Shwe News

ဟန္နာယူရီပံုကို တင္လိုက္တာနဲ႕ ပတ္သက္ၿပီး ျပန္ေျဖရွင္းလိုက္တဲ့ အိစိေကြး

အိစိေကြးက သူတင္ထားတဲ့ ပံုကိုျပန္ဖ်က္ၿပီး အားလံုးကို ေပ်ာ္ေစေခ်င္လို႕ စေနာက္ခဲ့ေပမယ့္ တကယ္ထင္သြားၾကတဲ့အေပၚ သူ႕အေနနဲ႕ စိတ္မေကာင္းမိတယ္လို႕ ဆုိပါတယ္။

ငယ္စဥ္ကတည္းက ပရိသတ္ေတြ အခ်စ္ကို ရရွိပိုင္ဆိုင္ထားတဲ့ အိစိေကြးက သူ႕ရဲ႕ ပရိသတ္ေတြအတြက္ အႏုပညာရသအသစ္ေတြ ေပးစြမ္းႏိုင္ ေအာင္ ႀကိဳးစားလ်က္ရွိပါတယ္။ ဇာတ္ကားရိုက္ကူးမႈေတြ မရွိတဲ့ အခ်ိန္မွာ ပရိသတ္ေတြနဲ႕ အဆက္အသြယ္မျပတ္ေအာင္ သူဝါသနာပါတဲ့ ဂီတဘက္ကို ဆက္လက္ပံုေဖာ္ေနသူလည္း ျဖစ္ပါတယ္။

သူ႕ရဲ႕ လႈပ္ရွားမႈတိုင္းကို ေဖ့စ္ဘြတ္ေပၚမွာ တင္တတ္သူျဖစ္ၿပီး ပရိသတ္ေတြကို အၿမဲတမ္း စေနာက္ေနသူလည္း ျဖစ္ပါတယ္။ ေအာက္တိုဘာ(၁၆) ရက္ေန႕က သူ Crush ေနတဲ့ ေကာင္မေလးပံုကို တင္ၿပီး ပရိသတ္ေတြကို စေနာက္လိုက္ပါေသးတယ္။ ေကာင္မေလးရဲ႕ ဓာတ္ပံုကို စတစ္ကာ အုပ္ထားခဲ့ေပမယ့္လည္း အဲ့ဒီ ေကာင္မေလးဟာ ဟန္နာယူရီမွန္းအကုန္လံုး သိခဲ့ၾကပါတယ္။

အဲ့ေနာက္မွာ အိစိေကြးက သူတင္ထားတဲ့ ပံုကိုျပန္ဖ်က္ၿပီး အားလံုးကို ေပ်ာ္ေစေခ်င္လို႕ စေနာက္ခဲ့ေပမယ့္ တကယ္ထင္သြားၾကတဲ့အေပၚ သူ႕အေနနဲ႕ စိတ္မေကာင္းမိတယ္လို႕ ဆုိပါတယ္။

“Challenge က Like 10K ျပည့္မယ္မထင္ဘူးေလ ပံုမွန္ Like 5K ျပည့္ဖို႔ဆိုတာေတာင္မလြယ္ေတာ့မလြယ္ေတာ့ တင္လိုက္တာေပါ့။ေနာက္မွ တစ္ရက္တည္းနဲျပည့္သြားေတာ့ တိုင္ပတ္ေရာ အဲ့ေတာ့တျခားမိန္းကေလး တစ္ေယာက္ကိုတင္ရင္လည္း အတည္ေတြ ထင္ကုန္ၾကမွာေလ မိသားစုေတြ ပတ္ဝန္းက်င္ေတြရွိေတာ့မေကာင္းဘူးေလၿပီးေတာ့ မ Hanna ကိုလည္အရင္တည္းက အားေပးေတာ့ Idol တစ္ေယာက္အေနနဲ႔ တင္လိုက္တာ လူတိုင္းမွာ ျပည္တြင္းျပည္ပ က ကိုယ္ႏွစ္သက္တဲ့ Idol ဆိုတာရွိတာပဲေလျပည္ပမွာဆိုရင္ Taylor Swift တို႔ Dua Lipa တို႔ကို သေဘာက်သလိုေပါ့ျပည္တြင္းမွာဆိုလည္အဲ့လို သေဘာက်တဲ့အားက်တဲ့ မင္းသားေတြ မင္းသမီးေတြ၊အဆုိေတာ္ေတြ ရွိတာပဲ။ အဲ့လိုသေဘာ နဲ႕ပဲတင္လုိက္တာေပါ။ တင္ၿပီးမွ မေကာင္းပါဘူးေလးဆိုၿပီး (၁၅) မိနစ္နဲ႕ျပန္ဖ်က္လိုက္ေပမယ့္ SS ေတြမိၿပီး သတင္းအျဖစ္ျပန္႕ သြားေတာ့ အားလံုးက တစ္မ်ိဳးတစ္မည္ ထင္သြားၾကတာပါ။” ဆုိၿပီး Challenge ကိစၥနဲ႕ ပတ္သက္ၿပီး ေျဖဆုိေပးခဲ့ပါတယ္။

