EDUCATION

ဆယ္တန္း မေျဖနိုင္လုိ႔ မေအာင္တာနဲ႔ ဘ၀ႀကီးစုတ္ျပတ္သြားၿပီလို႔ ထင္တယ္ဆိုတဲ႔ သူေတြ ဖတ္ၾကည့္ပါ

ကြၽန္ေတာ္ ဆယ္တန္းေျဖခဲ့တုန္းကပါ
မည္သူတစ္ဦးတစ္ေယာက္ကိုမွ ရည္႐ြယ္ေရးသားျခင္းမဟုတ္ဘဲ ဆယ္တန္းမွာ ကြၽန္ေတာ့္လိုပဲ ႐ိုး႐ိုးသမာ႐ိုးက်သာေျဖႏိုင္ခဲ့တဲ့ ေက်ာင္းသား/သူမ်ား စိတ္အားတက္ႂကြေစရန္အလို႔ငွာ ဒီစာကိုေရးလိုက္ရျခင္းျဖစ္ပါတယ္

ေနာက္ၿပီးေတာ့ ဆယ္တန္းမွာ မေအာင္လို႔ျဖစ္ေစ သို႔မဟုတ္ ႐ိုး႐ိုးေအာင္ရင္ ျဖစ္ေစ ဘဝႀကီးကသုံးစားလို႔မရေတာ့ဘူးလို႔ ထင္ေနတဲ့ ကြၽန္ေတာ္တို႔ ေ႐ႊ ျမန္မာေတြရဲ႕အျမင္ကို ေျပာင္းေစခ်င္လို႔ပါ။ အထူးသျဖင့္ ဒီေဆာင္းပါးကို ဆရာ၊ ဆရာမေတြ၊ လက္ရွိ မိဘ ျဖစ္ေနသူေတြနဲ႔ မိဘျဖစ္မယ့္သူ ၊ဘဝကိုတိုးတက္ေအာင္ျမင္လိုသူ ေတြ ဖတ္သင့္ပါတယ္ေနာ္

ကြၽန္ေတာ္ ဆယ္တန္းကို Bio တြဲနဲ႔ ၂၀၀၅ခုႏွစ္မွာ ေျဖဆိုေအာင္ျမင္တုန္းက အမွတ္ ၄၀ေက်ာ္ ၂ဘာသာနဲ႔ က်န္တာ ၅၀ေက်ာ္နဲ႔ စုစုေပါင္း ရမွတ္ ၃၂၆မွတ္ ျဖစ္ပါတယ္။ (ေအာက္မွာ ဆယ္တန္း အမွတ္စာရင္းတင္ေပးထားပါတယ္။) အဲဒီလို အမွတ္မေကာင္းျခင္းေတြေၾကာင့္ပဲ ကြၽန္ေတာ့္ဘဝမွာ ကြၽန္ေတာ္ လိုခ်င္တာေတြနဲ႔ ျဖစ္ခ်င္တာေတြျဖစ္ခြင့္ရခဲ့ပါတယ္။

လက္ရွိ Company ၁ခုပိုင္ဆိုင္ထားၿပီး ၊ ေနာက္တစ္ခုမွာ Director အေနနဲ႔ ပါထားတဲ့အျပင္ ၊ Training Center ၅ခု ကိုလည္း ကိုယ္ပိုင္လုပ္ႏိုင္ခဲ့တယ္။ ေနာက္ၿပီး တျခားေသာ လုပ္ငန္း ၃ခုမွာလည္း Share ဝင္ထားပါေသးတယ္။ ေနာက္ထပ္လည္း ထပ္မံခ်ဲ႕ထြင္မယ့္အရာေတြ စီစဥ္ထားပါေသးတယ္။ ေအာ္.. ေမ့လို႔ ခ်စ္လွစြာေသာ ဇနီးနဲ႔ သားေလးတစ္ေယာက္လည္း ပိုင္ထားပါေသးတယ္

ကြၽန္ေတာ္ အခု အရမ္းမခ်မ္းသာပါဘူး။ သို႔ေသာ္ အခု အသက္၃၀မျပည့္ခင္အခ်ိန္မွာပဲ ေငြေၾကးအတြက္ သိပ္ပူစရာမလိုတဲ့ ဘဝကို ရရွိႏိုင္ခဲ့ၿပီ။ ေနာက္ၿပီး မသုံး မျဖဳန္းပဲေနမယ္ဆိုရင္ ေအးေဆး တဘဝလုံးစာ ထိုင္စားလို႔ရႏိုင္တဲ့ ဝင္ေငြရွိခဲ့ၿပီ။ ဒါေတြက ကိုယ္တိုင္ႀကိဳးစားခဲ့မႈနဲ႔အတူ မိဘေတြရဲ႕ အားေပးႏွစ္သိမ့္ လမ္းျပမႈေတြေၾကာင့္ပဲျဖစ္ပါတယ္

