Shwe News

ေခါက္ဆြဲထုပ္မ်ားကို ညတိုင္းခ်က္စားတဲ့ ၁၈ ႏွစ္ရိွေက်ာင္းသား အစာအိမ္ကင္ဆာျဖင့္ေသဆံုး :o :o :o

ျပင္ဆင္ရလြယ္ကူတဲ့ေခါက္ဆြဲထုပ္ေတြကို ေန႔တိုင္းခ်က္စားတဲ့ ထိုင္၀မ္မွ ၁၈ ႏွစ္အရြယ္ ေက်ာင္းသားကေလးတစ္ဦး အစာအိမ္ကင္ဆာျဖင့္ ေသဆံုးသြားပါတယ္။ သတင္းအရ အဆိုပါကေလးဟာ ယင္းကဲ့သို႔ က်န္းမာေရးနဲ႔မကိုက္ညီတဲ့ ေနထိုင္စားေသာက္မႈ အက်င့္ဆိုးႀကီးကို မူလတန္းေက်ာင္းသားအရြယ္မွစတင္ခဲ့တာျဖစ္ၿပီး ညတိုင္းေခါက္ဆြဲထုပ္ေတြကို ခ်က္ျပဳတ္စားေသာက္ခဲ့ပါတယ္လို႔ သိရပါတယ္။

အထက္တန္းေက်ာင္းကို ေအာင္ျမင္စြာၿပီးဆံုးသြားၿပီး တကၠသိုလ္ေက်ာင္းသားဘ၀အထိ သူ႔ရဲ႕ နေမာ္နမဲ့ေနထိုင္စားေသာက္တတ္တဲ့ အက်င္းဆိုးကို မေဖ်ာက္ဖ်က္ႏုိင္တဲ့အဆံုးမွာ တကၠသိုလ္ဆိုတာ သူ႔အတြက္ ဘ၀နိဂံုးခ်ဳပ္တဲ့ေနရာသာ ျဖစ္သြားပါေတာ့တယ္။ သူ႔ရဲ႕ဗိုက္ေတြေဖာင္းတင္း၊ ပ်ဳံ႕ျခင္းႏွင့္ အစာအိမ္နာက်င္ျခင္း စသည့္လကၡဏာေတြ စတင္ျဖစ္ေပၚလာတာေၾကာင့္ သူ႔မိသားစု၀င္ေတြ စိတ္ပူလာပါတယ္။

ဒါ့ေၾကာင့္ ေဆး၀ါးကုသမႈျပဳလုပ္ရန္ ေဆးရံုတစ္ခုသို႔ ေခၚယူသြားၿပီး ေရာဂါကို စစ္ထုတ္ၾကည့္ရာတြင္ အသက္ဆံုးရံႈးမႈျဖစ္ေစႏိုင္တဲ့ အစာအိမ္ကင္ဆာရိွေနတာကို စိတ္တုန္လႈပ္စရာပင္ ေတြ႔ရိွသြားပါတယ္။ ကင္ဆာက တျခားခႏၡာကိုယ္အတြင္းရိွ အစိတ္အပိုင္းေတြကိုပါ ကူးစက္ပ်ံ႕ႏွံ႔သြားၿပီျဖစ္တာေၾကာင့္ ၄င္းဆယ္ေက်ာ္သက္ကေလးအတြက္ ၾကာၾကာအသက္ရွင္ဖို႔ ေမွ်ာ္လင့္စရာမရိွပါဘူး။ တစ္ႏွစ္ေက်ာ္ၿပီး ေနာက္ဆံုးတြင္ သူ႔အသက္ထြက္သြားပါတယ္။

ဒီအျဖစ္အပ်က္ေၾကာင့္ ကင္ဆာေရာဂါျဖစ္ေစႏိုင္တဲ့ အခ်ဥ္သနပ္အစားအစာေတြ၊ ၀က္အူေခ်ာင္းေတြ၊ အသားကင္ေတြနဲ႔ အသင့္ခ်က္ျပဳတ္ႏိုင္ရန္ ထုတ္လုပ္ထားသည့္ ေခါက္ဆြဲထုပ္ေတြကို ေလွ်ာ့စားဖို႔ ကင္ဆာေရာဂါပညာရွင္ ေဒါက္တာ Gan မွ လူထုကို သတိေပးႏိုးေဆာ္လိုက္ပါတယ္။ Ref: Thawn Khai.. Source: World of Buzz

