MOBILE Review

ေလးသိန္း၀န္းက်င္ဖုန္းမွာ အေကာင္းဆံုးျဖစ္လာမည့္ Mi 8 SE

ယခုေနာက္ပိုင္းမွာ ေလးသိန္း၀န္းက်င္မွာ ေရြးခ်ယ္စရာေတြအမ်ားအျပားရိွလာပါျပီ။ တရုတ္ျပည္အေျခစိုက္ Mi ကုမၸဏီကေတာ့ မိုဘိုင္းဖုန္းေစ်းကြက္ကို အံၾသေစခဲ့မယ့္ ထုတ္ကုန္တစ္ခုကုိ မိတ္ဆက္ခဲ့ပါတယ္။ ဒါကေတာ့ Mi 8 Se စမတ္ဖုန္းပါပဲ။ သူက ေလးသိန္း၀န္းက်င္မွာ အေကာင္းဆံုးဖုန္းတစ္လံုးျဖစ္လာမလားဆိုတာ တစ္ခ်က္ေလာက္ၾကည့္ၾကည့္ရေအာင္။

Xiaomi ရဲ႕ Mi 8 SE ကယခုခ်ိန္မွာေတာ့ ျမန္မာ ေစ်းကြက္ထဲမေရာက္ရိွလာေသးပါဘူး။ ေရာက္ရိွခဲ့ရင္လည္း ေစ်းကေတာ့ ေလးသိန္း၀န္းက်င္နားမွားပဲရိွမွာပါ။ မၾကာေသးခင္အခ်ိန္ကမွ Oppo, ViVo စတဲ့ျပိဳင္ဘက္ Brand ေတြက ေလးသိန္း၀န္းက်င္နဲ႔ Notch ဂ်ိဳေလးေတြပါ၀င္တဲ့စမတ္ဖုန္းေတြကိုထုတ္္လုပ္ထားပါတယ္။ Mi 8 SE က အဆိုပါစမတ္ဖုန္းေတြကိုေရာ အျပတ္အသတ္ေက်ာ္လြန္နိုင္ပါ့မလား။ Mi 8 SE ရဲ႕ Display က Samsung ရဲ႕နာမည္ၾကီးလူၾကိဳက္မ်ားလွတဲ့ Super Amoled ပါ။ ဒီတစ္ခုနဲ႔တင္ Mi 8 Se ကုိ ေရြးခ်ယ္ဖို႔သင့္ေနပါျပီ။ အထူမွာေတာ့ ၇.၅ mm ရိွတဲ့အတြက္ မထူလြန္းမပါးလြန္းအေျခအေနပါ။

Scren Size ကလည္း ၅.၈၈ လက္မျဖစ္တဲ့အတြက္ လက္ထဲမွာ က်စ္က်စ္လစ္လစ္နဲ႔ ကိုင္ေဆာင္ရမွာပါ။ Scren resolution ကေတာ့ 1080 x 2244 ျဖစ္ျပီး ေကာင္းမြန္တဲ့ Xiaomi ရဲ႕နည္းပညာကို Samsung ရဲ႕နာမည္ေက်ာ္မင္းသားၾကီး Super Amoled နဲ႔တြဲဖက္သံုးစြဲရမွာျဖစ္လို႔ Display ကေတာ့ စိတ္ခ်မ္းသာမႈေပးနိုင္မွာအမွန္ပါပဲ။ Display ကိုလည္း Gorilla Glass နဲ႔အုပ္ေပးထားအံုးမွာပါ။ သူမွာအေကာင္းဆံုးလို႔ေျပာနိုင္တာကေတာ့ CPU ပါ။ Snapdragon 720 ကိုသံုးေပးထားတယ္။

တျခား Mid Range ဖုန္းေတြထက္ေတာ့ စြမ္းေဆာင္ရည္မ်ားစြာသာေနမွာပါ။ သူရဲ႕ အရမ္းမိုက္တဲ့စြမ္းေဆာင္ရည္ကို MIUI 10 နဲ႔တြဲဖက္သံုးစြဲရမွာဆိုေတာ့ Smoth ျဖစ္မွာေတာ့ က်ိန္းေသပါပဲဗ်ာ။ Camrea အပိုင္းမွာလည္း 12 Mp, 5 Mp နွစ္လံုး အေရွ႔ဘက္ကင္မရာက 20 Mp ရိွပါတယ္။ ဒါ့အျပင္ AI နည္းပညာေတြလည္းပါ၀င္တဲ့အတြက္ ကင္မရာကေတာ့ေတာ္ေတာ္ေလးေကာင္းမြန္လာမွာပါ။ ဘက္ထရီအေနနဲ႔ေတာ့ 3120 mAh နဲ႔လာမည္။ နည္းလြန္းတဲ့ ပမာဏတစ္ခုလို႔ေတာ့ျမင္ပါတယ္။ ဒါေပမဲ႔ သူရဲ႕ဘက္ထရီစြမ္းေဆာင္ရည္ကို အရမ္းမိုက္တဲ့ CPU ကကာကြယ္ေပးသြားမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာေပါ့။

ကဲလူၾကီးမင္းတို႔ေရာ.. Mi 8 Se ကို ဘယ္လိုျမင္လဲ။ ေလးသိန္း၀န္းက်င္မွာေတာ့ ျပိဳင္ဘက္ Brand ေတြကုိ ေနာက္ေကာက္ခ်ထားနိုင္လိမ့္မယ္လို႔ထင္ပါတယ္။ တစ္ေခတ္တစ္ခါက သူ႔အကိုၾကီး Mi Note 3 လမ္းစဥ္အတိုင္း Mid Range ေစ်းကြကက္မွာ အၾကာၾကီးမင္းမႈေနအံုးမွာပါ။