ေျပာရမယ္ဆိုရင္ လြန္ခဲ့တဲ့ ၁၂ႏွစ္ေက်ာ္ကာလ အခုလိုအခ်ိန္မွာ ကြၽန္ေတာ္ ဆယ္တန္းစာေမးပြဲကို အသည္းအသန္ေျဖဆိုခဲ့ရတဲ့ကာလေပါ့။ အသည္းအသန္ဆိုလို႔ အထင္ႀကီးမသြားၾကပါနဲ႔အုံး…. သူမ်ားလို ဂုဏ္ထူးေတြပါဖို႔ မဟုတ္ပါဘူး။ ႐ိုး႐ိုးေလး ေအာင္ဖို႔ မနည္းႀကိဳးစားခဲ့ရတဲ့အခ်ိန္ေပါ့

မွတ္မွတ္ရရ ဆယ္တန္းေျဖခါနီး ၂လ/၃လ ေလာက္အလိုမွာ ညဘက္ လုံး၀ အိပ္မေပ်ာ္တဲ့ေရာဂါတစ္ခုရခဲ့တယ္။ ဘာျဖစ္လို႔လဲ အဲဒီေရာဂါရလဲဆိုတာ ကိုယ့္ဘာသာအသိဆုံးပါ။ ဆယ္တန္းေျဖခါနီးေနၿပီ ဘာစာတစ္လုံးမွမရလို႔ပဲ ျဖစ္ပါတယ္။ အဲဒါနဲ႔ပဲ အေဖနဲ႔အေမတိုင္ပင္ၿပီး ရန္ကုန္က ဆရာဝန္ေတြဆီကို ေဆးခန္းသြားျပတာ ေျဖခါနီးမွပဲ ျပန္ေရာက္လာတယ္။ (မွတ္ခ်က္။ ကြၽန္ေတာ္က ဆယ္တန္းအထိ ပဲခူးတိုင္း ၊ မင္းလွမွာ ေက်ာင္တက္ခဲ့တာပါ။)

ေျဖခါနီးမွနယ္ကို ကြၽန္ေတာ္ျပန္ေရာက္လာတယ္။ ေနာက္ဆုံးဆယ္တန္းသာ သြားေျဖတာ ျမန္မာစာက ကဗ်ာ ၅ပုဒ္ ၊ စကားေျပ ၅ပုဒ္ပဲရပါတယ္။ English စာဆိုလည္း တဝက္ေလာက္ပဲသင္လို႔ၿပီးတယ္။ Essay , Letter ဆိုရင္ တသက္လုံး ေရးခဲ့တာမဟုတ္ဘူး။ မွတ္မွတ္ရရ သခ်ာဆႋုရင္ Chapter 7 Probability အထိပဲ သင္ခံခဲ့ရတယ္။ အဲ့ေနာက္ပိုင္းဘာမွမသိခဲ့ပါဘူး။

Physics နဲ႔ Chemistry ကလည္း အကုန္အသင္မခံခဲ့ရဘူး။ Bio က်ေတာ့ အေမလိုခ်စ္ရတဲ့ဆရာမက အတင္းတိုက္တြန္းၿပီး က်တ္ခိုင္းလို႔ ၆၇မွတ္ရခဲ့တယ္ဆိုပါေတာ့ေလ။ အားလုံးက ကြၽန္ေတာ့္ အျပစ္ေတြပါပဲ။ ႏွစ္စကတည္းက စာေတြကို လုံးဝမလုပ္ခဲ့သလို ႏွစ္လယ္ နဲ႔ ႏွစ္ဆုံးမွာလည္း မလုပ္ခဲ့ပါဘူး။ က်ဴရွင္ေျပးခဲ့တာေတြလည္း ပါတာေပါ့ေလ

တကယ္တမ္းေျဖမယ္လုပ္ေတာ့ ေၾကာက္ၿပီး မေျဖရဲေတာ့ဘဲ ေရာဂါထျဖစ္တာပါပဲ။ အေဖ နဲ႔အေမ လည္း ကြၽန္ေတာ့္အတြက္နဲ႔ ေတာ္ေတာ္ ဒုကၡေရာက္ ခဲ့ၾကရပါတယ္။ က်ဴရွင္ဆိုလည္း one by one ေသခ်ာ ရွယ္ထားေပးခဲ့တာပါ။ သို႔ေသာ္ ကြၽန္ေတာ္ငယ္၂တုန္းက စာနဲ႔ပတ္သက္ရင္ အသုံးမက်ခဲ့ပါဘူး။ အသုံးမက်တာထက္စာရင္ ၏ ၊ သည္မေ႐ြး က်တ္တူေ႐ြးစာ႐ြတ္သလို ႐ြတ္ၿပီး ခ်ေရးရတဲ့စနစ္ကို မႀကိဳက္တာဆိုရင္ေတာ့ ပိုမွန္ပါလိမ့္မယ္

