Shwe News

တန္ေဆာင္မုန္းလျပည္႕ည၌ ပစၥည္းခုိးရျခင္းအေၾကာင္း(က်ီးမနိုးပြဲ)

  • Zawgyi
  • သူခ္ိုးည ( လုံးဝ )မဟုတ္​ပါ
  • တန္​​ေဆာင္​မုန္​းလျပည္​့ညသည္​ သူခိုးည
    လုံးဝမဟုတ္​ပါ။
  • တန္​​ေဆာင္​မုန္​းလျပည္​့ညသည္​
    ဗုဒၶဘာသာဝင္​တို႔၏ ​ေန႔ထူး​ေန႔ျမတ္​ျဖစ္​ပါသည္​။
  • ျမတ္​စြာဘုရားသည္​ အဇာတသတ္​
    ရွင္​ဘုရင္​အား သာမညဖလ သုတ္​​ေတာ္​ကို
    ​ေဟာ​ေတာ္​မူ၍ ဘုရင္​နွင္​့တကြ ​ေနာက္​ပါ
    ျပည္​သူ ( ၁ ) သိန္​းခန္​႔ ဗုဒၶဘာသာျဖစ္​တဲ႔
    ညႀကီးပါ။
  • ဒီလိုႀကီးက်ယ္​ခမ္​းနားတဲ႔ ဗုဒၶဘာသာ
    ​ေန႔ႀကီးကို မသမာသူမ်ားက စုပ္​ျပတ္​​ေအာင္​
    သူခိုးညဆိုၿပီး နာမည္​တပ္​လိုက္​​ေတာ့ အမွန္​တရား ​ေပ်ာက္​ကြယ္​သလိုျဖစ္​သြားပါတယ္​။
  • လြန္ေလျပီးေသာ ေရွးအခါက ေယာက္က်ားသားမ်ားရွင္လိင္ျပန္ၾကရ၀ယ္ ေဆးမင္ေၾကာင္ထုိးသည္႕ဓေလ့သည္ အထင္အရွားရွိခဲ႕၏။ ရွင္ဘုရင္မွအစခ်ီကာ မင္းညီမင္းသား၊
    မွဴးမတ္သူၾကြယ္၊ ကုန္သည္၊လယ္လုပ္
  • အစခ်ီကာ သူရင္းငွားမ်ားစေသာ လူေယာက္က်ားတုိ႕သည္မင္ထုိးၾကေလသည္။
    ယခုေခတ္ကဲ႕သုိ႕ ၾကဳံသလုိထုိးျခင္း မဟုတ္ေခ်။ေဆးမ ွင္ထုိးသည္႕အခါ နကၡတ္ေကာင္း၊
    အခါေကာင္း ေစာင္႕ဆုိင္းကာ ေမွာင္ခန္းေခၚ
    မွင္ထုိးသည္႕ အခန္းတြင္ ကန္ေတာ႕ပြဲေပး၍ ထုိးရသည္။
  • ထုိသုိ႕ ထုိးခဲ႕ျပီးေသာ ေယာက္က်ားတုိ႕သည္
    တန္ေဆာင္မုန္းညနကၡတ္စုံခ်ိန္တြင္ ထုိးထားသည္႕ေၾကာင္တက္ေၾကာင္ဆင္းေဆးအေစာင္႕တုိ႕သည္တန္ခုိးျပသည္ဟု အယူရွိေသာေၾကာင္႕အရွင္မသိေသာပစၥည္းကုိခုိးယူကာ ခုိးကြင္း၌ ထားျမဲျဖစ္၏။
  • ထုိးကြင္းဆုိသည္မွာ ခုိးရာပါပစၥည္းအား
    ဘယ္သူဘယ္၀ါ၏အိမ္မွ ပစၥည္းျဖစ္ေၾကာင္း
    ခုိးကြင္းတြင္ စာကပ္၍ ထားၾကသည္။
    ထုိသုိ႕ခုိးရာတြင္ အသက္ရွိေသာအရာကုိ
    ခုိးယူႏုိင္စြမ္းေသာသူသည္ လူစြမ္းေကာင္းျဖစ္ေလသည္။
  • ေရွးအခါက ႏြားမ်ားႏွင္႕ လူအိပ္ေနေသာ
    ကုတင္ကုိ လူမနႈိးေအာင္ ထမ္း၍ခုိးကြင္း၌
    လာထားၾကသည္။ မနက္မုိးလင္းေသာအခါ
  • ပစၥည္းရွင္မ်ားကသကၤန္းအစုံျဖင္႕ မိမိတုိ႕
    ပစၥည္းကုိ လာေရြးယူၾကျပီး ကထိန္ပြဲကုိ ဆင္ႏြဲရသည္။
    ပစၥည္းခုိး၍ လူမိေသာအခါတြင္ ထုိသူကုိဖမ္း၍ခုိးကြင္းတြင္ ကတုံးတုံးကာ ျပာလူး၍ ထားၾကသည္။
  • ကထိန္ပြဲတြင္ ထုိခုိးသားကုိ ရြာသူၾကီးက
    တရားသူၾကီးလုပ္ကာ တရားဆုိင္ခန္းျဖင္႕
  • ဟာသလုပ္ၾကျပီး ရဟန္း၀တ္ေစျမဲျဖစ္သည္။
    ဒီဘက္​​ေခတ္​​ေရာက္​လာ​ေတာ႔
    တန္​ဘိုးရွိပစၥည္​း​ေတြကို တကယ္​ ခိုးလာၾကတယ္​။
  • လမ္​း​ေတြ​ေပၚမွာ က်က္​သ​ေရမဂၤလာ
    မရွိ​ေအာင္​ ရုပ္​ပ်က္​ ဆင္​းပ်က္​ ဆိုင္​းဘုတ္​
    ​ေတြ ျဖဳတ္​ခ် ၊ အရက္​ ဘီယာ အစားအ​ေသာက္​​ေတြပလူပ်ံ​ေအာင္​ ျပန္​႔က်ဲ​ေနတယ္​။
    အ​ေပ် ာ္​က​ေန အပ် က္​ဘက္​ကို ဦးတည္​လာၾကတယ္​။
  • အမွန္​တရားကို ဗုဒၶဘာသာ ျမန္​မာလူမ်ိဳ ဳ း
    ​ေတြ သိ​ေစခ်င္​၍ရည္​ရြယ္​ရင္​း
  • #မူရင္းေရးသားသူအား_ေလးစားစြာCreditေပးရင္း
  • Crd : H.H

