CELEBRITY

ပါဝါမ်က္​မွန္​ မတပ္လာတာေၾကာင့္ ဝိုင္​းဝန္​းထိုးႀကိတ္​သူေတြကိုမျမင္​ခဲ့ဟု ေအာင္ရဲေထြးရည္းစားက တရားရံုးမွာ ထြက္ဆို

ေအာင္ရဲေထြးနဲ႔အတူရွိေနခဲ့တဲ့ ေအာင္ရဲေထြးရည္းစားဆိုသူက အခင္းျဖစ္ပြားခ်ိန္မွာ ပါဝါမ်က္မွန္ မတက္လာတာေၾကာင့္ ဝိုင္းဝန္းထိုးႀကိတ္သူေတြကိုမျမင္ခဲ့ဟု တရား႐ုံးမွာ ထြက္ဆို

ေဖ့စ္ဘုတ္ဆယ္လီ ေအာင္ရဲေထြး(ခ)ရဲေထြးေအာင္ေသဆုံးမႈနဲ႔ပတ္သက္ၿပီး သန္းထြဋ္ေအာင္(ခ)သားႀကီးပါ ၃ဦးကို ဒီေန႔ေန႔လည္ပိုင္းမွာ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ဒီ႐ုံးခ်ိန္းမွာ တရားလိုျပသက္ေသ၃ဦးျဖစ္တဲ့ ဦးထိန္းမင္း(ခ)ကိုငယ္၊ကိုေနမ်ိဳးေအာင္နဲ႔ ေသဆုံးသူရဲ႕ခ်စ္သူျဖစ္သူ မပြင့္ေကခိုင္(ခ)ပိုးပိုးကိုစစ္ေဆးခဲ့ပါတယ္။

႐ုံးေတာ္မွာ မပြင့္ေကခိုင္(ခ)ပိုးပိုးကို အခင္းျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးေမးျမန္းရာ အခင္းျဖစ္တဲ့ေန႔မွာ ႏွစ္ကူးပါတီပြဲက်င္းပတဲ့ The One Entertainment Parkအတြင္းျပဳလုပ္ေနတဲ့ Space partyကို ေအာင္ရဲေထြးနဲ႔အတူသြားေရာက္ခဲ့ေပမဲ့ သူဟာ အေဝးမႈန္မ်က္မွန္သမားျဖစ္ၿပီး ပါဝါ၅၀၀အထိတက္ရေၾကာင္း၊ အခင္းျဖစ္ေန႔တြင္ EDMပြဲေတြမွာ တပ္စင္ထားတဲ့ မီးေတြ မ်က္စိကိုထိခိုက္ႏိုင္သည့္အတြက္ ပါဝါမ်က္မွန္တပ္ခဲ့ျခင္းမရွိဘဲ ေနကာမ်က္မွန္သာတပ္ထားေၾကာင္း၊ အခင္းျဖစ္စဥ္မွာ သူမကိုေနာက္မွ တြန္းခံရၿပီး ေအာင္ရဲေထြးထိုးႀကိတ္ခံရသည့္ ေနရာႏွဲ႔၁၀ေပ ၁၂ေပခန႔္ေရာက္သြားေသာေၾကာင့္ မည္သည့္အေၾကာင္းကိုမွ မသိရွိခဲ့ဘူးလို႔ထြက္ဆိုခဲ့ပါတယ္။

အဲဒီထြက္ဆိုခ်က္ဟာ ရဲတြင္ထြက္ဆိုထားတဲ့ စစ္ခ်က္ေတြနဲ႔ ကြဲလြဲေနသည့္အတြက္ သက္ေသခံအက္ဥပေဒပုဒ္မ ၁၄၅၊ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၆၂အရတိုက္ဆိုင္စစ္ေဆးခြင့္တင္ခဲ့ၿပီး တရား႐ုံးမွ ရာဇတ္က်င့္ထုံးဥပေဒပုဒ္မ ၁၆၂(၁)အရတိုက္ဆိုင္စစ္ေဆးခြင့္ျပဳခဲ့ပါတယ္။သ႐ုပ္ေဆာင္ေအာင္ရဲေထြးဟာ ဇန္နဝါရီ ၁ရက္ေန႔က The One Entertainment ကို ၎၏ခ်စ္သူ မပြင့္ေကခိုင္(ခ)ပိုးပိုးႏွင့္ေရာက္စဥ္ ယခင္ကရန္စရွိခဲ့ဖူးေသာ အမည္မသိအမ်ိဳးသားမ်ားမွ ဝိုင္းဝန္ထိုးႀကိတ္ခဲ့သျဖင့္ ရန္ကုန္ေဆး႐ုံႀကီးတြင္ အတြင္းလူနာအျဖစ္ေဆးကုသမႈခံယူခဲ့ၿပီး ဇန္နဝါရီ ၂ရက္နံနက္ပိုင္းမွာ ၎ရရွိတဲ့ဏ္ရာမ်ားႏွင့္ ေသဆုံးခဲ့ရတာပါ။

