Shwe News

႐ုရွားသမၼတပူတင္က အီဂ်စ္သမၼတအတြက္ ကိုယ္တိုင္ကားေမာင္းေပး

႐ုရွားႏိုင္ငံ ဆိုခ်ီၿမိဳ႕ရွိ ေဖာ္ျမဴလာ ဝမ္းေျပးလမ္းကို ႐ုရွားသမၼတဗလာဒီမာပူ တင္က ကိုယ္တိုင္ကားေမာင္းကာ အီဂ်စ္ သမၼတ စီစီကို လိုက္ျပခဲ့သည္။ အီဂ်စ္ သမၼတကို လိုက္ျပရန္အတြက္ ပူတင္က Aurus sedan ကားကို ၎၏ယာဥ္တန္း ထဲမွ ေ႐ြးခ်ယ္ခဲ့သည္။ ေခါင္းေဆာင္ႀကီး ႏွစ္ဦးသား ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ တြင္ ပူတင္က ေဖာ္ျမဴလာဝမ္းကားၿပိဳင္ပြဲအ တြက္ ႐ုရွားက အိမ္ရွင္အျဖစ္ လက္ခံ က်င္းပခဲ့ရာ ကြင္းကို စီစီအား ကားေမာင္း လိုက္ျပခဲ့ျခင္းျဖစ္သည္။

ထိုကားသည္ သမၼတပူတင္အတြက္ ထုတ္လုပ္ထား သည့္ ႐ုရွားလုပ္အထူးကားျဖစ္သည္။ ေမလတြင္ျပဳလုပ္ခဲ့သည့္ သမၼတ က်မ္း သစၥာက်ိန္ဆိုပြဲတြင္ ယင္းကို စတင္ပြဲ ထုတ္ခဲ့သည္။ ကုန္သြယ္ေရးဝန္ႀကီးက Aurus အမ်ိဳးအစား အျခားကားႏွစ္ စင္းကိုလည္း သမၼတႏွစ္ဦးအား ျပသခဲ့ ေသးသည္။ ယင္းႏွစ္စီးလုံးသည္လည္း ႐ုရွားသမၼတ၏ယာဥ္တန္းတြင္ ပါဝင္ သည္။

သို႔ေသာ္ ႐ုရွားျဖစ္ကားကို မ်က္စိ ျဖင့္ၾကည့္႐ုံျဖင့္ ေကာင္းေၾကာင္းေကာင္း ေကာင္းမသိႏိုင္သျဖင့္ ပူတင္က ကိုယ္ တိုင္တက္ေမာင္းကာ စီစီကို ကားေကာင္း ေၾကာင္းျပခဲ့သည္။ ယင္းကားမ်ားကို ပူ တင္က ယခင္ကလည္း ကမၻာ့ေခါင္းေဆာင္ အခ်ိဳ႕ကို ျပသခဲ့ဖူးသည္။ သို႔ေသာ္ ကိုယ္ တိုင္ကားေမာင္းေပးသည္မွာမူ ယခုအ ႀကိမ္သည္ ပထမဦးဆုံးျဖစ္သည္။

(RT, 20.10.18) ခ်ယ္ရီ

  • Unicode

ရုရှားနိုင်ငံ ဆိုချီမြို့ရှိ ဖော်မြူလာ ဝမ်းပြေးလမ်းကို ရုရှားသမ္မတဗလာဒီမာပူ တင်က ကိုယ်တိုင်ကားမောင်းကာ အီဂျစ် သမ္မတ စီစီကို လိုက်ပြခဲ့သည်။ အီဂျစ် သမ္မတကို လိုက်ပြရန်အတွက် ပူတင်က Aurus sedan ကားကို ၎င်း၏ယာဉ်တန်း ထဲမှ ရွေးချယ်ခဲ့သည်။ ခေါင်းဆောင်ကြီး နှစ်ဦးသား တွေ့ဆုံဆွေးနွေးပြီးနောက် တွင် ပူတင်က ဖော်မြူလာဝမ်းကားပြိုင်ပွဲအ တွက် ရုရှားက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ရာ ကွင်းကို စီစီအား ကားမောင်း လိုက်ပြခဲ့ခြင်းဖြစ်သည်။

ထိုကားသည် သမ္မတပူတင်အတွက် ထုတ်လုပ်ထား သည့် ရုရှားလုပ်အထူးကားဖြစ်သည်။ မေလတွင်ပြုလုပ်ခဲ့သည့် သမ္မတ ကျမ်း သစ္စာကျိန်ဆိုပွဲတွင် ယင်းကို စတင်ပွဲ ထုတ်ခဲ့သည်။ ကုန်သွယ်ရေးဝန်ကြီးက Aurus အမျိုးအစား အခြားကားနှစ် စင်းကိုလည်း သမ္မတနှစ်ဦးအား ပြသခဲ့ သေးသည်။ ယင်းနှစ်စီးလုံးသည်လည်း ရုရှားသမ္မတ၏ယာဉ်တန်းတွင် ပါဝင် သည်။

သို့သော် ရုရှားဖြစ်ကားကို မျက်စိ ဖြင့်ကြည့်ရုံဖြင့် ကောင်းကြောင်းကောင်း ကောင်းမသိနိုင်သဖြင့် ပူတင်က ကိုယ် တိုင်တက်မောင်းကာ စီစီကို ကားကောင်း ကြောင်းပြခဲ့သည်။ ယင်းကားများကို ပူ တင်က ယခင်ကလည်း ကမ္ဘာ့ခေါင်းဆောင် အချို့ကို ပြသခဲ့ဖူးသည်။ သို့သော် ကိုယ် တိုင်ကားမောင်းပေးသည်မှာမူ ယခုအ ကြိမ်သည် ပထမဦးဆုံးဖြစ်သည်။

(RT, 20.10.18) ချယ်ရီ

About the author

ilove

Leave a Comment