LOCAL NEWS TECH NEWS

Mytel က တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ေပးအပ္သြားမည့္ ကြန္ရက္ကို စတင္မိတ္ဆက္

စတုတၳေျမာက္ ဆက္သြယ္ေရးေအာ္ပေရတာ Mytel က တစ္နိုင္ငံလံုးအတိုင္းအတာျဖင့္ ေပးအပ္သြားမည့္ ၄င္း၏ ၀န္ေဆာင္မႈ နွင့္ products မ်ားအေၾကာင္းကို ဇြန္လ ၉ ရက္ေန႔က ရန္ကုန္ျမိဳ႔ ၊ Pullman Yangon, Centerpoint Hotel တြင္ျပဳလုပ္ခဲ့ပါတယ္။ Mytel ၏ တစ္နိုင္ငံလံုးအတိုင္းအတာ ဝန္ေဆာင္မႈမိတ္ဆက္အခမ္း အနားသုိ႔ ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ အပါအ၀င္ တာ၀န္ရွိသူမ်ား တတ္ေရာက္ဖြင့္လွစ္ခဲ့ပါတယ္။ အဆိုပါ အခမ္းအနားတြင္ Mytel မွ အကယ္ဒမီသံုးဆုရွင္ ေနတိုး နွင့္  ဗီယက္နမ္ၾကယ္ပြင့္ Miss Nguyen Tran My တို႔အား Mytel ၏ သံတမန္မ်ားအျဖစ္ခန္႔အပ္ခဲ့ပါတယ္။

Mytel သည္ တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ 2G ႏွင့္ 4G ကြန္ရက္ကို ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း တစ္နွစ္ေက်ာ္ကာလအတြင္းတြင္ ဖိုင္ဘာေကဘယ္လ္ ကီလိုမီတာ ၃၀၀၀၀ တပ္ဆင္ႏိုင္ခဲ့ၿပီး ျမန္မာတစ္ႏိုင္ငံလံုးရွိ ဖိုင္ဘာoptic အေျခခံအေဆာက္အအံုတပ္ဆင္မႈ အားလံုး၏ ၅၀ ရာခိုင္ႏႈန္းခန္႔ကို ပံ့ပိုးေပးႏိုင္ခဲ့ေၾကာင္း Mytel ကသိရပါတယ္။ Mytel ၏ 2G ႏွင့္ 4G ကြန္ရက္စုစုေပါင္းသည္ ျမန္မာႏိုင္ငံ လူဦးေရ၏ ၈၀ ရာခိုင္ႏႈန္းခန႔္၊ ၿမိဳ႕နယ္ေပါင္း ၃၀၀ ေက်ာ္ကို လႊမ္းၿခံဳႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း Mytel ၏ထုတ္ျပန္ခ်က္မ်ား အရသိရပါတယ္။

Mytel  ၏ ျပင္ပဆက္ဆံေရးအရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက “Mytel အေနနဲ႔ ၿမိဳ႕ ျပေဒသမွအစ ေက်းလက္ေဒသမ်ားအထိ ေနာက္ဆံုးေပၚနည္းပညာမ်ားကို ေပးအပ္ရင္း ျမန္မာႏိုင္ငံကို  ဒစ္ဂ်စ္တယ္လမ္းေၾကာင္းေပၚ ေခၚေဆာင္သြားမယ့္ လႈပ္ရွားမႈမွာ တစ္ခန္းတစ္က႑က ပါဝင္သြားမွာျဖစ္ပါတယ္။  ဒီလိုလုပ္ေဆာင္ေပးျခင္းအားျဖင့္ လူတိုင္းက တစ္ေယာက္နဲ႔တစ္ေယာက္သာမကပဲ တစ္ကမာၻလံုးနဲ႔ ဆက္သြယ္ခ်ိတ္ဆက္သြားႏိုင္မွာျဖစ္ပါတယ္။ အခုအခ်ိန္ကစတင္ျပီး ျမန္မာႏိုင္ငံက သံုးစြဲသူေတြအေနနဲ႔ Mytel ရဲ႕ အရည္အေသြးျမင့္ 4G အင္တာနက္နဲ႔ တျခားေသာ ဝန္ေဆာင္မႈေပါင္းမ်ားစြာကို ေစ်းႏႈန္းသက္သက္သာသာနဲ႔ အသံုးျပဳႏိုင္ၿပီျဖစ္ပါတယ္” ဟု ေျပာၾကားခဲ့ပါတယ္။