Unicode

  • Zawgyi
  • သူခိုးည ( လုံးဝ )မဟုတ်ပါ
  • တန်ဆောင်မုန်းလပြည့်ညသည် သူခိုးည
    လုံးဝမဟုတ်ပါ။
  • တန်ဆောင်မုန်းလပြည့်ညသည်
    ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
  • မြတ်စွာဘုရားသည် အဇာတသတ်
    ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကို
    ဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါ
    ပြည်သူ ( ၁ ) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့
    ညကြီးပါ။
  • ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာ
    နေ့ကြီးကို မသမာသူများက စုပ်ပြတ်အောင်
    သူခိုးညဆိုပြီး နာမည်တပ်လိုက်တော့ အမှန်တရား ပျောက်ကွယ်သလိုဖြစ်သွားပါတယ်။
  • လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများရှင်လိင်ပြန်ကြရဝယ် ဆေးမင်ကြောင်ထိုးသည့်ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊
    မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ်
  • အစချီကာ သူရင်းငှားများစသော လူယောက်ကျားတို့သည်မင်ထိုးကြလေသည်။
    ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ဆေးမ ှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊
    အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်
    မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။
  • ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည်
    တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့်ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည်တန်ခိုးပြသည်ဟု အယူရှိသောကြောင့်အရှင်မသိသောပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။
  • ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား
    ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း
    ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။
    ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို
    ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။
  • ရှေးအခါက နွားများနှင့် လူအိပ်နေသော
    ကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌
    လာထားကြသည်။ မနက်မိုးလင်းသောအခါ
  • ပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့
    ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။
    ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။
  • ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက
    တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့်
  • ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။
    ဒီဘက်ခေတ်ရောက်လာတော့
    တန်ဘိုးရှိပစ္စည်းတွေကို တကယ် ခိုးလာကြတယ်။
  • လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာ
    မရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ်
    တွေ ဖြုတ်ချ ၊ အရက် ဘီယာ အစားအသောက်တွေပလူပျံအောင် ပြန့်ကျဲနေတယ်။
    အပျေ ာ်ကနေ အပျ က်ဘက်ကို ဦးတည်လာကြတယ်။
  • အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျို ု း
    တွေ သိစေချင်၍ရည်ရွယ်ရင်း
  • #မူရင်းရေးသားသူအား_လေးစားစွာCreditပေးရင်း
  • Crd : H.H

About the author

Shwe News

Leave a Comment