ဒီလိုနဲ႔ ဆယ္တန္းေျဖေနတုန္း ကြၽန္ေတာ့္ အေဖ နဲ႔ အေမကို ကြၽန္ေတာ္ ေမးတယ္။ ကြၽန္ေတာ္ ေမးလိုက္တာက “ဆယ္တန္းမေအာင္ဘဲ က်ရင္ ဘယ္လို လုပ္မလဲ?” ပဲျဖစ္ပါတယ္။ အဲဒီမွာ အေဖက ခ်က္ျခင္းေျဖတယ္။ “သားက အတတ္ႏိုင္ဆုံးႀကိဳးစားၿပီးသာေျဖပါ။ က်တာ ၊ ေအာင္တာက ကိစၥမရွိဘူး။ တကယ္လို႔က်ခဲ့ရင္လည္း ေနာက္ႏွစ္ျပန္ေျဖလို႔ရတာပဲ” တဲ့။

သို႔ေသာ္ ကြၽန္ေတာ္ အဲဒီႏွစ္မွာပဲ ဆယ္တစ္ကို တစ္ႏွစ္ထဲနဲ႔ေအာင္ျမင္ခဲ့ပါတယ္။ ကြၽန္ေတာ္ ႐ိုး႐ိုးေအာင္တာကိုပဲ ကြၽန္ေတာ့္မိဘေတြက ႀကံဖန္ၿပီး ဂုဏ္ယူေပးခဲ့ၾကပါေသးတယ္။ တခ်ိဳ႕မိဘေတြ ၃ဘာသာပဲ D ထြက္လို႔ ႐ိုက္ၾက ၊ ဆူၾက 5D ထြက္ၿပီး All D မထြက္လို႔ဆူရတာနဲ႔ All D ေတာ့ထြက္ပါရဲ႕ အမွတ္နည္းလို႔ ျဖစ္ရျပန္တယ္

တကယ္တမ္း ကေလးတစ္ေယာက္ေအာင္ျမင္ဖို႔ဆိုတာ ကြၽန္ေတာ္ အၿမဲတမ္းေျပာသလိုပဲ စာအုပ္ထဲကစာေတြကို ၏ ၊ သည္ မေ႐ြးက်တ္ၿပီး စာအုပ္ထဲကို တစ္လုံးမက်န္ေရးႏိုင္တာမ်ိဳးမဟုတ္ပါဘူး။ ကေလးတစ္ေယာက္ ေအာင္ျမင္ဖို႔ဆိုတာက သူဝါသနာပါတဲ့ အရာေတြ နဲ႔ ျဖစ္ခ်င္တာ ေတြ ၊ လုပ္ခ်င္တာေတြကို မိဘက ေနာက္ကေနပံပိုးေပးရတာျဖစ္ပါတယ္

အဲဒီလိုနဲ႔ ေအာင္စာရင္းေတြထြက္ေတာ့ D တစ္လုံးမွ မထြက္တဲ့ ကြၽန္ေတာ္က သူငယ္ခ်င္းေတြနဲ႔ မေတြ႕ရဲခဲ့ပါဘူး။ အေၾကာင္းကေတာ့ သိတဲ့အတိုင္းပဲေပါ့။ စိတ္ထဲမွာ ရွက္မိသလို ဝမ္းနည္း အားငယ္သလိုလိုႀကီးခံစားရတယ္။ ဒါေတာင္ မိဘက ဘာမွမေျပာပဲ ကူညီအားေပးတတ္တဲ့သူျဖစ္ေနလို႔ပါ။ တခ်ိဳ႕ဆို “နင္က အသုံးမွမက်တာ ၊ သူမ်ားေတြ D ပါတယ္။ နင္က မပါဘူး။” စသည္ျဖင့္ ဆူပူတတ္ၾကပါေသးတယ္။ ၿပီးေတာ့ ဆရာကန္ေတာ့ပြဲေတြလည္း ကြၽန္ေတာ္ ရွက္လို႔ မသြားရဲခဲ့ပါဘူး

အဲဒီအခ်ိန္မွာ ကြၽန္ေတာ္ အခုလိုျဖစ္ေအာင္ အားေပးကူညီခဲ့သူကေတာ့ အေဖ နဲ႔ အေမပါပဲ။ သူတို႔က ေျပာတယ္။ “သားေလး ဆယ္တန္း မေအာင္ပဲ ေအာင္ျမင္ ခ်မ္းသာေနတဲ့သူေတြ အမ်ားႀကီးရွိတယ္။ သားက ဆယ္တန္းေတာင္ ေအာင္ေနၿပီပဲ။ ဘာလို႔ ရွက္ေနရမွာလဲ ။ ဘာလို႔ ဝမ္းနည္းရမွာလဲ။ အခုဆယ္တန္းေအာင္ၿပီဆိုမွေတာ့ သားလုပ္ခ်င္တာေတြ စၿပီး လုပ္လို႔ရေနၿပီေလ။

