Shwe News
အလွန်ထူးဆန်းပြီး အံ့ဖွယ်ရာ မြိုင်ကြီးငူဆရာတော်ကြီး ၏ နောက်ဆုံးရသတင်း
Zin Moe
Unicode
BGF မှ ဗိုလ်မှုးတစ်ဦး၏ အမျိုးသမီးကတော့ ဒီလိုတင်ထားပေးပါတယ်။ ဒါကိုပဲ နောက်ဆုံးသတင်းလို့ အတည် ပြုပေးထားပါတယ်။
မြိုင်ကြီးငူဆရာတော်က အလွန်ထူးဆန်းပါသည်။ ဝိဇ္ဇာ မှန်လျှင်လည်း အလွန်အံ့သြဆန်းကြယ်သည့် အဖြစ်အပျက်များ ဖြစ်တတ်ပါသည်။ ပထမတကြိမ် မြိုင်ကြီးငူဆရာတော်ဘုရား ပျံလွန်တော်မူပြီး အသက်မရှုတော့ဘူး
ပြန်ပင့်တော့မည်ဟု သတင်းထွက် စီစဉ်ပြီးမှ အသက်ပြန်ရှုလာသသည့် ဖြစ်စဉ်တခါ ဖြစ်ခဲ့ဖူးပါသည်။
ယခုတဖန်လဲ ဆရာတော်ဘုရား၏ သတင်းထွက်လာသဖြင့် သက်ဆိုင်ရာ နီးစပ်ရာ ပတ်သတ်ရာ အသိုင်းအဝိုင်း အဖွဲ့အစည်းများထံ အတည်ပြုဖုန်းဆက်မေးမြန်းပြီးမှ သတင်းတင်ပေးခဲ့ပါသည်။
ယခုသတင်းတက်လာပြီးမှ ဆရာတော်ဘုရားနှင့် ပတ် သတါဆက်နွယ်သူများမှ သတင်းမှာ အတည်မဖြစ်သေးကြောင်း ပျံလွန်တော်မမူသေးကြောင်း သို့သော် အခြေအနေအရ ပြန်လည်ပင့်ဆောင်လာမှာ ဖြစ်ကြောင်း သတင်းများပြန်လည်တက်လာပါသည်။
ရဟန်း ဝိဇ္ဇာတို့ မှန်လျှင်လည်း ထူးခြားမှုရှိပြီးသားပဲကိုး
မြတ်စွာဘုရားတောင်မှ သေခြင်းတရားကို မလွန်ဆန် နိုင်ခဲ့သလို မည်သူမျှလည်း လွန်ဆန်နိုင်မည်မထင်ပါ။
ပထမတခါဖြစ်သလို ဆရာတော်ဘုရားပြန်လည်ကျန်းမာလာပါစေလို့ ဆုတောင်းပါတယ်ဘုရား။
ထူးခြားဖြစ်စဉ်များကို ကြားသိရသမျှမိမိသိသလို အခြား သူများကိုလည်း အချိန်နဲ့တပြေးညီသိစေချင်တဲ့အတွက် သိသမျှ ကြားသမျှ ပြန်လည်တင်ပေးနေခြင်းသာ ဖြစ်ပါမည်။..
Zin Moe
About the author
Shwe News
Leave a Comment