FACEBOOK LOCAL NEWS TECH NEWS

ျမန္မာျပည္သူမ်ား ေဖ့စ္ဘြတ္ခ္ စနစ္တက် သံုးစြဲရန္ ပညာေပးမည္ ဟုဆို။

ျမန္မာႏိုင္ငံတြင္ ေဖ့စ္ဘြတ္ခ္သံုးစြဲ၍ အမုန္းစကားေျပာၾကားမႈမ်ား မရွိေစရန္ ဝန္ႀကီးဌာနသံုးခုႏွင့္ ျပည္တြင္းအေျခစိုက္ ဆက္သြယ္ေရးေအာ္ပေရတာမ်ား ပူးေပါင္း၍ ေဖ့စ္ဘြတ္ခ္ကို ျပည္သူမ်ား စနစ္တက်သံုးစြဲရန္ ပညာေပးမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၊ ဒုတိယျပည္ေထာင္စု ဝန္ႀကီး ဦးေအာင္လွထြန္းက ေျပာၾကားသည္။

“ေဖ့စ္ဘြတ္ခ္တာဝန္ရွိသူေတြနဲ႔ အေလးအနက္ေဆြးေႏြးျဖစ္တာက ေဖ့စ္ဘြတ္ခ္သံုးတဲ့သူေတြကို ပညာေပးဖို႔ေပါ့။ ႏိုင္ငံတကာမွာလည္း ရွိပါတယ္။လူေတြကို တစ္ေန႔တျခား ေဖ့စ္ဘြတ္ခ္သံုးတတ္ေအာင္ေပါ့။ အေကာင့္ဖြင့္တာကအစေပါ့။ အမုန္းစကားေတြ ယဥ္ေက်းမႈနဲ႔ ဆန္႔က်င္တာေတြနဲ႔ ပို႔စ္ေတြ မရွိလာေအာင္ပါ”ဟု ၎က ဆိုသည္။

ပညာေပးေရးအစီအစဥ္အရ ျပည္တြင္းဆက္သြယ္ေရးေအာ္ပေရတာ ေလးခုအေနႏွင့္ ပူးေပါင္းကူညီရန္ အဆင္သင့္ရွိေနေသာ္လည္း ျပန္ၾကားေရး၊ ပညာေရးႏွင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီး ဌာနတို႔ျဖင့္ ညႇိႏိႈင္းလုပ္ေဆာင္ရန္ လိုအပ္ေနဆဲျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနထံမွ သိရသည္။

User holding an IPad with Facebook on screen

“အစိုးရက လူမႈကြန္ရက္ေတြကို ေစာင့္ၾကည့္တာေတြနဲ႔ပတ္သက္လို႔ ကၽြန္ေတာ္တို႔ဝန္ႀကီးဌာနက ပါဝင္လုပ္ေဆာင္ေနတာ မရွိပါဘူး။ ပညာေပးေရးအစီအစဥ္ကိုပဲ တက္တက္ႂကြႂကြ လုပ္ခ်င္ပါတယ္”ဟု ဒုတိယဝန္ႀကီးကဆက္လက္ ေျပာဆိုသည္။

ယင္းအစီအစဥ္ စတင္ေဆာင္႐ြက္ပါက ႏိုင္ငံအႏွံ႔ရွိ အထက္တန္းေက်ာင္းအဆင့္မွ ကိုးတန္း၊ ဆယ္တန္းအ႐ြယ္ လူငယ္ေက်ာင္းသားမ်ားကို ဦးစားေပးကာ စနစ္တက် ေဖ့စ္ဘြတ္ခ္ကို သံုးစြဲတတ္ၿပီး ေဖ့စ္ဘြတ္ခ္၌ ေရွာင္ရွားရမည့္ အခ်က္အလက္မ်ားကို သိရွိေစရန္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီး ဌာနထံမွသိရသည္။

