Shwe News
လပေါ်ကို လူတွေ ဘာကြောင့်ထပ်မသွားတော့တာလဲဆိုတဲ့ အကြောင်းရင်း
  • Unicode
အခုနှစ်ပိုင်းတွေမှာ လပေါ်ကို စူးစမ်းလေ့လာရေးအဖြစ်ထပ်မသွားတော့တာကို သင်သတိထားမိမှာပါ ။ အမေရိကန် အာကာသအေဂျင်စီ ၊ Ufologists နဲ့ သုတေသီတွေဟာ လပေါ်မှာဖြစ်နေတဲ့အရာတွေကိုလျို့ဝှက်ထားခဲ့ပါတယ် ။လပေါ်မှာ ဂြိုလ်သားတွေရဲ့စခန်းရှိကြောင်း သက်သေတွေထွက်ပေါ်လာခဲ့တယ် ။တကယ်တမ်းလပေါ်မှာဘာတွေဖြစ်နေလဲဆိုတာကို အေဂျင်ဆီတွေကတစ်ဆင့်တိုးတိုးတိတ်တိတ်အသံလေးတွေကြားခဲ့ရတယ် ။ ဒါကတော့ လပေါ်မှာ ဂြိုလ်သားတွေစခန်းဆောက်နေတဲ့အတွက် ထပ်မသွားတော့တာဖြစ်တဲ့အကြောင်းပါပဲ ။ကျွန်တော်တို့ရဲ့နည်းပညာနဲ့ဆိုရင် လပေါ်မှာဘာလို့စခန်းမဆောက်နိုင်ရမှာလဲ ။ကမ္ဘာ့အပြင်ဘက်က အာကာသထဲမှာ စခန်းဆောက်တာထက်စာရင် လပေါ်မှာအခြေချပြီးတော့စခန်းဆောက်တာက ပိုအဆင်မပြေဘူးလား ။
လပေါ်မှာ Luna လို့ခေါ်တဲ့ ဂြိုလ်သားမိုင်းတူးလုပ်ငန်းတွေလုပ်ကိုင်နေကြပြီး… သူတို့ရဲ့မိခင်ယာဉ်ကြီးမှာနေထိုင်ကြပြီးကမ္ဘာကို ယာဉ်ငယ်တွေနဲ့လာရောက်ကြကြောင်း US Naval Intelligence Community မှMilon Cooper ကပြောခဲ့ပါတယ် ။ ထို့အပြင်
အမည်မသိအရာတွေလည်း လမျက်နှာပြင်ပေါ်မှာတွေ့ရပါသေးတယ် ။ဒီအချက်အလက်တွေကိုတော့ အစိုးရက နဲ့ သိပ္ပံပညာရှင်တွေက ဖုံးကွယ်ထားခဲ့ပါတယ် ။တကယ်တမ်းမှာ ဂြိုလ်သားစခန်းရှိနေတာဆိုရင်တော့ သေချာတော့မသိနိုင်ပါဘူး ။ဒါပေမယ့်လပေါ်မှာ မရှိနိုင်တဲ့ ကြေးဝါရယ် ၊ ယူရေနီယံ ၂၃၆ ဒြပ်စင်ရယ် ၊ နက်ပကျူနီယံ ၂၃၇ ဒြပ်စင်ရယ်ကိုရှာဖွေတွေ့ရှိခဲ့တာကရောတိုက်ဆိုင်မှုတစ်ခုပဲလား ။
သဘာဝအနေအထားအရဒီလိုဒြပ်စစ်တွေဖြစ်လာစရာအကြောင်းမရှိဘူး ။ယူရေနီယံ ၂၃၆ ဟာ နျူကလိယဒြပ်ပေါင်းဖိုတွေကထွက်လာတဲ့ယူရေနီယံအကြွင်းအကျန်တွေပဲဖြစ်တယ် ။ပိုပြီးစိတ်ဝင်စားစရာကောင်းတာက နက်ပကျူနီယံ ၂၃၇ ဟာ ပလူတိုနီယံထုတ်လုပ်တဲ့အခါမှာ ထွက်ရှိလာတဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတစ်ခုဖြစ်နေတာပါပဲ ။
လပေါ်ကကျောက်တုံးတွေမှာလည်း ထူးဆန်းတဲ့ တိုက်တေနီယံသတ္တုအမျိုးအစားတွေတွေ့ရကြောင်း ဓါတုဗေဒနိုဗယ်ဆုရှင် Dr.Harold Urey ကပြောပါတယ် ။တိုက်တေနီယမ်ဘယ်လိုမှမရှိနိုင်တဲ့နေရာက နမူနာတွေမှာ တိုက်တေနီယံသတ္တုတွေ့တာဟာ ပညာရှင်တွေအတွက်တော့ ခေါင်းကိုက်စရာတစ်ခုပါပဲ ။
နာဆာရဲ့ လကမ္ဘာလေ့လာရေးမစ်ရှင်မှာပါဝင်ခဲ့တဲ့ Dr.Brandengburg ကတော့ အခုလိုပြောကြားခဲ့ပါတယ် ။ “ကျွန်တော်တို့မသိတဲ့အဆောက်အဦးတွေ လပေါ်မှာတည်ဆောက်နေတာကိုတွေ့ရပါတယ် ၊ကျွန်တော်လကို ရိုက်ယူထားတဲ့ဓါတ်ပုံအမျိုးမျိုးကို မြင်ဖူးခဲ့ပြီးပါပြ..ဒါပေမယ့်ဒီပုံတွေထဲကအရာတွေကတော့တစ်ယောက်ယောက်ဖန်တီးထားတာဖြစ်ပြီးတော့ သဘာဝအားဖြင့် ဘယ်လိုမှရှိမနေနိုင်တဲ့အရာတွေံပါပဲ ၊ ဒီအရာတွေကိုသေချာလေ့လာတဲ့အခါမှာ ကျွန်တော်တို့ပိုင်တဲ့အရာတွေမဟုတ်ကြောင်းတွေ့ရပါတယ် ၊ အဲ့ဒီလိုအရာမျိုးကို ကျွန်တော်တို့ဆောက်လုပ်နိုင်မှာမဟုတ်ပါဘူး…ဒါဟာတခြားကမ္ဘာသားတစ်ယောက်ယောက်အဲ့ဒီမှာရှိနေတယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ” Writer – Min Thu (Daily Hot News)
About the author
ilove
Leave a Comment