သူမ်ားေတြ ေက်ာင္း ၅ႏွစ္ ၊ ၆ႏွစ္တက္ေနတဲ့အခ်ိန္မွာ သားက အေဝးသင္တက္ၿပီး သားဝါသနာပါတာေတြကို လုပ္လို႔ရၿပီေလ” လို႔ အားေပးႏွစ္သိမ့္ခဲ့ပါတယ္

အဲဒီ အားေပးစကားေတြေၾကာင့္ပဲ ကြၽန္ေတာ္ ဒီေန႔လို အေျခအေနကို ေရာက္ခဲ့ရပါတယ္။ ကြၽန္ေတာ္ အခု အရမ္းမခ်မ္းသာပါဘူး။ သို႔ေသာ္ အခု အသက္၃၀မျပည့္ခင္အခ်ိန္မွာပဲ ေငြေၾကးအတြက္ သိပ္ပူစရာမလိုတဲ့ ဘဝကို ရရွိႏိုင္ခဲ့ၿပီ။ ေနာက္ၿပီး မသုံး မျဖဳန္းပဲေနမယ္ဆိုရင္ ေအးေဆး တဘဝလုံးစာ ထိုင္စားလို႔ရႏိုင္တဲ့ ဝင္ေငြရွိခဲ့ၿပီ။ ဒါေတြက ကိုယ္တိုင္ႀကိဳးစားခဲ့မႈနဲ႔အတူ မိဘေတြရဲ႕ အားေပးႏွစ္သိမ့္ လမ္းျပမႈေတြေၾကာင့္ပဲျဖစ္ပါတယ္

ကြၽန္ေတာ္ေျပာခ်င္တာက ဆယ္တန္းကို အေရးမပါဘူးလို႔ ေျပာခ်င္တာမဟုတ္ဘူးေနာ္။ ဆယ္တန္းသည္ အတိုင္းအတာတစ္ခုအထိအေရးပါတယ္။ သို႔ေသာ္ ဆယ္တန္းက ဘဝႀကီးတစ္ခုလုံးမဟုတ္ပါဘူး။ ဆယ္တန္းစာေမးပြဲ ဆိုတာ ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းပဲျဖစ္ပါတယ္။ ဆယ္တန္း မေျဖႏိုင္တာနဲ႔ပဲ ဘဝႀကီး စုတ္ျပတ္သြားၿပီလို႔ ထင္ေနတဲ့ ျမန္မာေတြရဲ႕ အေတြး အျမင္ေတြကို ျပင္ေစခ်င္တာပါ။ မေအာင္ရင္ ျပန္ေျဖပါ။ အခ်ိန္ ၁ႏွစ္ေနာက္က်သြားတာက လြဲၿပီး ဘာမွျဖစ္မသြားပါဘူး။ ႐ိုး႐ိုးေအာင္ခဲ့ရင္လည္း ေက်နပ္ပါ။ ထပ္မံႀကိဳးစားပါ

မိဘေတြအေနဲ႔ ကေလးေတြကို အတင္းဖိအားမေပးပါနဲ႔။ ကေလး တစ္ေယာက္နဲ႔တစ္ေယာက္ Talent နဲ႔ IQ ေတြက မတူညီၾကပါဘူး။ တခ်ိဳ႕က စာေတာ္မယ္။ တခ်ိဳ႕က အဆိုေတာ္မယ္။ တခ်ိဳ႕က အက ေတာ္မယ္။ တခ်ိဳ႕က ေဘာလုံးကန္တာေတာ္မယ္။ သူတို႔ ေတာ္တာကို ကူညီပံပိုးေပးရမွာက မိဘေတြရဲ႕တာဝန္ပါ။ စာကိုေတာ့ သူတို႔ ဖတ္ႏိုင္သေလာက္ပဲ ဖတ္ၾကပေစ… ဒါမွ သူတို႔သည္ သူတို႔ဝါသနာပါတဲ့အရာမွာ ေအာင္ျမင္ထူးခြၽန္တဲ့ သူေတြျဖစ္ႏိုင္ၾကမွာပါ

ဒါ့ေၾကာင့္ ဆယ္တန္းမွာ ႐ိုး႐ိုး သာမာန္ပဲ ေအာင္ခဲ့ၾကတဲ့သူေတြကိုေျပာ ခ်င္တာကေတာ့ ဘယ္ေတာ့မွ အားမငယ္ပါနဲ႔။ စိတ္ဓာတ္မက်ပါနဲ႔။ ဘဝကို အရႈံးမေပးပါနဲ႔။ ဆယ္တန္းဆိုတာ ဘဝႀကီးတစ္ခုမဟုတ္ပါဘူး။

ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုေလးပါပဲ။ ဘဝမွာ ဆယ္တန္းထက္ အေရးပါ တဲ့အရာေတြအမ်ားႀကီးရွိသလို သင့္အေနနဲ႔ အျပင္ေလာကမွာ ႀကိဳးစားႏိုင္ရင္ ႀကိဳးစားသေလာက္ရမယ့္ အခြင့္အေရးေတြ အမ်ားႀကီးရွိေသးတယ္ ဆိုတာကိုလည္း သိေစခ်င္ပါတယ္။ ကဲ…စာေတာ္ေတာ္ရွည္သြားၿပီမို႔ ဒီမွာပဲ နားလိုက္ပါေတာ့မယ္ေနာ္

အားလုံးပဲ ေအာင္ျမင္တိုးတက္ ႀကီးပြားခ်မ္းသာၾကပါေစေနာ္
ကြၽန္ေတာ္ေရးတဲ့စာေတြကိုဖတ္ခ်င္တယ္ဆိုရင္ေတာ့ Like & See First လုပ္ထားႏိုင္ပါတယ္။
အားလုံးကိုေက်းဇူးတင္ပါတယ္။
Via– Phyo Arkar

  • Unicode

ကျွန်တော် ဆယ်တန်းဖြေခဲ့တုန်းကပါ
မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ရေးသားခြင်းမဟုတ်ဘဲ ဆယ်တန်းမှာ ကျွန်တော့်လိုပဲ ရိုးရိုးသမာရိုးကျသာဖြေနိုင်ခဲ့တဲ့ ကျောင်းသား/သူများ စိတ်အားတက်ကြွစေရန်အလို့ငှာ ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်

နောက်ပြီးတော့ ဆယ်တန်းမှာ မအောင်လို့ဖြစ်စေ သို့မဟုတ် ရိုးရိုးအောင်ရင် ဖြစ်စေ ဘဝကြီးကသုံးစားလို့မရတော့ဘူးလို့ ထင်နေတဲ့ ကျွန်တော်တို့ ရွှေ မြန်မာတွေရဲ့အမြင်ကို ပြောင်းစေချင်လို့ပါ။ အထူးသဖြင့် ဒီဆောင်းပါးကို ဆရာ၊ ဆရာမတွေ၊ လက်ရှိ မိဘ ဖြစ်နေသူတွေနဲ့ မိဘဖြစ်မယ့်သူ ၊ဘဝကိုတိုးတက်အောင်မြင်လိုသူ တွေ ဖတ်သင့်ပါတယ်နော်

ကျွန်တော် ဆယ်တန်းကို Bio တွဲနဲ့ ၂၀၀၅ခုနှစ်မှာ ဖြေဆိုအောင်မြင်တုန်းက အမှတ် ၄၀ကျော် ၂ဘာသာနဲ့ ကျန်တာ ၅၀ကျော်နဲ့ စုစုပေါင်း ရမှတ် ၃၂၆မှတ် ဖြစ်ပါတယ်။ (အောက်မှာ ဆယ်တန်း အမှတ်စာရင်းတင်ပေးထားပါတယ်။) အဲဒီလို အမှတ်မကောင်းခြင်းတွေကြောင့်ပဲ ကျွန်တော့်ဘဝမှာ ကျွန်တော် လိုချင်တာတွေနဲ့ ဖြစ်ချင်တာတွေဖြစ်ခွင့်ရခဲ့ပါတယ်။

လက်ရှိ Company ၁ခုပိုင်ဆိုင်ထားပြီး ၊ နောက်တစ်ခုမှာ Director အနေနဲ့ ပါထားတဲ့အပြင် ၊ Training Center ၅ခု ကိုလည်း ကိုယ်ပိုင်လုပ်နိုင်ခဲ့တယ်။ နောက်ပြီး တခြားသော လုပ်ငန်း ၃ခုမှာလည်း Share ဝင်ထားပါသေးတယ်။ နောက်ထပ်လည်း ထပ်မံချဲ့ထွင်မယ့်အရာတွေ စီစဉ်ထားပါသေးတယ်။ အော်.. မေ့လို့ ချစ်လှစွာသော ဇနီးနဲ့ သားလေးတစ်ယောက်လည်း ပိုင်ထားပါသေးတယ်

