Shwe News

ရိုးသားျဖဴစင္တဲ့အခ်စ္ဆိုတာ ကိုေက်ာ္ဟိန္းနဲ႔ကြ်န္မပဲဆိုတဲ့ ခ်ိဳျပံဳး

Zawgyi ျဖင့္ဖတ္ပါ

အခုအခ်ိန္မွာသာသနာ့အရိပ္မွာ ေအးခ်မ္းသာယာစြာခိုနားေနျပီျဖစ္တဲ့ မင္းသားၾကီးဦးေက်ာ္ဟိန္းနဲ႔ အခုထိရုပ္ရွင္ေတြရိုက္ေနဆဲျဖစ္တဲ့ မင္းသမီးၾကီးခ်ိဳျပံဳးတုိ႔ဟာဆိုရင္ ငယ္ငယ္ကတည္းက ရုပ္ရွင္ကားေပါင္းေျမာက္မ်ားစြာအတူရိုက္ကူးခဲ့ၾကတာပါ။ မင္းသားမင္းသမီးေတြထဲမွာနွစ္ေယာက္သားအတြဲညီတဲ့စံုတြဲေလးလည္းျဖစ္ခဲ့သလို ပရိသတ္ခ်စ္တာအခံရဆံုးတဲြဘက္ေတြလည္းျဖစ္ခဲ့ပါတယ္။ အန္တီခ်ိဳျပံဳးက အလင္းတန္းဂ်ာနယ္နဲ႔အင္တာဗ်ဴးမွာ မင္းသားၾကီးေက်ာ္ဟိန္းနဲ႔ငယ္စဥ္ကအမွတ္တရေတြကုိေအာက္ေမ့သတိရဖြယ္ေျဖၾကားေပးခဲ့ပါတယ္။

အန္တီခ်ိဳျပံဳးက မင္းသားေက်ာ္ဟိန္းနဲ႔ရိုးသားျဖဴစင္တဲ့အခ်စ္မ်ိဳးပုိင္ဆိုင္ခဲ့ရေၾကာင္းကုိ “မင္းသားထဲမွာကုိေက်ာ္ဟိန္းနဲ႔ကြ်န္မက တကယ့္သူငယ္ခ်င္း Best Friend, တကယ့္သူငယ္ခ်င္း၊ကြ်န္မတို႔ကအရမ္းခ်စ္တာ။ အခုထိလည္း ဦးဇင္းၾကီးနဲ႔ သံေယာဇဥ္ရွိတယ္။ တကယ့္ရိုးသားျဖဴစင္တဲ့အခ်စ္တကယ္ရွိတယ္ဆိုတာ ကုိေက်ာ္ဟိန္းနဲ႔ကြ်န္မပဲ။ တကယ္ရိုးသားတဲ့ျဖဴစင္တဲ့အခ်စ္ တကယ္ရွိတယ္ဆိုတာ ကြ်န္မအာမခံျပီးေျပာရဲတယ္”လို႔ ေျပာျပထားပါတယ္။

ဦးေက်ာ္ဟိန္းက အန္တီခ်ိဳျပံဳးကုိအရမ္းကုိအလိုလိုက္ျပီး ဘာပဲျဖစ္ျဖစ္လိုက္လုပ္ေပးေၾကာင္းကုိလည္း “ကြ်န္မကလည္းအရမ္းခ်စ္တယ္။သူကလည္းအရမ္းခ်စ္တယ္။အဲဒီလိုအခ်ိန္မ်ိဳး သူက ကြ်န္မဘာပဲလုပ္ခ်င္ခ်င္လုိက္လုပ္ေပးတယ္။အလိုလိုက္တယ္။ ငယ္ငယ္တုန္းက သမီးနဲ႔မေတြ႕ရဘူးေလ။ အဲဒါ သမီးၾကီး စိမ့္စိမ့္သူကို သြားခိုးမယ္ဆိုရင္လည္း ကြ်န္မကုိသြားခိုးေပးတယ္။ အဲ့လိုမ်ိဳးေပါ့။အဲ့လုိခ်စ္ၾကတာ။ ကြ်န္မဘာျဖစ္ခ်င္ျဖစ္ခ်င္ သူကအလိုလိုက္တယ္”လုိ႔ ေအာက္ေမ့သတိရဖြယ္ေျပာျပေပးသြားပါတယ္။

အန္တီခ်ိဳျပံဳးက ဦးေက်ာ္ဟိန္းနဲ႔အျပန္အလွန္ေခၚတဲ့ နာမည္ေျပာင္ေလးေတြအေၾကာင္းကုိလည္း “ေဒါင္းေယာင္ေဆာင္ေသာက်ီးဇာတ္လမ္းထဲမွာ သူ႔ကုိ မာမီေက်ာ္ ေခၚရင္းေခၚရင္းနဲ႔ပဲ မာမီေက်ာ္မာမီေက်ာ္ျဖစ္သြားတာ။သူက ကြ်န္မကုိ ခ်ိဳရီေကတဲ့။ အဲဒီထဲမွာ ကြ်န္မနာမည္က ခ်ဳိရီေလ။ ေတာလိုေခၚတာခ်ိဳရီေက ခ်ိဳရီေကဆိုျပီး အဲဒါသူ ဘုန္းၾကီးဝတ္သြားတဲ့အထိ ခ်ိဳရီေကပဲေခၚေတာ့တာ”လို႔ ေျပာျပထားပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဦးေက်ာ္ဟိန္းနဲ႔ အန္တီခ်ိဳျပံဳးတုိ႔ရဲ႕ရုပ္ရွင္ေတြကုိ နွစ္သက္ၾကလား။ သူတို႔ရုပ္ရွင္ေတြထဲက ဘယ္တစ္ခုကုိအၾကိဳက္ဆံုးလဲ။ေျပာခဲ့ၾကဦးေနာ္။

Credit to ။ေျပာခ်င္လြန္းလို႔

……………………………….

