Shwe News

ကမ႓ာ႔ အသက္အငယ္ဆုံး လူသတ္သမား အုပ္စုတဲ့ဗ်ာ.. ဖားကန္ဘက္ကပါ ***

( ဒီပို႔စ္ နဲ႔ ဖားကန္႔မွာ ရွိတဲ့ ဖားကန္႔ၿမိဳ႕နယ္မႉးႀကီး ၊ ဖားကန္႔စခန္းမႉး ၊ လုံးခင္း စခန္းမႉးတို႔အား ဖားကန္႔ၿမိဳ႕နယ္ေန ျပည္သူမ်ား ကိုယ္စား ေလးစားစြာ ဂုဏ္ယူ အသိအမွတ္ ျပဳပါတယ္ ခင္ဗ်ာ း ။ ထြက္ေျပးလြတ္ေျမာက္ေနတဲ့ တရားခံမ်ားကိုလည္း ဖမ္းမိေအာင္ႀကိဳးစားေပးဘို႔ ကိုလည္း ျပည္သူမ်ား ကိုယ္စား ေတာင္းဆိုဆႏၵျပဳပါတယ္ ခင္ဗ်ား )

လူမိုက္ဆိုလို႔ ၾကည့္လိုက္ေတာ့ ျမင္တဲ့အတိုင္းပါပဲ ။တကယ့္ လူငယ္ဆယ္ေက်ာ္သက္ေလးေတြပါ ။ ဒီလူငယ္ေတြက ၂၂.၇.၂၀၁၈ ေန႔ ည ဆယ္နာရီ ဝန္းက်င္က ဖားကန္႔ၿမိဳ႕နယ္ လုံးခင္းေက်းရြာအုပ္စု ေမွာ္စီစာေက်းရြာ စိတၱသုခ ေက်ာင္းနားမွာ ဦးျမင့္ႏိုင္ဆိုသူကို ဓါးျဖင့္ ဝိုင္းခုတ္ၿပီး ပစၥည္းလုယူခဲ့တယ္လို႔ ရဲစစ္ေဆးခ်က္အရ သိရပါတယ္ ။ဦးျမင့္ႏိုင္ဟာ ဓါးဒဏ္ရာေတြနဲ႔ပဲ ေသဆုံးသြားခဲ့ရပါတယ္ ။ ဒီလမ္းေၾကာ အပါအဝင္ ေမွာ္ရြာမ်ားစြာနဲ႔ ဆက္သြယ္ထားတဲ့ ဖားကန္႔ ၿမိဳ႕ ၊လုံးခင္းေက်းရြာအုပ္စု ၊ ဆိပ္မူေက်းရြာအုပ္စု စတဲ့ လမ္းေတြေပၚမွာ ညဥ့္အခ်ိန္မွာ ဆိုင္ကယ္လုၿပီး လူသတ္မႈျဖစ္ခဲ့တာမနည္းပါဘူး ။ တခါမွ တရားခံမမိခဲ့ဘူး ဘူး ။ ခုေတာ့ မိသြားတယ္ၾကားလို႔ ျပည္သူေတြမွာ ဝမ္းသာလို႔မဆုံးၾက ။ ေက်ာက္ေအာင္လို႔ ေပ်ာ္ေနသလားလို႔ေတာင္ ထင္ရတယ္ ။

ဒီလူငယ္ေတြဟာ နမၼျဖစ္ေက်းရြာ ၊ ဆန္းႂကြယ္ေက်းရြာ နဲ႔ ေမွာ္အသီးမွာ ရွိတဲ့ ေျမစာပုံေတြ ၊တပိုင္တႏိုင္ ေက်ာက္စိမ္းတူးတဲ့ေနရာေတြမွာ ေနၾကတာမ်ားပါတယ္ ။ရဲတပ္ဖြဲ႕က ဖမ္းမိထားတဲ့ လူငယ္ေတြကေတာ့ ေအာင္မ်ိဳးလွဳိင္(ခ)မ်ိဳးလွဳိင္ , စန္းႏိုင္ဦး(ခ)အိုက္ေယာ, ရဲလင္းထြန္း(ခ)ဖိုးငို , အပါ(ခ) ေက်ာ္မ်ိဳးထြန္း တို႔ ျဖစ္ပါတယ္ ။ သူတို႔အျပင္ ဖမ္းဆီးရမိျခင္မရွိပဲ ထြက္ေျပးတိမ္းေရွာင္ေနသူအေျမာက္အမ်ား ရွိေနေသးတယ္လို႔လည္း သိရပါတယ္ ။

ဒီလူငယ္ေတြကို လုံးခင္းေက်းရြာအုပ္စု နယ္ေျမရဲစခန္းမႉးက ဖမ္းဆီထိန္းသိမ္းႏိုင္ခဲ့ၿပီး ဒုရဲအုပ္ ထြန္းမင္းက (ပ)၉၆/၁၈ ပုဒ္မ ၃၀၂ လူသတ္မႈ ၊ ၃၂၄ ခၽြန္ထက္ေသာ လက္နက္ျဖင့္ နာက်င္ေစမႈ ၊ ၁၁၄ အားေပးကူညီမႈ စတဲ့ပုဒ္မေတြနဲ႔ ယာယီအမႈဖြင့္ စြဲဆိုထားတယ္လို႔ သိရပါတယ္ ။ က်န္တဲ့ ဥပေဒပိုင္းဆိုင္ရာ လုပ္ငန္းမ်ားကိုေတာ့ ၿမိဳ႕နယ္ ဥပေဒအရာရွိ၏ အၾကံျပဳခ်က္အတိုင္ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္ ။

ေဇာ္မိုးထက္ ( ဖားကန္႔ )

ဓါတ္ပုံ -လုံးခင္း ရဲစခန္း

..