Mytel ဆင္းကတ္အသံုးျပဳ သူမ်ားသည္ Mytel မိုက္တယ္ package ျဖင့္ ပထမတစ္လအတြင္း ၄၀၀၀ က်ပ္တည္းျဖင့္ အင္တာနက္ ၅ GB ႏွင့္ မိနစ္ ၂၅၀ ရရွိႏိုင္မည့္ ခံစားခြင့္ႏွစ္ဆ အစီအစဥ္ကိုေၾကျငာေပးခဲ့ပါတယ္။သံုးသေလာက္ေပးအစီအစဥ္တြင္လည္း ၄၀ ရာခိုင္ႏႈန္းသက္သာေစၿပီး ၁ MB လွ်င္ ၅ က်ပ္၊ ၁ မိနစ္ ၁၀က်ပ္ႏႈန္းျဖင့္ သံုးစြဲႏိုင္မွာျဖစ္ေၾကာင္း Mytel က သိရပါတယ္။ Mytel SIM ကဒ္စတင္သံုးစြဲမည့္သူမ်ားအတြက္ ၁၅၀၀ MB နဲ႔ မိနစ္ ၁၅၀ ရရွိမည့္ အစမ္းသံုးအစီအစဥ္ကိုလည္း ပထမ ၃ လတြင္ အသံုးျပဳႏိုင္မည္ျဖစ္ေၾကာင္း ထို႔အျပင္ သံုးစြဲသူမ်ားအတြက္ ၁၀၀ ရာခိုင္ႏႈန္းျပန္လည္ရရွိႏိုင္မည့္ ေငြျဖည့္အစီအစဥ္ကိုလည္း မိတ္ဆက္ေပးခဲ့ပါတယ္။

Mytel သည္ ေနျပည္ေတာ္၊ ကရင္ျပည္နယ္ႏွင့္္ ပဲခူးတိုင္းအေရွ႕ ပိုင္းေဒသမ်ား၌ မတ္လ ၁၅ ရက္ေန႔တြင္ ကနဦး လုပ္ငန္းစတင္မႈမ်ားျပဳလုပ္ခဲ့ၿပီးယခုအခါတြင္ ႏိုင္ငံတြင္း ေနရာမေရြး၊ အခ်ိန္မေရြး အသံုးျပဳႏိုင္ေသာ 4G ကြန္ရက္ကို စတင္ပံ့ပိုးေပးသြားေတာ့မည္ျဖစ္ေၾကာင္း Mytel ကသိရပါတယ္။ Mytel 4G SIM ကဒ္ ႏွင့္ ေငြျဖည့္ကဒ္မ်ား ကိုႏိုင္ငံအႏွံ႔ရွိ အမွတ္တံဆိပ္အေရာင္းဆိုင္ေပါင္း ၅၀၊ တဆင့္အေရာင္းဆိုင္ေပါင္း ၅၀၀၀၀ တြင္ ၀ယ္ယူႏိုင္ျပီျဖစ္ေၾကာင္း Mytel ကသိရပါတယ္။

Source: inmya

  • (Unicode)

စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ Mytel က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေးအပ်သွားမည့် ၎င်း၏ ဝန်ဆောင်မှု နှင့် products များအကြောင်းကို ဇွန်လ ၉ ရက်နေ့က ရန်ကုန်မြို့ ၊ Pullman Yangon, Centerpoint Hotel တွင်ပြုလုပ်ခဲ့ပါတယ်။ Mytel ၏ တစ်နိုင်ငံလုံးအတိုင်းအတာ ဝန်ဆောင်မှုမိတ်ဆက်အခမ်း အနားသို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တာဝန်ရှိသူများ တတ်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားတွင် Mytel မှ အကယ်ဒမီသုံးဆုရှင် နေတိုး နှင့်  ဗီယက်နမ်ကြယ်ပွင့် Miss Nguyen Tran My တို့အား Mytel ၏ သံတမန်များအဖြစ်ခန့်အပ်ခဲ့ပါတယ်။