ကျွန်တော် အခု အရမ်းမချမ်းသာပါဘူး။ သို့သော် အခု အသက်၃၀မပြည့်ခင်အချိန်မှာပဲ ငွေကြေးအတွက် သိပ်ပူစရာမလိုတဲ့ ဘဝကို ရရှိနိုင်ခဲ့ပြီ။ နောက်ပြီး မသုံး မဖြုန်းပဲနေမယ်ဆိုရင် အေးဆေး တဘဝလုံးစာ ထိုင်စားလို့ရနိုင်တဲ့ ဝင်ငွေရှိခဲ့ပြီ။ ဒါတွေက ကိုယ်တိုင်ကြိုးစားခဲ့မှုနဲ့အတူ မိဘတွေရဲ့ အားပေးနှစ်သိမ့် လမ်းပြမှုတွေကြောင့်ပဲဖြစ်ပါတယ်

ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၂နှစ်ကျော်ကာလ အခုလိုအချိန်မှာ ကျွန်တော် ဆယ်တန်းစာမေးပွဲကို အသည်းအသန်ဖြေဆိုခဲ့ရတဲ့ကာလပေါ့။ အသည်းအသန်ဆိုလို့ အထင်ကြီးမသွားကြပါနဲ့အုံး…. သူများလို ဂုဏ်ထူးတွေပါဖို့ မဟုတ်ပါဘူး။ ရိုးရိုးလေး အောင်ဖို့ မနည်းကြိုးစားခဲ့ရတဲ့အချိန်ပေါ့

မှတ်မှတ်ရရ ဆယ်တန်းဖြေခါနီး ၂လ/၃လ လောက်အလိုမှာ ညဘက် လုံး၀ အိပ်မပျော်တဲ့ရောဂါတစ်ခုရခဲ့တယ်။ ဘာဖြစ်လို့လဲ အဲဒီရောဂါရလဲဆိုတာ ကိုယ့်ဘာသာအသိဆုံးပါ။ ဆယ်တန်းဖြေခါနီးနေပြီ ဘာစာတစ်လုံးမှမရလို့ပဲ ဖြစ်ပါတယ်။ အဲဒါနဲ့ပဲ အဖေနဲ့အမေတိုင်ပင်ပြီး ရန်ကုန်က ဆရာဝန်တွေဆီကို ဆေးခန်းသွားပြတာ ဖြေခါနီးမှပဲ ပြန်ရောက်လာတယ်။ (မှတ်ချက်။ ကျွန်တော်က ဆယ်တန်းအထိ ပဲခူးတိုင်း ၊ မင်းလှမှာ ကျောင်တက်ခဲ့တာပါ။)

ဖြေခါနီးမှနယ်ကို ကျွန်တော်ပြန်ရောက်လာတယ်။ နောက်ဆုံးဆယ်တန်းသာ သွားဖြေတာ မြန်မာစာက ကဗျာ ၅ပုဒ် ၊ စကားပြေ ၅ပုဒ်ပဲရပါတယ်။ English စာဆိုလည်း တဝက်လောက်ပဲသင်လို့ပြီးတယ်။ Essay , Letter ဆိုရင် တသက်လုံး ရေးခဲ့တာမဟုတ်ဘူး။ မှတ်မှတ်ရရ သချာင်္ဆိုရင် Chapter 7 Probability အထိပဲ သင်ခံခဲ့ရတယ်။ အဲ့နောက်ပိုင်းဘာမှမသိခဲ့ပါဘူး။

Physics နဲ့ Chemistry ကလည်း အကုန်အသင်မခံခဲ့ရဘူး။ Bio ကျတော့ အမေလိုချစ်ရတဲ့ဆရာမက အတင်းတိုက်တွန်းပြီး ကျတ်ခိုင်းလို့ ၆၇မှတ်ရခဲ့တယ်ဆိုပါတော့လေ။ အားလုံးက ကျွန်တော့် အပြစ်တွေပါပဲ။ နှစ်စကတည်းက စာတွေကို လုံးဝမလုပ်ခဲ့သလို နှစ်လယ် နဲ့ နှစ်ဆုံးမှာလည်း မလုပ်ခဲ့ပါဘူး။ ကျူရှင်ပြေးခဲ့တာတွေလည်း ပါတာပေါ့လေ

တကယ်တမ်းဖြေမယ်လုပ်တော့ ကြောက်ပြီး မဖြေရဲတော့ဘဲ ရောဂါထဖြစ်တာပါပဲ။ အဖေ နဲ့အမေ လည်း ကျွန်တော့်အတွက်နဲ့ တော်တော် ဒုက္ခရောက် ခဲ့ကြရပါတယ်။ ကျူရှင်ဆိုလည်း one by one သေချာ ရှယ်ထားပေးခဲ့တာပါ။ သို့သော် ကျွန်တော်ငယ်၂တုန်းက စာနဲ့ပတ်သက်ရင် အသုံးမကျခဲ့ပါဘူး။ အသုံးမကျတာထက်စာရင် ၏ ၊ သည်မရွေး ကျတ်တူရွေးစာရွတ်သလို ရွတ်ပြီး ချရေးရတဲ့စနစ်ကို မကြိုက်တာဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်

