Shwe News

လူ ၁၈၈ ဦးလိုက္ပါတဲ့ အင္ဒိုနီးရွားေလယာဥ္ ပင္လယ္တြင္း ပ်က္က် 😥😥😥

Lion Air ေလေၾကာင္းလိုင္းက ခရီးသည္တင္ေလယာဥ္တစ္စီးဟာ ေအာက္တိုဘာ ၂၉ ရက္ နံနက္ပိုင္းမွာ ပ်ံတက္ၿပီး မၾကာခင္ ေျမျပင္နဲ႔ အဆက္အသြယ္ျပတ္ၿပီး ပင္လယ္တြင္း ပ်က္က်သြားတာေၾကာင္း အင္ဒိုနီးရွား ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရးတာ၀န္ရွိသူေတြက ေျပာပါတယ္။

ဒီပ်က္က်တဲ့ ေလယာဥ္မွာ လူေပါင္း ၁၈၈ ဦးကို တင္ေဆာင္ၿပီး ပ်ံသန္းခဲ့တာလို႔ သိရပါတယ္။ဒီေလယာဥ္ဟာ အင္ဒိုနီးရွားၿမိဳ႕ေတာ္ ဂ်ကာတာကေန ပန္ကယ္ပီနန္ကၽြန္းက ၿမိဳ႕ဆီ ပ်ံသန္းတဲ့ ခရီးစဥ္မွာ ခုလို ႀကံဳေတြ႔လိုက္တာ ျဖစ္ပါတယ္။“ေလယာဥ္ပ်က္က်တာကို အတည္ျပဳခ်က္ ေပးႏိုင္ပါတယ္။”လို႔ ေလေၾကာင္းလိုင္းေအဂ်င္စီ ေျပာခြင့္ရသူ ယူူဆက္ဖ္လာတစ္က ဆိုပါတယ္။ ဂ်ကာတာကေန Lion Air JT-610 ေလယာဥ္ဟာ ေအာက္တိုဘာ ၂၉ ရက္ ေဒသစံေတာ္ခ်ိန္ ၆ နာရီ မိနစ္ ၂၀ မွာ ပ်ံတက္သြားတာျဖစ္ၿပီး ၇ နာရီ ၂၀ မွာ ပန္ကယ္ပီနန္ကၽြန္းကို ေရာက္ဖို႔ ခရီးစဥ္ဆြဲထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ပ်ံတက္ၿပီး ၁၃ မိနစ္မွာ ေျမျပင္နဲ႔ အဆက္အသြယ္ ျပတ္သြားတယ္လို႔ The Straits Times သတင္းက ေဖာ္ျပပါတယ္။တန္ဂ်န္ပေရာ့ပင္လယ္ဆိပ္ကမ္းရွိ ေရေၾကာင္းသြားလာေရး ၀န္ေဆာင္မႈဌာန Vessel Traffic Service ဆီ တြန္းသေဘၤာတစ္စီးကေနၿပီး ေလယာဥ္တစ္စီး ပင္လယ္ထဲ ပ်က္က်တာကို ျမင္ေတြ႔ရတဲ့လို႔ သတင္းေပးပို႔ေၾကာင္း ဂ်ကာတာအအေျခစိုက္ Elshinta သတင္းဌာနက ေဖာ္ျပပါတယ္။

“ဒါဟာ အမွန္ပါပဲ။ ေလယာဥ္နဲ႔ အဆက္အသြယ္ ျပတ္သြားပါတယ္။ ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရးအဖြဲ႔ေတြဆီ သတင္းေပးပို႔ထားပါတယ္။”လို႔ တာ၀န္ရွိသူတစ္ဦးကလည္း ဆိုပါတယ္။Lion Air က ေျပာခြင့္ရသူ ဒါနန္မန္ဒါလာကေတာ့ “ကၽြန္ေတာ္တို႔ရဲ႕ ေလယာဥ္တစ္စီး အဆက္အအသြယ္ ျပတ္သြားတာကို အတည္ျပဳပါတယ္။ ဘယ္ေနရာေရာက္တယ္ဆိုတာ ေျခရာမခံႏုိင္ေသးပါဘူး။”လို႔ The Sun သတင္းကုိ ေျပာခဲ့ပါတယ္။