Mytel သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် 2G နှင့် 4G ကွန်ရက်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တစ်နှစ်ကျော်ကာလအတွင်းတွင် ဖိုင်ဘာကေဘယ်လ် ကီလိုမီတာ ၃၀၀၀၀ တပ်ဆင်နိုင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဖိုင်ဘာoptic အခြေခံအဆောက်အအုံတပ်ဆင်မှု အားလုံး၏ ၅၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း Mytel ကသိရပါတယ်။ Mytel ၏ 2G နှင့် 4G ကွန်ရက်စုစုပေါင်းသည် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်၊ မြို့နယ်ပေါင်း ၃၀၀ ကျော်ကို လွှမ်းခြုံနိုင်တော့မည် ဖြစ်ကြောင်း Mytel ၏ထုတ်ပြန်ချက်များ အရသိရပါတယ်။

Mytel  ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက “Mytel အနေနဲ့ မြို့ ပြဒေသမှအစ ကျေးလက်ဒေသများအထိ နောက်ဆုံးပေါ်နည်းပညာများကို ပေးအပ်ရင်း မြန်မာနိုင်ငံကို  ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ် ခေါ်ဆောင်သွားမယ့် လှုပ်ရှားမှုမှာ တစ်ခန်းတစ်ကဏ္ဍက ပါဝင်သွားမှာဖြစ်ပါတယ်။  ဒီလိုလုပ်ဆောင်ပေးခြင်းအားဖြင့် လူတိုင်းက တစ်ယောက်နဲ့တစ်ယောက်သာမကပဲ တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်ချိတ်ဆက်သွားနိုင်မှာဖြစ်ပါတယ်။ အခုအချိန်ကစတင်ပြီး မြန်မာနိုင်ငံက သုံးစွဲသူတွေအနေနဲ့ Mytel ရဲ့ အရည်အသွေးမြင့် 4G အင်တာနက်နဲ့ တခြားသော ဝန်ဆောင်မှုပေါင်းများစွာကို ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

Mytel ဆင်းကတ်အသုံးပြု သူများသည် Mytel မိုက်တယ် package ဖြင့် ပထမတစ်လအတွင်း ၄၀၀၀ ကျပ်တည်းဖြင့် အင်တာနက် ၅ GB နှင့် မိနစ် ၂၅၀ ရရှိနိုင်မည့် ခံစားခွင့်နှစ်ဆ အစီအစဉ်ကိုကြေငြာပေးခဲ့ပါတယ်။သုံးသလောက်ပေးအစီအစဉ်တွင်လည်း ၄၀ ရာခိုင်နှုန်းသက်သာစေပြီး ၁ MB လျှင် ၅ ကျပ်၊ ၁ မိနစ် ၁၀ကျပ်နှုန်းဖြင့် သုံးစွဲနိုင်မှာဖြစ်ကြောင်း Mytel က သိရပါတယ်။ Mytel SIM ကဒ်စတင်သုံးစွဲမည့်သူများအတွက် ၁၅၀၀ MB နဲ့ မိနစ် ၁၅၀ ရရှိမည့် အစမ်းသုံးအစီအစဉ်ကိုလည်း ပထမ ၃ လတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထို့အပြင် သုံးစွဲသူများအတွက် ၁၀၀ ရာခိုင်နှုန်းပြန်လည်ရရှိနိုင်မည့် ငွေဖြည့်အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

Mytel သည် နေပြည်တော်၊ ကရင်ပြည်နယ်နှင့်် ပဲခူးတိုင်းအရှေ့ ပိုင်းဒေသများ၌ မတ်လ ၁၅ ရက်နေ့တွင် ကနဦး လုပ်ငန်းစတင်မှုများပြုလုပ်ခဲ့ပြီးယခုအခါတွင် နိုင်ငံတွင်း နေရာမရွေး၊ အချိန်မရွေး အသုံးပြုနိုင်သော 4G ကွန်ရက်ကို စတင်ပံ့ပိုးပေးသွားတော့မည်ဖြစ်ကြောင်း Mytel ကသိရပါတယ်။ Mytel 4G SIM ကဒ် နှင့် ငွေဖြည့်ကဒ်များ ကိုနိုင်ငံအနှံ့ရှိ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၅၀၊ တဆင့်အရောင်းဆိုင်ပေါင်း ၅၀၀၀၀ တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း Mytel ကသိရပါတယ်။

Source: inmya

About the author

ShweLight

Leave a Comment