အိစိေကြးနဲ႕ ဟန္နာယူရီဟာ အိစိေကြး ကိုယ္တိုင္ေရးၿပီး ကိုယ္တိုင္သီဆိုထားတဲ့”အလြမ္းရဲ႕အရသာ” ဆိုတဲ့ သီခ်င္းေလးမွာ အတူတူ သရုပ္ေဆာင္ထားတာလည္း ေတြ႕ရပါတယ္။သီခ်င္းေလးကလည္း ေကာင္းသလို သူတို႕ႏွစ္ေယာက္ရဲ႕ သရုပ္ေဆာင္မႈေလးေတြကလည္း ေကာင္းတာေၾကာင့္ ပရိသတ္ေတြအားေပးမႈ ရရွိေနတာကိုလည္း ေတြ႕ရပါတယ္။

အဲ့သီခ်င္းေလးမွာလည္း ဟန္နာယူရီနဲ႕ အတူသရုပ္ေဆာင္ျဖစ္တဲ့အေၾကာင္းကို အိစိေကြးက ယခုလို ေျပာျပခဲ့ပါေသးတယ္။

“သူကလည္း အဲ့သီခ်ငး္ေလးကို သေဘာက်တယ္။ ကၽြန္ေတာ္ကလည္း သူ႕ကို အားေပးခဲ့တာ ၾကာၿပီေလ။ ဆိုေတာ့ အတူတူရိုက္ခ်င္တာနဲ႕ ကမ္းလွမ္းၾကည့္ေတာ့ သူကလည္း သီခ်င္းႀကိဳက္ေတာ့ ရိုက္ျဖစ္သြားတာပါ။ဒီသီခ်င္းက အိစိကုိယ္တုိင္ေရးထားတယ္။ အိစိကုိယ္တိုင္လည္း ဆိုထားတယ္။ အျမဲတမ္း အလုိလုိ ပရိသတ္နဲ႔ အဆက္မျပတ္ေအာင္ေတာ့ လုပ္ေနရတာပဲေလ။ အိစိရဲ႕ ဇာတ္ကားေလးေတြ မထြက္ခင္မွာ အိစိရဲ႕ အႏုပညာအလုပ္ ေလးေတြကုိ ပရိသတ္ေတြဆီခ်ျပခြင့္ရတယ္။ ပရိသတ္ေတြနဲ႔လည္း အဆက္မျပတ္သြားေအာင္ စဥ္းစားၿပီးေတာ့ လုပ္ျဖစ္သြားတာပါ။” လို႕ ဆက္လက္ေျဖဆိုေပးထားပါတယ္။

ကေလးသရုပ္ေဆာင္အရြယ္ကတည္းကေန အႏုပညာအလုပ္ေတြ လုပ္လာတဲ့ အိစိေကြးကုိေတာ့ အခုခ်ိန္ထိ ပရိသတ္ေတြက အရမ္းကုိခ်စ္ခင္ အားေပး လွ်က္ရွိၾကပါတယ္။ သူ႔အေနနဲ႔ အခုအရြယ္မွာ ေမာ္ဒယ္လ္မင္းသားေတြလုိ အရပ္အေမာင္း၊ ခႏၶာကုိယ္အခ်ိဳးအစားေတြ မရွိေပမယ့္ အိစိေကြး ကုိအားေပးၾကတဲ့ ပရိသတ္ေတြဟာ သရုပ္ေဆာင္အရည္အခ်င္းကုိသာ အားေပးၾကတာျဖစ္တယ္လုိ႔ သိရပါတယ္။Credit-Cele Yatkwat

  • Unicode

အိစိကွေးက သူတင်ထားတဲ့ ပုံကိုပြန်ဖျက်ပြီး အားလုံးကို ပျော်စေချေင်လို့ စနောက်ခဲ့ပေမယ့် တကယ်ထင်သွားကြတဲ့အပေါ် သူ့အနေနဲ့ စိတ်မကောင်းမိတယ်လို့ ဆိုပါတယ်။

ငယ်စဉ်ကတည်းက ပရိသတ်တွေ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ အိစိကွေးက သူ့ရဲ့ ပရိသတ်တွေအတွက် အနုပညာရသအသစ်တွေ ပေးစွမ်းနိုင် အောင် ကြိုးစားလျက်ရှိပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ မရှိတဲ့ အချိန်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူဝါသနာပါတဲ့ ဂီတဘက်ကို ဆက်လက်ပုံဖော်နေသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ဖေ့စ်ဘွတ်ပေါ်မှာ တင်တတ်သူဖြစ်ပြီး ပရိသတ်တွေကို အမြဲတမ်း စနောက်နေသူလည်း ဖြစ်ပါတယ်။ အောက်တိုဘာ(၁၆) ရက်နေ့က သူ Crush နေတဲ့ ကောင်မလေးပုံကို တင်ပြီး ပရိသတ်တွေကို စနောက်လိုက်ပါသေးတယ်။ ကောင်မလေးရဲ့ ဓာတ်ပုံကို စတစ်ကာ အုပ်ထားခဲ့ပေမယ့်လည်း အဲ့ဒီ ကောင်မလေးဟာ ဟန်နာယူရီမှန်းအကုန်လုံး သိခဲ့ကြပါတယ်။