“လတ္တေလာမွာ ဘာမွ ထင္္ျမင္ခ်က္ မေပးႏုိင္ေသးဘူး။ သတင္းနဲ႔ ုအခ်က္အလက္ေတြ စုေဆာင္းေနတုန္းပဲ ရွိတယ္။”လို႔ Lion Air Group ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ အက္၀က္က ေျပာခဲ့ပါတယ္။ Rf; IBT… Writer_ေမာင္သံဆင့္ ( Daily Hot News )

  • Unicode

Lion Air လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစ်စီးဟာ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းမှာ ပျံတက်ပြီး မကြာခင် မြေပြင်နဲ့ အဆက်အသွယ်ပြတ်ပြီး ပင်လယ်တွင်း ပျက်ကျသွားတာကြောင်း အင်ဒိုနီးရှား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီပျက်ကျတဲ့ လေယာဉ်မှာ လူပေါင်း ၁၈၈ ဦးကို တင်ဆောင်ပြီး ပျံသန်းခဲ့တာလို့ သိရပါတယ်။ဒီလေယာဉ်ဟာ အင်ဒိုနီးရှားမြို့တော် ဂျကာတာကနေ ပန်ကယ်ပီနန်ကျွန်းက မြို့ဆီ ပျံသန်းတဲ့ ခရီးစဉ်မှာ ခုလို ကြုံတွေ့လိုက်တာ ဖြစ်ပါတယ်။“လေယာဉ်ပျက်ကျတာကို အတည်ပြုချက် ပေးနိုင်ပါတယ်။”လို့ လေကြောင်းလိုင်းအေဂျင်စီ ပြောခွင့်ရသူ ယူူဆက်ဖ်လာတစ်က ဆိုပါတယ်။ ဂျကာတာကနေ Lion Air JT-610 လေယာဉ်ဟာ အောက်တိုဘာ ၂၉ ရက် ဒေသစံတော်ချိန် ၆ နာရီ မိနစ် ၂၀ မှာ ပျံတက်သွားတာဖြစ်ပြီး ရ နာရီ ၂၀ မှာ ပန်ကယ်ပီနန်ကျွန်းကို ရောက်ဖို့ ခရီးစဉ်ဆွဲထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပျံတက်ပြီး ၁၃ မိနစ်မှာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်သွားတယ်လို့ The Straits Times သတင်းက ဖော်ပြပါတယ်။တန်ဂျန်ပရော့ပင်လယ်ဆိပ်ကမ်းရှိ ရေကြောင်းသွားလာရေး ၀န်ဆောင်မှုဌာန Vessel Traffic Service ဆီ တွန်းသင်္ဘောတစ်စီးကနေပြီး လေယာဉ်တစ်စီး ပင်လယ်ထဲ ပျက်ကျတာကို မြင်တွေ့ရတဲ့လို့ သတင်းပေးပို့ကြောင်း ဂျကာတာအအခြေစိုက် Elshinta သတင်းဌာနက ဖော်ပြပါတယ်။

“ဒါဟာ အမှန်ပါပဲ။ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားပါတယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဆီ သတင်းပေးပို့ထားပါတယ်။”လို့ တာဝန်ရှိသူတစ်ဦးကလည်း ဆိုပါတယ်။Lion Air က ပြောခွင့်ရသူ ဒါနန်မန်ဒါလာကတော့ “ကျွန်တော်တို့ရဲ့ လေယာဉ်တစ်စီး အဆက်အအသွယ် ပြတ်သွားတာကို အတည်ပြုပါတယ်။ ဘယ်နေရာရောက်တယ်ဆိုတာ ခြေရာမခံနိုင်သေးပါဘူး။”လို့ The Sun သတင်းကို ပြောခဲ့ပါတယ်။

“လတ်တလောမှာ ဘာမှ ထင််မြင်ချက် မပေးနိုင်သေးဘူး။ သတင်းနဲ့ ုအချက်အလက်တွေ စုဆောင်းနေတုန်းပဲ ရှိတယ်။”လို့ Lion Air Group ရဲ့ အမှုဆောင်အရာရှိချုပ် အက်ဝက်က ပြောခဲ့ပါတယ်။ Rf; IBT… Writer_မောင်သံဆင့် ( Daily Hot News )

About the author

ilove

Leave a Comment