Nanda Myint Ko (နည္းပညာခ်စ္သူ)

  • (Unicode)

ယခုနောက်ပိုင်းမှာ လေးသိန်းဝန်းကျင်မှာ ရွေးချယ်စရာတွေအများအပြားရှိလာပါပြီ။ တရုတ်ပြည်အခြေစိုက် Mi ကုမ္ပဏီကတော့ မိုဘိုင်းဖုန်းဈေးကွက်ကို အံသြစေခဲ့မယ့် ထုတ်ကုန်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒါကတော့ Mi 8 Se စမတ်ဖုန်းပါပဲ။ သူက လေးသိန်းဝန်းကျင်မှာ အကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာမလားဆိုတာ တစ်ချက်လောက်ကြည့်ကြည့်ရအောင်။

Xiaomi ရဲ့ Mi 8 SE ကယခုချိန်မှာတော့ မြန်မာ ဈေးကွက်ထဲမရောက်ရှိလာသေးပါဘူး။ ရောက်ရှိခဲ့ရင်လည်း ဈေးကတော့ လေးသိန်းဝန်းကျင်နားမှားပဲရှိမှာပါ။ မကြာသေးခင်အချိန်ကမှ Oppo, ViVo စတဲ့ပြိုင်ဘက် Brand တွေက လေးသိန်းဝန်းကျင်နဲ့ Notch ဂျိုလေးတွေပါဝင်တဲ့စမတ်ဖုန်းတွေကိုထုတ်လုပ်ထားပါတယ်။ Mi 8 SE က အဆိုပါစမတ်ဖုန်းတွေကိုရော အပြတ်အသတ်ကျော်လွန်နိုင်ပါ့မလား။ Mi 8 SE ရဲ့ Display က Samsung ရဲ့နာမည်ကြီးလူကြိုက်များလှတဲ့ Super Amoled ပါ။ ဒီတစ်ခုနဲ့တင် Mi 8 Se ကို ရွေးချယ်ဖို့သင့်နေပါပြီ။ အထူမှာတော့ ၇.၅ mm ရှိတဲ့အတွက် မထူလွန်းမပါးလွန်းအခြေအနေပါ။

Scren Size ကလည်း ၅.၈၈ လက်မဖြစ်တဲ့အတွက် လက်ထဲမှာ ကျစ်ကျစ်လစ်လစ်နဲ့ ကိုင်ဆောင်ရမှာပါ။ Scren resolution ကတော့ 1080 x 2244 ဖြစ်ပြီး ကောင်းမွန်တဲ့ Xiaomi ရဲ့နည်းပညာကို Samsung ရဲ့နာမည်ကျော်မင်းသားကြီး Super Amoled နဲ့တွဲဖက်သုံးစွဲရမှာဖြစ်လို့ Display ကတော့ စိတ်ချမ်းသာမှုပေးနိုင်မှာအမှန်ပါပဲ။ Display ကိုလည်း Gorilla Glass နဲ့အုပ်ပေးထားအုံးမှာပါ။ သူမှာအကောင်းဆုံးလို့ပြောနိုင်တာကတော့ CPU ပါ။ Snapdragon 720 ကိုသုံးပေးထားတယ်။

တခြား Mid Range ဖုန်းတွေထက်တော့ စွမ်းဆောင်ရည်များစွာသာနေမှာပါ။ သူရဲ့ အရမ်းမိုက်တဲ့စွမ်းဆောင်ရည်ကို MIUI 10 နဲ့တွဲဖက်သုံးစွဲရမှာဆိုတော့ Smoth ဖြစ်မှာတော့ ကျိန်းသေပါပဲဗျာ။ Camrea အပိုင်းမှာလည်း 12 Mp, 5 Mp နှစ်လုံး အရှေ့ဘက်ကင်မရာက 20 Mp ရှိပါတယ်။ ဒါ့အပြင် AI နည်းပညာတွေလည်းပါဝင်တဲ့အတွက် ကင်မရာကတော့တော်တော်လေးကောင်းမွန်လာမှာပါ။ ဘက်ထရီအနေနဲ့တော့ 3120 mAh နဲ့လာမည်။ နည်းလွန်းတဲ့ ပမာဏတစ်ခုလို့တော့မြင်ပါတယ်။ ဒါပေမဲ့ သူရဲ့ဘက်ထရီစွမ်းဆောင်ရည်ကို အရမ်းမိုက်တဲ့ CPU ကကာကွယ်ပေးသွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့။

ကဲလူကြီးမင်းတို့ရော.. Mi 8 Se ကို ဘယ်လိုမြင်လဲ။ လေးသိန်းဝန်းကျင်မှာတော့ ပြိုင်ဘက် Brand တွေကို နောက်ကောက်ချထားနိုင်လိမ့်မယ်လို့ထင်ပါတယ်။ တစ်ခေတ်တစ်ခါက သူ့အကိုကြီး Mi Note 3 လမ်းစဉ်အတိုင်း Mid Range ဈေးကွကက်မှာ အကြာကြီးမင်းမှုနေအုံးမှာပါ။

Nanda Myint Ko (နည်းပညာချစ်သူ)

About the author

Nanda

Leave a Comment