို ေတြ႔ရပါတယ္။We Love Cele ( Video Source-Phyo Myat Aung Fan Group)

  • မမ သီခ်င္းဆိုျပေနေသာ video ၾကည့္ရန္

  • Unicode

အဆိုတော် ဖြိုးမြတ်အောင်ဟာ မြန်မာအိုင်ဒေါ Season 3 ရဲ့ဝင်းနားတစ်ဦးဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ နိုင်ငံကျော် ရုပ်ရှင်မင်းသမီးတွေနဲ့ ကြော်ငြာတွေ လက်ခံရိုက်ကူးနေပြီဖြစ်တဲ့ ဖြိုးမြတ်အောင်ဟာ သရုပ်ဆောင်ပိုင်းကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။

ဝင်းနားဖြစ်ရင် ဘုရားထီးတင်မယ်ဆိုတဲ့ရည်မှန်းချက်ဟာလည်း လမ်းတစ်ဝက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ မကြာခင်မှာထီးတင်တော့မယ့် ကိုးနဝင်းဘုရားအတွက်လည်း လှူဒါန်းချင်သူတွေ အင်မတန်မှ များပြားလျက်ရှိပါတယ်။ ဖြိုးမြတ်အောင်ဟာပြိုင်ပွဲဝင်စဉ်ကာလအတွင်းမှာလည်း ကလေး၊ လူကြီး ၊ လူငယ်ပါမကျန် အရွေးသုံးပါးမရွေးအားပေးတဲ့ ပရိသတ်တွေကို ရရှိထားတာတွေ့ရပါတယ်။

ပြိုင်ပွဲကာလမှာ သူယှဉ်ပြိုင်ခဲ့တဲ့သီချင်းတွေဟာလည်း ပရိသတ်တွေရဲ့ ရင်ထဲထိရောက်ခဲ့တာမို့ ဒိုင်တွေအပါအဝင် ပရိသတ်တွေ ပိုမိုရရှိလာခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက်သူသီဆိုခဲ့တဲ့ ခတ္တာနဲ့ မမကိုချစ်တယ် သီချင်းတို့ဟာ အများပြည်သူပရိသတ်တွေကြား ရေပန်းစားနေပြီး သူ့အိုက်တင်၊ အသံတွေနဲ့ သီဆိုကြတဲ့ ဗီဒီယိုလေးတွေလည်း ထွက်လာပါသေးတယ်။ ဒီထဲမှာမှ ကလေးတစ်ဦးကတော့ ဖြိုးမြတ်အောင် ရဲ့ အိုက်တင်နဲ့ အပီအပြင် သရုပ်ဆောင်ပြသွားတာဖြစ်ပါတယ်။ ထိုကလေးလေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုသူပရိသတ်တွေများပြားနေပြီး ဖြိုးမြတ်အောင် ရဲ့ အိုက်တင်တွေနဲ့ချွတ်စွပ်တူလို့ သဘောကျ နှစ်ခြိုက်နေကြတာကို တွေ့ရပါတယ်။We Love Cele ( Video Source-Phyo Myat Aung Fan Group)

  • မမ သီချင်းဆိုပြနေသော video ကြည့်ရန်

About the author

ilove

Leave a Comment