ဒီလိုနဲ့ ဆယ်တန်းဖြေနေတုန်း ကျွန်တော့် အဖေ နဲ့ အမေကို ကျွန်တော် မေးတယ်။ ကျွန်တော် မေးလိုက်တာက “ဆယ်တန်းမအောင်ဘဲ ကျရင် ဘယ်လို လုပ်မလဲ?” ပဲဖြစ်ပါတယ်။ အဲဒီမှာ အဖေက ချက်ခြင်းဖြေတယ်။ “သားက အတတ်နိုင်ဆုံးကြိုးစားပြီးသာဖြေပါ။ ကျတာ ၊ အောင်တာက ကိစ္စမရှိဘူး။ တကယ်လို့ကျခဲ့ရင်လည်း နောက်နှစ်ပြန်ဖြေလို့ရတာပဲ” တဲ့။

သို့သော် ကျွန်တော် အဲဒီနှစ်မှာပဲ ဆယ်တစ်ကို တစ်နှစ်ထဲနဲ့အောင်မြင်ခဲ့ပါတယ်။ ကျွန်တော် ရိုးရိုးအောင်တာကိုပဲ ကျွန်တော့်မိဘတွေက ကြံဖန်ပြီး ဂုဏ်ယူပေးခဲ့ကြပါသေးတယ်။ တချို့မိဘတွေ ၃ဘာသာပဲ D ထွက်လို့ ရိုက်ကြ ၊ ဆူကြ 5D ထွက်ပြီး All D မထွက်လို့ဆူရတာနဲ့ All D တော့ထွက်ပါရဲ့ အမှတ်နည်းလို့ ဖြစ်ရပြန်တယ်

တကယ်တမ်း ကလေးတစ်ယောက်အောင်မြင်ဖို့ဆိုတာ ကျွန်တော် အမြဲတမ်းပြောသလိုပဲ စာအုပ်ထဲကစာတွေကို ၏ ၊ သည် မရွေးကျတ်ပြီး စာအုပ်ထဲကို တစ်လုံးမကျန်ရေးနိုင်တာမျိုးမဟုတ်ပါဘူး။ ကလေးတစ်ယောက် အောင်မြင်ဖို့ဆိုတာက သူဝါသနာပါတဲ့ အရာတွေ နဲ့ ဖြစ်ချင်တာ တွေ ၊ လုပ်ချင်တာတွေကို မိဘက နောက်ကနေပံပိုးပေးရတာဖြစ်ပါတယ်

အဲဒီလိုနဲ့ အောင်စာရင်းတွေထွက်တော့ D တစ်လုံးမှ မထွက်တဲ့ ကျွန်တော်က သူငယ်ချင်းတွေနဲ့ မတွေ့ရဲခဲ့ပါဘူး။ အကြောင်းကတော့ သိတဲ့အတိုင်းပဲပေါ့။ စိတ်ထဲမှာ ရှက်မိသလို ဝမ်းနည်း အားငယ်သလိုလိုကြီးခံစားရတယ်။ ဒါတောင် မိဘက ဘာမှမပြောပဲ ကူညီအားပေးတတ်တဲ့သူဖြစ်နေလို့ပါ။ တချို့ဆို “နင်က အသုံးမှမကျတာ ၊ သူများတွေ D ပါတယ်။ နင်က မပါဘူး။” စသည်ဖြင့် ဆူပူတတ်ကြပါသေးတယ်။ ပြီးတော့ ဆရာကန်တော့ပွဲတွေလည်း ကျွန်တော် ရှက်လို့ မသွားရဲခဲ့ပါဘူး

အဲဒီအချိန်မှာ ကျွန်တော် အခုလိုဖြစ်အောင် အားပေးကူညီခဲ့သူကတော့ အဖေ နဲ့ အမေပါပဲ။ သူတို့က ပြောတယ်။ “သားလေး ဆယ်တန်း မအောင်ပဲ အောင်မြင် ချမ်းသာနေတဲ့သူတွေ အများကြီးရှိတယ်။ သားက ဆယ်တန်းတောင် အောင်နေပြီပဲ။ ဘာလို့ ရှက်နေရမှာလဲ ။ ဘာလို့ ဝမ်းနည်းရမှာလဲ။ အခုဆယ်တန်းအောင်ပြီဆိုမှတော့ သားလုပ်ချင်တာတွေ စပြီး လုပ်လို့ရနေပြီလေ။

သူများတွေ ကျောင်း ၅နှစ် ၊ ၆နှစ်တက်နေတဲ့အချိန်မှာ သားက အဝေးသင်တက်ပြီး သားဝါသနာပါတာတွေကို လုပ်လို့ရပြီလေ” လို့ အားပေးနှစ်သိမ့်ခဲ့ပါတယ်