Unicode ဖြင့်ဖတ်ပါ

အခုအချိန်မှာသာသနာ့အရိပ်မှာ အေးချမ်းသာယာစွာခိုနားနေပြီဖြစ်တဲ့ မင်းသားကြီးဦးကျော်ဟိန်းနဲ့ အခုထိရုပ်ရှင်တွေရိုက်နေဆဲဖြစ်တဲ့ မင်းသမီးကြီးချိုပြုံးတို့ဟာဆိုရင် ငယ်ငယ်ကတည်းက ရုပ်ရှင်ကားပေါင်းမြောက်များစွာအတူရိုက်ကူးခဲ့ကြတာပါ။ မင်းသားမင်းသမီးတွေထဲမှာနှစ်ယောက်သားအတွဲညီတဲ့စုံတွဲလေးလည်းဖြစ်ခဲ့သလို ပရိသတ်ချစ်တာအခံရဆုံးတွဲဘက်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်တီချိုပြုံးက အလင်းတန်းဂျာနယ်နဲ့အင်တာဗျူးမှာ မင်းသားကြီးကျော်ဟိန်းနဲ့ငယ်စဉ်ကအမှတ်တရတွေကိုအောက်မေ့သတိရဖွယ်ဖြေကြားပေးခဲ့ပါတယ်။

အန်တီချိုပြုံးက မင်းသားကျော်ဟိန်းနဲ့ရိုးသားဖြူစင်တဲ့အချစ်မျိုးပိုင်ဆိုင်ခဲ့ရကြောင်းကို “မင်းသားထဲမှာကိုကျော်ဟိန်းနဲ့ကျွန်မက တကယ့်သူငယ်ချင်း Best Friend, တကယ့်သူငယ်ချင်း၊ကျွန်မတို့ကအရမ်းချစ်တာ။ အခုထိလည်း ဦးဇင်းကြီးနဲ့ သံယောဇဉ်ရှိတယ်။ တကယ့်ရိုးသားဖြူစင်တဲ့အချစ်တကယ်ရှိတယ်ဆိုတာ ကိုကျော်ဟိန်းနဲ့ကျွန်မပဲ။ တကယ်ရိုးသားတဲ့ဖြူစင်တဲ့အချစ် တကယ်ရှိတယ်ဆိုတာ ကျွန်မအာမခံပြီးပြောရဲတယ်”လို့ ပြောပြထားပါတယ်။

ဦးကျော်ဟိန်းက အန်တီချိုပြုံးကိုအရမ်းကိုအလိုလိုက်ပြီး ဘာပဲဖြစ်ဖြစ်လိုက်လုပ်ပေးကြောင်းကိုလည်း “ကျွန်မကလည်းအရမ်းချစ်တယ်။သူကလည်းအရမ်းချစ်တယ်။အဲဒီလိုအချိန်မျိုး သူက ကျွန်မဘာပဲလုပ်ချင်ချင်လိုက်လုပ်ပေးတယ်။အလိုလိုက်တယ်။ ငယ်ငယ်တုန်းက သမီးနဲ့မတွေ့ရဘူးလေ။ အဲဒါ သမီးကြီး စိမ့်စိမ့်သူကို သွားခိုးမယ်ဆိုရင်လည်း ကျွန်မကိုသွားခိုးပေးတယ်။ အဲ့လိုမျိုးပေါ့။အဲ့လိုချစ်ကြတာ။ ကျွန်မဘာဖြစ်ချင်ဖြစ်ချင် သူကအလိုလိုက်တယ်”လို့ အောက်မေ့သတိရဖွယ်ပြောပြပေးသွားပါတယ်။

အန်တီချိုပြုံးက ဦးကျော်ဟိန်းနဲ့အပြန်အလှန်ခေါ်တဲ့ နာမည်ပြောင်လေးတွေအကြောင်းကိုလည်း “ဒေါင်းယောင်ဆောင်သောကျီးဇာတ်လမ်းထဲမှာ သူ့ကို မာမီကျော် ခေါ်ရင်းခေါ်ရင်းနဲ့ပဲ မာမီကျော်မာမီကျော်ဖြစ်သွားတာ။သူက ကျွန်မကို ချိုရီကေတဲ့။ အဲဒီထဲမှာ ကျွန်မနာမည်က ချိုရီလေ။ တောလိုခေါ်တာချိုရီကေ ချိုရီကေဆိုပြီး အဲဒါသူ ဘုန်းကြီးဝတ်သွားတဲ့အထိ ချိုရီကေပဲခေါ်တော့တာ”လို့ ပြောပြထားပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဦးကျော်ဟိန်းနဲ့ အန်တီချိုပြုံးတို့ရဲ့ရုပ်ရှင်တွေကို နှစ်သက်ကြလား။ သူတို့ရုပ်ရှင်တွေထဲက ဘယ်တစ်ခုကိုအကြိုက်ဆုံးလဲ။ပြောခဲ့ကြဦးနော်။

Credit -Original

About the author

Shwe News

Leave a Comment