Shwe News

ကားႏွင့္ပတ္သတ္၍ အလုပ္လုပ္မည္ဆိုပါက သိထားသင့္ေသာ လုပ္ငန္းအလိုက္ လုပ္ငန္းလိုင္စင္ အမ်ိဳးအစားမ်ား

ကားႏွင့္ပတ္သတ္၍ အလုပ္လုပ္မည္ ဆိုပါက သိထားသင့္ေသာ လုပ္ငန္းအလိုက္ လုပ္ငန္းလိုင္စင္ အမ်ိဳးအစားမ်ား… လုပ္ငန္းလိုင္းစင္မ်ားကေတာ့ “က” “ခ” “ဂ” “ဃ” “င” ဆိုၿပီး ရွိပါတယ္။ ေနာက္ဆံုးကစလို႔ ေျပာၾကည့္ရေအာင္။

အိမ္မွာကားေလးဝယ္ထားတယ္။ ဥပမာ ဟိုက္ဂ်က္လိုမ်ိဳးေလးေပါ့။ ကိုယ္ပိုင္ကားေလး နံပါတ္အနက္နဲ႔ တႏိုင္တပိုင္ စီးပြားေရးေလးလုပ္လို႔ အိမ္ဆိုင္ေလးနဲ႔ အျခားအလုပ္ေလးအတြက္ ပစၥည္းေလးေတြ သယ္မယ္ ပို႔မယ္ဆိုရင္ အဲ႔ဒီ “c” ကိုယ္ပိုင္ စီးပြားပို႔ေဆာင္ခြင့္ လုပ္ငန္းလိုင္စင္ေလး လုပ္ထားရပါမယ္။ (အစိမ္းေရာင္) မိမိလုပ္ငန္းအမ်ိဳးအစားပါ ေဖာ္ျပလို႔ေပါ့။ (ဥပမာ- ကုန္မာ/စားေသာက္ကုန္/အလွကုန္ စသည့္ျဖင့္)

  • “ဃ လိုင္စင္”

“ဃ” လုပ္ငန္းလိုင္စင္ကေတာ့ ႏိုင္ငံျခားသားခရီးသည္ေတြကို Taxi လုပ္တာပါ (ပဋိညာဥ္ပို႔ေဆာင္ခြင့္) ကားနံပါတ္ကလဲအျပာ လုပ္ငန္းလိုင္စင္ “ဃ” ကလဲ အျပာပါ။

  • “ဂ လိုင္စင္ “

“ဂ” လုပ္ငန္းလိုင္စင္က လက္ရွိေျပးဆြဲေနတဲ႔ Taxi ေတြ အတြက္ပါ။ စင္လံုးငွားပို႔ေဆာင္ခြင့္ နံပါတ္အနီ လုပ္ငန္းလိုင္စင္အနီပါ။

  • ” ခ လိုင္စင္ “

“ခ” လုပ္ငန္းလိုင္စင္ကေတာ့ ခရီးသည္ပို႔ေဆာင္ခြင့္ပါ။ အခုေျပးဆြဲေနတဲ႔ လိုင္းကားေတြ Express ေတြမွာ အဲ႔ဒီ “ခ” လုပ္ငန္းလိုင္စင္ လုပ္ထားတယ္ေလ။

  • “က လိုင္စင္ “

ေနာက္တစ္ခုက ကုန္စည္ပို႔ေဆာင္ခြင့္ “က” လုပ္ငန္းလိုင္စင္ပါ။ ကုန္စည္ သယ္ယူ ပို႔ေဆာင္မယ္ဆိုရင္ “က” လုပ္ငန္းလိုင္စင္ လုပ္ထားလိုက္ပါ။ “က” လုပ္ငန္းလိုင္စင္ဆိုရင္ စပယ္ယာလိုၿပီဆိုတာလဲ မေမ႔ပါနဲ႔။

  • “စ လိုင္စင္”

တစ္ခါတေလမွသာေတြ႔ရတဲ႔ “စ” လုပ္ငန္းလိုင္စင္ဆိုတာ ယာယီပို႔ေဆာင္ခြင့္(သို႔) အထူးလိုအပ္ခ်က္မ်ား ျဖည့္တင္းရန္အတြက္ လည္းေကာင္း လိုင္စင္အသစ္လဲလွယ္ခ်ိန္ ရက္ၾကာေနပါက အသံုးျပဳတဲ႔ လုပ္ငန္းလိုင္စင္ပါ။ ဘုရားဖူး ကားေတြမွာ ေတြ႔ရပါတယ္။ကားႏွင့္ပတ္သတ္၍ အလုပ္လုပ္မည္ဆိုလွ်င္ မသိေသးပါက ေလ့လာလို႔ရပါၿပီဗ်ာ။ Credit: ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