လက္ရွိမွာ ျပစ္မႈက်ဴးလြန္သူဟု စြပ္စြဲခံထားရသူ သန္းထြဋ္ေအာင္(ခ)သားႀကီး၊ေအာင္ေလး၊ေက်ာေဇာ(ခ)ေက်ာ္ေဇာဟန္တို႔သုံးဦးကို ရာဇသတ္ႀကီးပုဒ္မ ၃၀၂ျဖင့္အဖြင့္တရားစြဲဆိုထားၿပီး ႐ုံးခ်ိန္းကို လာမည့္ ႏိုဝင္ဘာ ၁၃ရက္သို႔ျပန္လည္ခ်ိန္းဆိုထားပါတယ္။

Source-DVB

  • Unicode

အောင်ရဲထွေးနဲ့အတူရှိနေခဲ့တဲ့ အောင်ရဲထွေးရည်းစားဆိုသူက အခင်းဖြစ်ပွားချိန်မှာ ပါဝါမျက်မှန် မတက်လာတာကြောင့် ဝိုင်းဝန်းထိုးကြိတ်သူတွေကိုမမြင်ခဲ့ဟု တရားရုံးမှာ ထွက်ဆို

ဖေ့စ်ဘုတ်ဆယ်လီ အောင်ရဲထွေး(ခ)ရဲထွေးအောင်သေဆုံးမှုနဲ့ပတ်သက်ပြီး သန်းထွဋ်အောင်(ခ)သားကြီးပါ ၃ဦးကို ဒီနေ့နေ့လည်ပိုင်းမှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒီရုံးချိန်းမှာ တရားလိုပြသက်သေ၃ဦးဖြစ်တဲ့ ဦးထိန်းမင်း(ခ)ကိုငယ်၊ကိုနေမျိုးအောင်နဲ့ သေဆုံးသူရဲ့ချစ်သူဖြစ်သူ မပွင့်ကေခိုင်(ခ)ပိုးပိုးကိုစစ်ဆေးခဲ့ပါတယ်။

ရုံးတော်မှာ မပွင့်ကေခိုင်(ခ)ပိုးပိုးကို အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးမေးမြန်းရာ အခင်းဖြစ်တဲ့နေ့မှာ နှစ်ကူးပါတီပွဲကျင်းပတဲ့ The One Entertainment Parkအတွင်းပြုလုပ်နေတဲ့ Space partyကို အောင်ရဲထွေးနဲ့အတူသွားရောက်ခဲ့ပေမဲ့ သူဟာ အဝေးမှုန်မျက်မှန်သမားဖြစ်ပြီး ပါဝါ၅၀၀အထိတက်ရကြောင်း၊ အခင်းဖြစ်နေ့တွင် EDMပွဲတွေမှာ တပ်စင်ထားတဲ့ မီးတွေ မျက်စိကိုထိခိုက်နိုင်သည့်အတွက် ပါဝါမျက်မှန်တပ်ခဲ့ခြင်းမရှိဘဲ နေကာမျက်မှန်သာတပ်ထားကြောင်း၊ အခင်းဖြစ်စဉ်မှာ သူမကိုနောက်မှ တွန်းခံရပြီး အောင်ရဲထွေးထိုးကြိတ်ခံရသည့် နေရာနှဲ့၁၀ပေ ၁၂ပေခန့်ရောက်သွားသောကြောင့် မည်သည့်အကြောင်းကိုမှ မသိရှိခဲ့ဘူးလို့ထွက်ဆိုခဲ့ပါတယ်။

အဲဒီထွက်ဆိုချက်ဟာ ရဲတွင်ထွက်ဆိုထားတဲ့ စစ်ချက်တွေနဲ့ ကွဲလွဲနေသည့်အတွက် သက်သေခံအက်ဥပဒေပုဒ်မ ၁၄၅၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂အရတိုက်ဆိုင်စစ်ဆေးခွင့်တင်ခဲ့ပြီး တရားရုံးမှ ရာဇတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂(၁)အရတိုက်ဆိုင်စစ်ဆေးခွင့်ပြုခဲ့ပါတယ်။သရုပ်ဆောင်အောင်ရဲထွေးဟာ ဇန်နဝါရီ ၁ရက်နေ့က The One Entertainment ကို ၎င်း၏ချစ်သူ မပွင့်ကေခိုင်(ခ)ပိုးပိုးနှင့်ရောက်စဉ် ယခင်ကရန်စရှိခဲ့ဖူးသော အမည်မသိအမျိုးသားများမှ ဝိုင်းဝန်ထိုးကြိတ်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူခဲ့ပြီး ဇန်နဝါရီ ၂ရက်နံနက်ပိုင်းမှာ ၎င်းရရှိတဲ့ဏ်ရာများနှင့် သေဆုံးခဲ့ရတာပါ။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရသူ သန်းထွဋ်အောင်(ခ)သားကြီး၊အောင်လေး၊ကျောဇော(ခ)ကျော်ဇောဟန်တို့သုံးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်အဖွင့်တရားစွဲဆိုထားပြီး ရုံးချိန်းကို လာမည့် နိုဝင်ဘာ ၁၃ရက်သို့ပြန်လည်ချိန်းဆိုထားပါတယ်။

Source-DVB

About the author

ShweLight

Leave a Comment