MOBILE Review

Android အရသာကို အပြည့်အ၀ခံစားနိုင်စေမယ့် Mi A2 မကြာခင်ထွက်ရှိလာမည်







  • (Unicode)

ဈေးကွက်ထဲကို မကြာခင်အချိန်တုန်းက Mi 6X ဖုန်းဝင်လာခဲ့ပါတယ်။ ဒါကြောင့် Mi A2 ဖုန်းကလည်း ဈေးကွက်ထဲကိုမကြာခင်ဝင်ရောက်လာတော့မှာပါ။ Mi A1 တုန်းကလိုပဲ Mi A2 အနေနဲ့လည်းမြန်မာပြည်ဈေးကွက်မှာ မင်းမှုနိုင်အုံးမလားဆိုတာကို တစ်ချက်လောက်စောင့်ကြည့်ရအောင်…။

Androidအရသာဆိုတာဘာလဲ…။ Mi A2 မှာပါဝင်လာမဲ့ Android စစ်စစ်ဆိုတာရောဘာလဲ? တရုတ်ပြည်အခြေစိုက် Xiaomi ကုမ္ပဏီဟာသုံးစွဲသူတွေကို စိတ်ကျေနပ်မှုအပေးနိုင်ဆုံးနေရာတစ်ခုပါပဲ။ Mi A1 တုန်းကလည်း Pure android နဲ့ထုတ်ဝေခဲ့ပါတယ်။ သူမှာတော့ တခြားသော Ui တွေမပါဝင်ပဲ Android Ui တစ်ခုထဲသာပါဝင်တာလည်းဖြစ်ပါတယ်။ Miui ကိုမကြိုက်ပဲ Android စနစ်ပဲပါဝင်ပြီး ရိုးရှင်းတဲ့အရသာကိုပေးစွမ်းနိုင်တာကတော့ Mi A1, Mi A2 စမတ်ဖုန်းတွေပါပဲ။ ဒါ့အပြင်သူတို့ဟာ Update တိုင်းကိုလည်း လျင်လျင်မြန်မြန်နဲ့ရအုံးမှာပါ။ ရိုးရှင်းလွယ်ကူပြီးထူးခြားတဲ့ အထိအတွေ့ကို ခံစားတတ်မယ်ဆိုရင် Mi A2 ကိုမဖြစ်မနေရွေးးချယ်သင့်ပါတယ်။ သြဂုတ်လအတွင်းမှာ ရောင်းချသွားမှာဖြစ်ပါတယ်။


သူရဲ့ အချက်အလက်တွေကတော့ မျက်နာပြင် ၅.၉၉ လက်မ ၁၈း၉ အချိုးနဲ့လာမှာပါ။ Snapdragon 660 ၊ ကင်မရာအနေနဲ့ 12+20 Mp Dual camera၊ ဘက်ထရီကတော့ 3010 mah နဲ့လာမှာပါ။ ဈေးကတော့ဒေါ်လာ ၂၉၀နဲ့ ၃၅၀ ကြားရှိမှာပါ။

Mi ဖုန်းတွေရဲ့စွမ်းဆောင်ရည် Hamdware ကိုတော့ကြိုက်တယ်။ Miui စနစ်ကိုတော့ ဘဝင်မကျဘူး။ အဆိုပါလူတွေအတွက်ရိုးရှင်းတဲ့ခံစားမှုကို ထိတွေ့နိုင်ဖို့ Mi A2 ကအသင့်ရှိနေပါတယ်။

Nanda Myint Ko (နည်းပညာချစ်သူ)

About the author

Nanda

Leave a Comment