ျမန္မာႏိုင္ငံတြင္ လူဦးေရ ၅၁ သန္းေက်ာ္ရွိရာတြင္ ေဖ့စ္ဘြတ္ခ္သံုးစြဲသူ ၁၈ သန္းခန္႔ရွိၿပီး လူသံုးအမ်ားဆံုး လူမႈကြန္ရက္ျဖစ္သည္ႏွင့္အညီ တစ္ဦးႏွင့္တစ္ဦး ၾကမ္းတမ္း႐ိုင္းပ်စြာ ေရးသားေျပာဆိုမႈမ်ား၊ အမုန္းစကား ေရးသားျဖန္႔ေဝမႈမ်ားႏွင့္ လူမ်ိဳးေရး၊ ဘာသာေရးပဋိပကၡမ်ားျဖစ္ေစသည့္ လံႈ႔ေဆာ္ေရးသားမႈမ်ားအေပၚ ထိန္းေက်ာင္းေဆာင္႐ြက္ေပးရန္ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုႀကီး ေဒါက္တာေဖျမင့္က ဇြန္လ ၅ ရက္တြင္ ေဖ့စ္ဘြတ္ခ္ကုမၸဏီ၏အႀကီးအကဲ တစ္ဦးျဖစ္သူ Mr. Simon Milner ႏွင့္ ေတြ႔ဆံုစဥ္ ေျပာၾကားထားသည္။

“အေကာင့္ေတြ အကုန္လံုးကုိ Monitoring လိုက္ၿပီးေတာ့ ၾကည့္ေနတာကို ကၽြန္ေတာ္က မလိုလားဘူး။ ဒါေပမဲ့ အမုန္းတရားေတြကို ေစာင့္ၾကည့္ၿပီးေတာ့ ဒီဟာေတြကို research သေဘာမ်ိဳး ဘယ္အခ်ိန္မွာ ဘယ္လိုေပၚတယ္။ ဘယ္လို အမုန္းတရားေတြေတာ့ျဖင့္ ဘယ္လိုအေၾကာင္းအရာနဲ႔ စပ္ဆက္တယ္။ အစိုးရလုပ္မွာထက္ တကယ္တမ္း အျခား thirt party ပံုစံမ်ိဳး လြတ္လပ္တဲ့ အဖြဲ႔အစည္းတစ္ခုက လုပ္တာမ်ိဳး ပိုလုပ္သင့္တယ္”ဟု သဃၤန္းကၽြန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က ေျပာၾကားသည္။

ထို႔အျပင္ လူမႈကြန္ရက္သံုးစြဲမႈမ်ားအေပၚ အစိုးရက ေစာင့္ၾကည့္စစ္ေဆး၍ ထိန္းခ်ဳပ္ႏိုင္ရန္ က်ပ္သန္း ၆၄၀၀၀ ခန္႔ သံုးစြဲမည္ဟု အစိုးရအဖြဲ႔က အတည္ျပဳထုတ္ျပန္ထားသည္။

လက္ရွိတြင္ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ကို အဓိကအသံုးျပဳ၍ ေဝဖန္ေရးသားေလ့ရွိေသာ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြ၏ ေဖ့စ္ဘြတ္ခ္အေကာင့္ကို ဇြန္လ ၇ ရက္က ေဖ့စ္ဘြတ္ခ္ ကုမၸဏီက ပိတ္သိမ္းလိုက္ေၾကာင္း သတင္းမီဒီယာအသိုင္းအဝိုင္းထံမွ စံုစမ္းသိရသည္။

အလားတူ ယခင္ကလည္း ေဖ့စ္ဘြတ္ခ္ကုမၸဏီက လူမႈကြန္ရက္တြင္ ဘာသာေရးဆိုင္ရာမ်ား စဥ္ဆက္မျပတ္ ေဝဖန္ေရးသားေလ့ရွိသူ ဆရာေတာ္ဦးဝီရသူ၏ ေဖ့စ္ဘြတ္ခ္ကို ယင္းသို႔ ပိတ္သိမ္းခဲ့ဖူးသည္။

Source: thevoicemyanmar

  • (Unicode)

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲ၍ အမုန်းစကားပြောကြားမှုများ မရှိစေရန် ဝန်ကြီးဌာနသုံးခုနှင့် ပြည်တွင်းအခြေစိုက် ဆက်သွယ်ရေးအော်ပရေတာများ ပူးပေါင်း၍ ဖေ့စ်ဘွတ်ခ်ကို ပြည်သူများ စနစ်တကျသုံးစွဲရန် ပညာပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စု ဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။

“ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတွေနဲ့ အလေးအနက်ဆွေးနွေးဖြစ်တာက ဖေ့စ်ဘွတ်ခ်သုံးတဲ့သူတွေကို ပညာပေးဖို့ပေါ့။ နိုင်ငံတကာမှာလည်း ရှိပါတယ်။လူတွေကို တစ်နေ့တခြား ဖေ့စ်ဘွတ်ခ်သုံးတတ်အောင်ပေါ့။ အကောင့်ဖွင့်တာကအစပေါ့။ အမုန်းစကားတွေ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာတွေနဲ့ ပို့စ်တွေ မရှိလာအောင်ပါ”ဟု ၎င်းက ဆိုသည်။