  • Unicode

ပြင်ဆင်ရလွယ်ကူတဲ့ခေါက်ဆွဲထုပ်တွေကို နေ့တိုင်းချက်စားတဲ့ ထိုင်ဝမ်မှ ၁၈ နှစ်အရွယ် ကျောင်းသားကလေးတစ်ဦး အစာအိမ်ကင်ဆာဖြင့် သေဆုံးသွားပါတယ်။ သတင်းအရ အဆိုပါကလေးဟာ ယင်းကဲ့သို့ ကျန်းမာရေးနဲ့မကိုက်ညီတဲ့ နေထိုင်စားသောက်မှု အကျင့်ဆိုးကြီးကို မူလတန်းကျောင်းသားအရွယ်မှစတင်ခဲ့တာဖြစ်ပြီး ညတိုင်းခေါက်ဆွဲထုပ်တွေကို ချက်ပြုတ်စားသောက်ခဲ့ပါတယ်လို့ သိရပါတယ်။

အထက်တန်းကျောင်းကို အောင်မြင်စွာပြီးဆုံးသွားပြီး တက္ကသိုလ်ကျောင်းသားဘဝအထိ သူ့ရဲ့ နမော်နမဲ့နေထိုင်စားသောက်တတ်တဲ့ အကျင်းဆိုးကို မဖျောက်ဖျက်နိုင်တဲ့အဆုံးမှာ တက္ကသိုလ်ဆိုတာ သူ့အတွက် ဘဝနိဂုံးချုပ်တဲ့နေရာသာ ဖြစ်သွားပါတော့တယ်။ သူ့ရဲ့ဗိုက်တွေဖောင်းတင်း၊ ပျုံ့ခြင်းနှင့် အစာအိမ်နာကျင်ခြင်း စသည့်လက္ခဏာတွေ စတင်ဖြစ်ပေါ်လာတာကြောင့် သူ့မိသားစုဝင်တွေ စိတ်ပူလာပါတယ်။

ဒါ့ကြောင့် ဆေးဝါးကုသမှုပြုလုပ်ရန် ဆေးရုံတစ်ခုသို့ ခေါ်ယူသွားပြီး ရောဂါကို စစ်ထုတ်ကြည့်ရာတွင် အသက်ဆုံးရှုံးမှုဖြစ်စေနိုင်တဲ့ အစာအိမ်ကင်ဆာရှိနေတာကို စိတ်တုန်လှုပ်စရာပင် တွေ့ရှိသွားပါတယ်။ ကင်ဆာက တခြားခန္ခာကိုယ်အတွင်းရှိ အစိတ်အပိုင်းတွေကိုပါ ကူးစက်ပျံ့နှံ့သွားပြီဖြစ်တာကြောင့် ၄င်းဆယ်ကျော်သက်ကလေးအတွက် ကြာကြာအသက်ရှင်ဖို့ မျှော်လင့်စရာမရှိပါဘူး။ တစ်နှစ်ကျော်ပြီး နောက်ဆုံးတွင် သူ့အသက်ထွက်သွားပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အချဉ်သနပ်အစားအစာတွေ၊ ၀က်အူချောင်းတွေ၊ အသားကင်တွေနဲ့ အသင့်ချက်ပြုတ်နိုင်ရန် ထုတ်လုပ်ထားသည့် ခေါက်ဆွဲထုပ်တွေကို လျှော့စားဖို့ ကင်ဆာရောဂါပညာရှင် ဒေါက်တာ Gan မှ လူထုကို သတိပေးနိုးဆော်လိုက်ပါတယ်။ Ref: Thawn Khai.. Source: World of Buzz

About the author

ilove

Leave a Comment