Shwe News

ဇာဂနာဆိုတာ တစ္ခ်ိန္က ဆရာ၀န္လူေခ်ာေလးပါေနာ္ :v :v :v

ရုပ္ရွင္နဲ႔ သဘင္ပညာရွင္ဇာဂနာဟာ ေျပာင္ေျမာက္ထိမိတဲ႔ သူ႔ရဲ႕ျပက္လံုးေတြ၊ စကားလံုးေတြေၾကာင္႔ နာမည္ေက်ာ္သူပါ။ အမ်ားအားျဖင္႔ သူ႔ကိုဦးေခါင္းေျပာင္ေျပာင္ျဖစ္သာ ျမင္ေတြ႔ၾကဖူးၿပီး တစ္ေခတ္တစ္ခါက ဇာဂနာရဲ႕ ပံုစံကိုေတာ႔ ဒီဘက္ေခတ္လူငယ္ေတြ သိပ္မသိၾကေတာ႔ပါဘူး။ ဇာဂနာရဲ႕ အမည္ရင္းဟာ ေမာင္သူရလို႔ေခၚၿပီး ယခင္စစ္အစိုးရကို ေ၀ဖန္သေရာ္မႈေတြေၾကာင္႔ ေထာင္ထဲကို ၀င္လိုက္ထြက္လိုက္ မၾကာခဏျဖစ္ခဲ႔ရသလို၊ ဘ၀ရဲ႕အခ်ိန္ေကာင္းေတြကို ခက္ခဲၾကမ္းတမ္းမႈေတြနဲ႔အတူ ေက်ာ္ျဖတ္ခဲ႔ရသူပါ။

ေသးေသးမႊားမႊားေလးေတြကို ႏႈတ္ယူႏိုင္တဲ႔ ဇာဂနာအျဖစ္ သူ႔ကိုသူအမည္ေပးၿပီး အႏုပညာလႈပ္ရွားမႈေတြကို လုပ္ကုိင္ခဲ႔သူလည္း ျဖစ္ပါတယ္။ ဒါ႔အျပင္ ဇာဂနာရဲ႕အေၾကာင္းထဲမွာ လူသိနည္းတဲ႔ အေၾကာင္းအရာတစ္ခုကေတာ႔ သူဟာအထက္တန္းေက်ာင္းကို ဒဂံု (၁) မွေအာင္ျမင္ခဲ႔ၿပီး သြားဘက္ဆုိင္ရာေဆးတကၠသိုလ္မွ သြားဘက္ဆိုင္ရာ ဆရာ၀န္ေဒါက္တာဘြဲ႔ရရွိခဲ႔သူ တစ္ဦးဆိုတာကိုပါပဲ။ Photo Credit – Original Owners

  • နာမည္ႀကီး သခၤ်ာဆရာတစ္ဦးကို သေရာ္ထားတဲ႔ ဇာဂနာ

ဇာဂနာသည္ သူ၏အႏုပညာလႈပ္ရွားမႈမ်ားကို ေကာလိပ္တက္ေနစဥ္အခ်ိန္ကတည္းက စတင္ခဲတာပါ။ ျမကြ်န္းသာအမည္ရွိ အၿငိမ္႔အကအဖြဲ႔တစ္ခုကို တည္ေထာင္ခဲ႔ဖူးသလို၊ မိုးနတ္သူဇာအမည္အျဖစ္ ျပဇာတ္အဖြဲ႔တစ္ခုလည္း ဖန္တီးခဲ႔ဖူးပါတယ္။ ၁၉၈၆ ခုႏွစ္တြင္ေတာ႔ ျမပုႏၵမာအၿငိမ္႔အဖြဲ႔ကို မ်ိဳးေစ႔ခ်ရွင္သန္ေစခဲ႔ၿပီး ေအာင္ျမင္မႈေတြမ်ားစြာလည္း ရရွိခဲ႔ပါတယ္။ ထိုအခ်ိန္ကေတာ႔ ထိထိမိမိျပက္လံုးမ်ားေၾကာင္႔ မႏွစ္ၿမိဳ႕သူမ်ားရွိခဲ႔ၿပီး ၁၉၈၈ ခုႏွစ္မွာေတာ႔ ျပည္လံုးကြ်တ္ဆႏၵျပပြဲႀကီးမွာ ပါ၀င္ခဲ႔မႈေၾကာင္႔ ေထာင္က်ခဲ႔ရၿပီး အဲ႔ဒီေနာက္မွာလည္း အႏုပညာလႈပ္ရွားမႈေတြကို မၾကာခဏပိတ္ပင္ခံခဲ႔ရကာ၊ အက်ဥ္းေထာင္နဲ႔လည္း မၾကာခဏ ထိေတြ႔ခြင္႔ရရွိခဲ႔ပါတယ္။ သူ႔ကိုေတာ႔ ၁၉၆၁ ခုႏွစ္ ဇန္နဂါရီလမွာ ေမြးဖြားခဲ႔ၿပီး လက္ရွိအခ်ိန္မွာေတာ႔ အသက္ ၅၆ ႏွစ္ရွိၿပီ ျဖစ္ပါတယ္။