Unicode

( ဒီပို့စ် နဲ့ ဖားကန့်မှာ ရှိတဲ့ ဖားကန့်မြို့နယ်မှူးကြီး ၊ ဖားကန့်စခန်းမှူး ၊ လုံးခင်း စခန်းမှူးတို့အား ဖားကန့်မြို့နယ်နေ ပြည်သူများ ကိုယ်စား လေးစားစွာ ဂုဏ်ယူ အသိအမှတ် ပြုပါတယ် ခင်ဗျာ း ။ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံများကိုလည်း ဖမ်းမိအောင်ကြိုးစားပေးဘို့ ကိုလည်း ပြည်သူများ ကိုယ်စား တောင်းဆိုဆန္ဒပြုပါတယ် ခင်ဗျား )

လူမိုက်ဆိုလို့ ကြည့်လိုက်တော့ မြင်တဲ့အတိုင်းပါပဲ ။တကယ့် လူငယ်ဆယ်ကျော်သက်လေးတွေပါ ။ ဒီလူငယ်တွေက ၂၂.၇.၂၀၁၈ နေ့ ည ဆယ်နာရီ ဝန်းကျင်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ စိတ္တသုခ ကျောင်းနားမှာ ဦးမြင့်နိုင်ဆိုသူကို ဓါးဖြင့် ဝိုင်းခုတ်ပြီး ပစ္စည်းလုယူခဲ့တယ်လို့ ရဲစစ်ဆေးချက်အရ သိရပါတယ် ။ဦးမြင့်နိုင်ဟာ ဓါးဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့ရပါတယ် ။ ဒီလမ်းကြော အပါအဝင် မှော်ရွာများစွာနဲ့ ဆက်သွယ်ထားတဲ့ ဖားကန့် မြို့ ၊လုံးခင်းကျေးရွာအုပ်စု ၊ ဆိပ်မူကျေးရွာအုပ်စု စတဲ့ လမ်းတွေပေါ်မှာ ညဉ့်အချိန်မှာ ဆိုင်ကယ်လုပြီး လူသတ်မှုဖြစ်ခဲ့တာမနည်းပါဘူး ။ တခါမှ တရားခံမမိခဲ့ဘူး ဘူး ။ ခုတော့ မိသွားတယ်ကြားလို့ ပြည်သူတွေမှာ ဝမ်းသာလို့မဆုံးကြ ။ ကျောက်အောင်လို့ ပျော်နေသလားလို့တောင် ထင်ရတယ် ။

ဒီလူငယ်တွေဟာ နမ္မဖြစ်ကျေးရွာ ၊ ဆန်းကြွယ်ကျေးရွာ နဲ့ မှော်အသီးမှာ ရှိတဲ့ မြေစာပုံတွေ ၊တပိုင်တနိုင် ကျောက်စိမ်းတူးတဲ့နေရာတွေမှာ နေကြတာများပါတယ် ။ရဲတပ်ဖွဲ့က ဖမ်းမိထားတဲ့ လူငယ်တွေကတော့ အောင်မျိုးလှိုင်(ခ)မျိုးလှိုင် , စန်းနိုင်ဦး(ခ)အိုက်ယော, ရဲလင်းထွန်း(ခ)ဖိုးငို , အပါ(ခ) ကျော်မျိုးထွန်း တို့ ဖြစ်ပါတယ် ။ သူတို့အပြင် ဖမ်းဆီးရမိခြင်မရှိပဲ ထွက်ပြေးတိမ်းရှောင်နေသူအမြောက်အများ ရှိနေသေးတယ်လို့လည်း သိရပါတယ် ။

ဒီလူငယ်တွေကို လုံးခင်းကျေးရွာအုပ်စု နယ်မြေရဲစခန်းမှူးက ဖမ်းဆီထိန်းသိမ်းနိုင်ခဲ့ပြီး ဒုရဲအုပ် ထွန်းမင်းက (ပ)၉၆/၁၈ ပုဒ်မ ၃၀၂ လူသတ်မှု ၊ ၃၂၄ ချွန်ထက်သော လက်နက်ဖြင့် နာကျင်စေမှု ၊ ၁၁၄ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ ယာယီအမှုဖွင့် စွဲဆိုထားတယ်လို့ သိရပါတယ် ။ ကျန်တဲ့ ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းများကိုတော့ မြို့နယ် ဥပဒေအရာရှိ၏ အကြံပြုချက်အတိုင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ် ။

ဇော်မိုးထက် ( ဖားကန့် )

ဓါတ်ပုံ -လုံးခင်း ရဲစခန်း

About the author

Shwe News

Leave a Comment