Shwe News
ကျောက်ဂူဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်ကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ဦးခိုက်ပူဇော်ခဲ့တဲ့ ဝေဠုကျော် 🙏🙏🙏
  • Unicode
သရုပ်ဆောင် ဝေဠုကျော်ဟာ ဝေဠုကျော်ဖောင်ဒေးရှင်းကို တည်ထောင်ထားသူဖြစ်ပြီး ပရဟိတမင်းသားကြီးတစ်ဦး ဖြစ်ပါတယ်။
ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်နဲ့ လိုက်လံဆောင်ရွက်ပေးနေတဲ့ အနုပညာပရဟိတသမားတစ်ဦးကတော့ ဝေဠုကျော် ဖြစ်ပါတယ်။
ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားပေါင်းမြောက်မြားစွာ ရိုက်ကူးပြီး မြန်မာ့ရုပ်ရှင်လောကမှာ နေရာတစ်နေရာရသည်အထိ အောင်မြင်မှုတွေရရှိခဲ့တဲ့ ဝေဠုကျော်ဟာ ယခုအချိန်မှာတော့ အနုပညာအလုပ်တွေမလုပ်တော့သလောက် နည်းပါးသွားခဲ့ပါပြီ။
သို့သော်လည်း ဝေဠုကျော်ကတော့ ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးချင်သေးကြောင်း ဖွင့်ပြောခဲ့ပါတယ်။ ငွေရေး၊ ကြေးရေးကြောင့်မဟုတ်ဘဲ သူကြိုက်တဲ့ဇာတ်ရုပ်မျိုးဖြစ်ပါက အခမဲ့ပါ ရိုက်ကူးပေးမယ့်အကြောင်းကိုလည်း ရင်ဖွင့်တောင်းဆိုခဲ့ပါသေးတယ်။
မြန်မာနိုင်ငံအနှံ့အပြားဒုက္ခရောက်ပြီး ကယ်ဆယ်ရေးလိုအပ်နေတဲ့ နေရာတွေမှာလည်း ဝေဠုကျော်ဟာ အလျင်အမြန်သွားရောက်ကူညီမှုတွေ လုပ်ဆောင်တာ အမြဲတွေ့နေရပါတယ်။
ယနေ့ နေပြည်တော်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုဖြင့် ရုတ်တရက် ပျံလွန်တော်မူသွားတဲ့ ကျောက်ဂူတောရဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယ ၏ ဥတုဇရုပ်ကလပ်ကိုလည်း နွားထိုးကြီးဆေးရုံမှ ဆရာတော်ရဲ့ ဇာတိဖြစ်သော ဂန့်ဂေါမြို့နယ်၊ ကန်ဒေသ ရေထွက်ကျောက်ဂူ တောရကျောင်းတိုက်သို့ ပို့ဆောင်ရာတွင် သရုပ်ဆောင်ဝေဠုကျော်က ကိုယ်တိုင်ကိုယ်ကျသွားရောက် ဦးခိုက်ပူဇော်ပြီး လိုအပ်နေသော အကူညီများကို ဝိုင်းဝန်းကူညီခဲ့ပါသေးတယ်။ Credit: We Love Cele
About the author
ilove
Leave a Comment