အဲဒီ အားပေးစကားတွေကြောင့်ပဲ ကျွန်တော် ဒီနေ့လို အခြေအနေကို ရောက်ခဲ့ရပါတယ်။ ကျွန်တော် အခု အရမ်းမချမ်းသာပါဘူး။ သို့သော် အခု အသက်၃၀မပြည့်ခင်အချိန်မှာပဲ ငွေကြေးအတွက် သိပ်ပူစရာမလိုတဲ့ ဘဝကို ရရှိနိုင်ခဲ့ပြီ။ နောက်ပြီး မသုံး မဖြုန်းပဲနေမယ်ဆိုရင် အေးဆေး တဘဝလုံးစာ ထိုင်စားလို့ရနိုင်တဲ့ ဝင်ငွေရှိခဲ့ပြီ။ ဒါတွေက ကိုယ်တိုင်ကြိုးစားခဲ့မှုနဲ့အတူ မိဘတွေရဲ့ အားပေးနှစ်သိမ့် လမ်းပြမှုတွေကြောင့်ပဲဖြစ်ပါတယ်

ကျွန်တော်ပြောချင်တာက ဆယ်တန်းကို အရေးမပါဘူးလို့ ပြောချင်တာမဟုတ်ဘူးနော်။ ဆယ်တန်းသည် အတိုင်းအတာတစ်ခုအထိအရေးပါတယ်။ သို့သော် ဆယ်တန်းက ဘဝကြီးတစ်ခုလုံးမဟုတ်ပါဘူး။ ဆယ်တန်းစာမေးပွဲ ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ဆယ်တန်း မဖြေနိုင်တာနဲ့ပဲ ဘဝကြီး စုတ်ပြတ်သွားပြီလို့ ထင်နေတဲ့ မြန်မာတွေရဲ့ အတွေး အမြင်တွေကို ပြင်စေချင်တာပါ။ မအောင်ရင် ပြန်ဖြေပါ။ အချိန် ၁နှစ်နောက်ကျသွားတာက လွဲပြီး ဘာမှဖြစ်မသွားပါဘူး။ ရိုးရိုးအောင်ခဲ့ရင်လည်း ကျေနပ်ပါ။ ထပ်မံကြိုးစားပါ

မိဘတွေအနေဲ့ ကလေးတွေကို အတင်းဖိအားမပေးပါနဲ့။ ကလေး တစ်ယောက်နဲ့တစ်ယောက် Talent နဲ့ IQ တွေက မတူညီကြပါဘူး။ တချို့က စာတော်မယ်။ တချို့က အဆိုတော်မယ်။ တချို့က အက တော်မယ်။ တချို့က ဘောလုံးကန်တာတော်မယ်။ သူတို့ တော်တာကို ကူညီပံပိုးပေးရမှာက မိဘတွေရဲ့တာဝန်ပါ။ စာကိုတော့ သူတို့ ဖတ်နိုင်သလောက်ပဲ ဖတ်ကြပစေ… ဒါမှ သူတို့သည် သူတို့ဝါသနာပါတဲ့အရာမှာ အောင်မြင်ထူးချွန်တဲ့ သူတွေဖြစ်နိုင်ကြမှာပါ

ဒါ့ကြောင့် ဆယ်တန်းမှာ ရိုးရိုး သာမာန်ပဲ အောင်ခဲ့ကြတဲ့သူတွေကိုပြော ချင်တာကတော့ ဘယ်တော့မှ အားမငယ်ပါနဲ့။ စိတ်ဓာတ်မကျပါနဲ့။ ဘဝကို အရှုံးမပေးပါနဲ့။ ဆယ်တန်းဆိုတာ ဘဝကြီးတစ်ခုမဟုတ်ပါဘူး။

ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလေးပါပဲ။ ဘဝမှာ ဆယ်တန်းထက် အရေးပါ တဲ့အရာတွေအများကြီးရှိသလို သင့်အနေနဲ့ အပြင်လောကမှာ ကြိုးစားနိုင်ရင် ကြိုးစားသလောက်ရမယ့် အခွင့်အရေးတွေ အများကြီးရှိသေးတယ် ဆိုတာကိုလည်း သိစေချင်ပါတယ်။ ကဲ…စာတော်တော်ရှည်သွားပြီမို့ ဒီမှာပဲ နားလိုက်ပါတော့မယ်နော်

အားလုံးပဲ အောင်မြင်တိုးတက် ကြီးပွားချမ်းသာကြပါစေနော်
ကျွန်တော်ရေးတဲ့စာတွေကိုဖတ်ချင်တယ်ဆိုရင်တော့ Like & See First လုပ်ထားနိုင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
Via– Phyo Arkar

About the author

ShweLight

Leave a Comment