ပညာပေးရေးအစီအစဉ်အရ ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ လေးခုအနေနှင့် ပူးပေါင်းကူညီရန် အဆင်သင့်ရှိနေသော်လည်း ပြန်ကြားရေး၊ ပညာရေးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့ဖြင့် ညှိနှိုင်းလုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။

User holding an IPad with Facebook on screen

“အစိုးရက လူမှုကွန်ရက်တွေကို စောင့်ကြည့်တာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ဝန်ကြီးဌာနက ပါဝင်လုပ်ဆောင်နေတာ မရှိပါဘူး။ ပညာပေးရေးအစီအစဉ်ကိုပဲ တက်တက်ကြွကြွ လုပ်ချင်ပါတယ်”ဟု ဒုတိယဝန်ကြီးကဆက်လက် ပြောဆိုသည်။

ယင်းအစီအစဉ် စတင်ဆောင်ရွက်ပါက နိုင်ငံအနှံ့ရှိ အထက်တန်းကျောင်းအဆင့်မှ ကိုးတန်း၊ ဆယ်တန်းအရွယ် လူငယ်ကျောင်းသားများကို ဦးစားပေးကာ စနစ်တကျ ဖေ့စ်ဘွတ်ခ်ကို သုံးစွဲတတ်ပြီး ဖေ့စ်ဘွတ်ခ်၌ ရှောင်ရှားရမည့် အချက်အလက်များကို သိရှိစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနထံမှသိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိရာတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၈ သန်းခန့်ရှိပြီး လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည်နှင့်အညီ တစ်ဦးနှင့်တစ်ဦး ကြမ်းတမ်းရိုင်းပျစွာ ရေးသားပြောဆိုမှုများ၊ အမုန်းစကား ရေးသားဖြန့်ဝေမှုများနှင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများဖြစ်စေသည့် လှုံ့ဆော်ရေးသားမှုများအပေါ် ထိန်းကျောင်းဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုကြီး ဒေါက်တာဖေမြင့်က ဇွန်လ ၅ ရက်တွင် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၏အကြီးအကဲ တစ်ဦးဖြစ်သူ Mr. Simon Milner နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

“အကောင့်တွေ အကုန်လုံးကို Monitoring လိုက်ပြီးတော့ ကြည့်နေတာကို ကျွန်တော်က မလိုလားဘူး။ ဒါပေမဲ့ အမုန်းတရားတွေကို စောင့်ကြည့်ပြီးတော့ ဒီဟာတွေကို research သဘောမျိုး ဘယ်အချိန်မှာ ဘယ်လိုပေါ်တယ်။ ဘယ်လို အမုန်းတရားတွေတော့ဖြင့် ဘယ်လိုအကြောင်းအရာနဲ့ စပ်ဆက်တယ်။ အစိုးရလုပ်မှာထက် တကယ်တမ်း အခြား thirt party ပုံစံမျိုး လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုက လုပ်တာမျိုး ပိုလုပ်သင့်တယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

ထို့အပြင် လူမှုကွန်ရက်သုံးစွဲမှုများအပေါ် အစိုးရက စောင့်ကြည့်စစ်ဆေး၍ ထိန်းချုပ်နိုင်ရန် ကျပ်သန်း ၆၄၀၀၀ ခန့် သုံးစွဲမည်ဟု အစိုးရအဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို အဓိကအသုံးပြု၍ ဝေဖန်ရေးသားလေ့ရှိသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၏ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဇွန်လ ၇ ရက်က ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက ပိတ်သိမ်းလိုက်ကြောင်း သတင်းမီဒီယာအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

အလားတူ ယခင်ကလည်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက လူမှုကွန်ရက်တွင် ဘာသာရေးဆိုင်ရာများ စဉ်ဆက်မပြတ် ဝေဖန်ရေးသားလေ့ရှိသူ ဆရာတော်ဦးဝီရသူ၏ ဖေ့စ်ဘွတ်ခ်ကို ယင်းသို့ ပိတ်သိမ်းခဲ့ဖူးသည်။

Source: thevoicemyanmar

About the author

ShweLight

Leave a Comment