အဲ့နောက်မှာ အိစိကွေးက သူတင်ထားတဲ့ ပုံကိုပြန်ဖျက်ပြီး အားလုံးကို ပျော်စေချေင်လို့ စနောက်ခဲ့ပေမယ့် တကယ်ထင်သွားကြတဲ့အပေါ် သူ့အနေနဲ့ စိတ်မကောင်းမိတယ်လို့ ဆိုပါတယ်။

“Challenge က Like 10K ပြည့်မယ်မထင်ဘူးလေ ပုံမှန် Like 5K ပြည့်ဖို့ဆိုတာတောင်မလွယ်တော့မလွယ်တော့ တင်လိုက်တာပေါ့။နောက်မှ တစ်ရက်တည်းနဲပြည့်သွားတော့ တိုင်ပတ်ရော အဲ့တော့တခြားမိန်းကလေး တစ်ယောက်ကိုတင်ရင်လည်း အတည်တွေ ထင်ကုန်ကြမှာလေ မိသားစုတွေ ပတ်ဝန်းကျင်တွေရှိတော့မကောင်းဘူးလေပြီးတော့ မ Hanna ကိုလည်အရင်တည်းက အားပေးတော့ Idol တစ်ယောက်အနေနဲ့ တင်လိုက်တာ လူတိုင်းမှာ ပြည်တွင်းပြည်ပ က ကိုယ်နှစ်သက်တဲ့ Idol ဆိုတာရှိတာပဲလေပြည်ပမှာဆိုရင် Taylor Swift တို့ Dua Lipa တို့ကို သဘောကျသလိုပေါ့ပြည်တွင်းမှာဆိုလည်အဲ့လို သဘောကျတဲ့အားကျတဲ့ မင်းသားတွေ မင်းသမီးတွေ၊အဆိုတော်တွေ ရှိတာပဲ။ အဲ့လိုသဘော နဲ့ပဲတင်လိုက်တာပေါ။ တင်ပြီးမှ မကောင်းပါဘူးလေးဆိုပြီး (၁၅) မိနစ်နဲ့ပြန်ဖျက်လိုက်ပေမယ့် SS တွေမိပြီး သတင်းအဖြစ်ပြန့် သွားတော့ အားလုံးက တစ်မျိုးတစ်မည် ထင်သွားကြတာပါ။” ဆိုပြီး Challenge ကိစ္စနဲ့ ပတ်သက်ပြီး ဖြေဆိုပေးခဲ့ပါတယ်။

အိစိကွေးနဲ့ ဟန်နာယူရီဟာ အိစိကွေး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုထားတဲ့”အလွမ်းရဲ့အရသာ” ဆိုတဲ့ သီချင်းလေးမှာ အတူတူ သရုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်။သီချင်းလေးကလည်း ကောင်းသလို သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုလေးတွေကလည်း ကောင်းတာကြောင့် ပရိသတ်တွေအားပေးမှု ရရှိနေတာကိုလည်း တွေ့ရပါတယ်။

အဲ့သီချင်းလေးမှာလည်း ဟန်နာယူရီနဲ့ အတူသရုပ်ဆောင်ဖြစ်တဲ့အကြောင်းကို အိစိကွေးက ယခုလို ပြောပြခဲ့ပါသေးတယ်။

“သူကလည်း အဲ့သီချငး်လေးကို သဘောကျတယ်။ ကျွန်တော်ကလည်း သူ့ကို အားပေးခဲ့တာ ကြာပြီလေ။ ဆိုတော့ အတူတူရိုက်ချင်တာနဲ့ ကမ်းလှမ်းကြည့်တော့ သူကလည်း သီချင်းကြိုက်တော့ ရိုက်ဖြစ်သွားတာပါ။ဒီသီချင်းက အိစိကိုယ်တိုင်ရေးထားတယ်။ အိစိကိုယ်တိုင်လည်း ဆိုထားတယ်။ အမြဲတမ်း အလိုလို ပရိသတ်နဲ့ အဆက်မပြတ်အောင်တော့ လုပ်နေရတာပဲလေ။ အိစိရဲ့ ဇာတ်ကားလေးတွေ မထွက်ခင်မှာ အိစိရဲ့ အနုပညာအလုပ် လေးတွေကို ပရိသတ်တွေဆီချပြခွင့်ရတယ်။ ပရိသတ်တွေနဲ့လည်း အဆက်မပြတ်သွားအောင် စဉ်းစားပြီးတော့ လုပ်ဖြစ်သွားတာပါ။” လို့ ဆက်လက်ဖြေဆိုပေးထားပါတယ်။

ကလေးသရုပ်ဆောင်အရွယ်ကတည်းကနေ အနုပညာအလုပ်တွေ လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။Credit-Cele Yatkwat

About the author

ilove

Leave a Comment