  • Unicode

ကားနှင့်ပတ်သတ်၍ အလုပ်လုပ်မည် ဆိုပါက သိထားသင့်သော လုပ်ငန်းအလိုက် လုပ်ငန်းလိုင်စင် အမျိုးအစားများ… လုပ်ငန်းလိုင်းစင်များကတော့ “က” “ခ” “ဂ” “ဃ” “င” ဆိုပြီး ရှိပါတယ်။ နောက်ဆုံးကစလို့ ပြောကြည့်ရအောင်။

အိမ်မှာကားလေးဝယ်ထားတယ်။ ဥပမာ ဟိုက်ဂျက်လိုမျိုးလေးပေါ့။ ကိုယ်ပိုင်ကားလေး နံပါတ်အနက်နဲ့ တနိုင်တပိုင် စီးပွားရေးလေးလုပ်လို့ အိမ်ဆိုင်လေးနဲ့ အခြားအလုပ်လေးအတွက် ပစ္စည်းလေးတွေ သယ်မယ် ပို့မယ်ဆိုရင် အဲ့ဒီ “c” ကိုယ်ပိုင် စီးပွားပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်လေး လုပ်ထားရပါမယ်။ (အစိမ်းရောင်) မိမိလုပ်ငန်းအမျိုးအစားပါ ဖော်ပြလို့ပေါ့။ (ဥပမာ- ကုန်မာ/စားသောက်ကုန်/အလှကုန် စသည့်ဖြင့်)

  • “ဃ လိုင်စင်”

“ဃ” လုပ်ငန်းလိုင်စင်ကတော့ နိုင်ငံခြားသားခရီးသည်တွေကို Taxi လုပ်တာပါ (ပဋိညာဉ်ပို့ဆောင်ခွင့်) ကားနံပါတ်ကလဲအပြာ လုပ်ငန်းလိုင်စင် “ဃ” ကလဲ အပြာပါ။

  • “ဂ လိုင်စင် “

“ဂ” လုပ်ငန်းလိုင်စင်က လက်ရှိပြေးဆွဲနေတဲ့ Taxi တွေ အတွက်ပါ။ စင်လုံးငှားပို့ဆောင်ခွင့် နံပါတ်အနီ လုပ်ငန်းလိုင်စင်အနီပါ။

  • ” ခ လိုင်စင် “

“ခ” လုပ်ငန်းလိုင်စင်ကတော့ ခရီးသည်ပို့ဆောင်ခွင့်ပါ။ အခုပြေးဆွဲနေတဲ့ လိုင်းကားတွေ Express တွေမှာ အဲ့ဒီ “ခ” လုပ်ငန်းလိုင်စင် လုပ်ထားတယ်လေ။

  • “က လိုင်စင် “

နောက်တစ်ခုက ကုန်စည်ပို့ဆောင်ခွင့် “က” လုပ်ငန်းလိုင်စင်ပါ။ ကုန်စည် သယ်ယူ ပို့ဆောင်မယ်ဆိုရင် “က” လုပ်ငန်းလိုင်စင် လုပ်ထားလိုက်ပါ။ “က” လုပ်ငန်းလိုင်စင်ဆိုရင် စပယ်ယာလိုပြီဆိုတာလဲ မမေ့ပါနဲ့။

  • “စ လိုင်စင်”

တစ်ခါတလေမှသာတွေ့ရတဲ့ “စ” လုပ်ငန်းလိုင်စင်ဆိုတာ ယာယီပို့ဆောင်ခွင့်(သို့) အထူးလိုအပ်ချက်များ ဖြည့်တင်းရန်အတွက် လည်းကောင်း လိုင်စင်အသစ်လဲလှယ်ချိန် ရက်ကြာနေပါက အသုံးပြုတဲ့ လုပ်ငန်းလိုင်စင်ပါ။ ဘုရားဖူး ကားတွေမှာ တွေ့ရပါတယ်။ကားနှင့်ပတ်သတ်၍ အလုပ်လုပ်မည်ဆိုလျှင် မသိသေးပါက လေ့လာလို့ရပါပြီဗျာ။ Credit: ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

About the author

ilove

Leave a Comment