သြားဆရာ၀န္ဘြဲ႔ယူေနတဲ႔ တစ္ခ်ိန္ကဆံပင္နဲ႔ဇာဂနာ

ေၾကာက္ေမႊးပါ ဇာဂနာနဲ႔ႏႈတ္ဆိုတဲ႔သူ

  • Unicode

ရုပ်ရှင်နဲ့ သဘင်ပညာရှင်ဇာဂနာဟာ ပြောင်မြောက်ထိမိတဲ့ သူ့ရဲ့ပြက်လုံးတွေ၊ စကားလုံးတွေကြောင့် နာမည်ကျော်သူပါ။ အများအားဖြင့် သူ့ကိုဦးခေါင်းပြောင်ပြောင်ဖြစ်သာ မြင်တွေ့ကြဖူးပြီး တစ်ခေတ်တစ်ခါက ဇာဂနာရဲ့ ပုံစံကိုတော့ ဒီဘက်ခေတ်လူငယ်တွေ သိပ်မသိကြတော့ပါဘူး။ ဇာဂနာရဲ့ အမည်ရင်းဟာ မောင်သူရလို့ခေါ်ပြီး ယခင်စစ်အစိုးရကို ဝေဖန်သရော်မှုတွေကြောင့် ထောင်ထဲကို ၀င်လိုက်ထွက်လိုက် မကြာခဏဖြစ်ခဲ့ရသလို၊ ဘဝရဲ့အချိန်ကောင်းတွေကို ခက်ခဲကြမ်းတမ်းမှုတွေနဲ့အတူ ကျော်ဖြတ်ခဲ့ရသူပါ။

သေးသေးမွှားမွှားလေးတွေကို နှုတ်ယူနိုင်တဲ့ ဇာဂနာအဖြစ် သူ့ကိုသူအမည်ပေးပြီး အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဇာဂနာရဲ့အကြောင်းထဲမှာ လူသိနည်းတဲ့ အကြောင်းအရာတစ်ခုကတော့ သူဟာအထက်တန်းကျောင်းကို ဒဂုံ (၁) မှအောင်မြင်ခဲ့ပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ သွားဘက်ဆိုင်ရာ ဆရာဝန်ဒေါက်တာဘွဲ့ရရှိခဲ့သူ တစ်ဦးဆိုတာကိုပါပဲ။ Photo Credit – Original Owners

  • နာမည်ကြီး သင်္ချာဆရာတစ်ဦးကို သရော်ထားတဲ့ ဇာဂနာ

ဇာဂနာသည် သူ၏အနုပညာလှုပ်ရှားမှုများကို ကောလိပ်တက်နေစဉ်အချိန်ကတည်းက စတင်ခဲတာပါ။ မြကျွန်းသာအမည်ရှိ အငြိမ့်အကအဖွဲ့တစ်ခုကို တည်ထောင်ခဲ့ဖူးသလို၊ မိုးနတ်သူဇာအမည်အဖြစ် ပြဇာတ်အဖွဲ့တစ်ခုလည်း ဖန်တီးခဲ့ဖူးပါတယ်။ ၁၉၈၆ ခုနှစ်တွင်တော့ မြပုန္ဒမာအငြိမ့်အဖွဲ့ကို မျိုးစေ့ချရှင်သန်စေခဲ့ပြီး အောင်မြင်မှုတွေများစွာလည်း ရရှိခဲ့ပါတယ်။ ထိုအချိန်ကတော့ ထိထိမိမိပြက်လုံးများကြောင့် မနှစ်မြို့သူများရှိခဲ့ပြီး ၁၉၈၈ ခုနှစ်မှာတော့ ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီးမှာ ပါ၀င်ခဲ့မှုကြောင့် ထောင်ကျခဲ့ရပြီး အဲ့ဒီနောက်မှာလည်း အနုပညာလှုပ်ရှားမှုတွေကို မကြာခဏပိတ်ပင်ခံခဲ့ရကာ၊ အကျဉ်းထောင်နဲ့လည်း မကြာခဏ ထိတွေ့ခွင့်ရရှိခဲ့ပါတယ်။ သူ့ကိုတော့ ၁၉၆၁ ခုနှစ် ဇန်နဂါရီလမှာ မွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာတော့ အသက် ၅၆ နှစ်ရှိပြီ ဖြစ်ပါတယ်။

သွားဆရာဝန်ဘွဲ့ယူနေတဲ့ တစ်ချိန်ကဆံပင်နဲ့ဇာဂနာ

ကြောက်မွှေးပါ ဇာဂနာနဲ့နှုတ်ဆိုတဲ့သူ

About the author

ilove

Leave a Comment