CELEBRITY

နေထက်လင်း နဲ့ နေတိုး ဆရာတပည့်နှစ်ယောက်ကို အတူတွေ့ရတော့မယ့် ကျားနဲ့ ဆင် ရုပ်ရှင်ဇာတ်ကားကြီး






Moekalay
Source; nay toe fan
Source:momolay.com

  • Unicode

နိုင်ငံကျော် သရုပ်ဆောင် အက်ရှင်မင်းသားကြီး ဖြစ်တဲ့ သရုပ်ဆောင်နေထက်လင်း နဲ့ ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တွေပါ။ နေထက်လင်း ဟာဆိုရင် နေတိုးရဲ့ လက်ဦးဆရာတစ်ယောက်ဖြစ်ခဲ့ပြီး နေတိုးကိုပွဲထုတ် တင်ပေးခဲ့တဲ့ သူဆိုလည်းမမှားပါဘူး ။ ဒီတစ်ခါမှာတော့ ပရိသတ်တွေမြင်တွေ့ရခဲတဲ့ နေထက်လင်း နဲ့ နေတိုးတို့ တွဲဖက်သရုပ်ဆောင်မယ့် ကျားနဲ့ ဆင် ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ခွင့်ရတော့မှာပါ။ ချစ်ပရိသတ်တွေအတွက် နေထက်လင်း နဲ့ နေတိုးတို့ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

နေထက်လင်း နဲ့ နေတိုးတို့ ဆရာတပည့် နှစ်ဦးက ဒါရိုက်တာ စတီးရိုက်ကူးမယ့် ကျားနဲ့ဆင် အက်ရှင်ရုပ်ရှင်ဇာတ်ကား ကြီးကို ထွန်းထွန်း၊ အေးမြတ်သူ၊ ရွှေသမီး၊ လေပြေသွေး(မင်းမော်ကွန်းရဲ့သမီး) နဲ့ အနုပညာရှင်များစွာနဲ့ အတူ သရုပ်ဆောင်ကြမှာပဲ ဖြစ်ပါတယ်။

ကျားနဲ့ဆင် အက်ရှင်ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို နိုဝင်ဘာ၁၈ရက်နေ့ Rose Garden ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆရာတပည့်နှစ်ယောက် ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တာကြောင့် နေထက်လင်း က ဂုဏ်ယူမဆုံးဖြစ်နေပြီး တပည့်အပေါ် သားတစ်ယောက် ညီတစ်ယောက်လို ခံယူထားတဲ့ နေထက်လင်း အတွက်တော့ အမှတ်တရများစွာရှိနေမယ့် ရုပ်ရှင်ဇာတ်ကားကြီးပါ။

ဆရာတပည့်နှစ်ယောက်ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

နိုင်ငံကျော် သရုပ်ဆောင် အက်ရှင်မင်းသားကြီး ဖြစ်တဲ့ သရုပ်ဆောင်နေထက်လင်း နဲ့ ရုပ်ရှင်သရုပ်ဆောင် နေတိုးတို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြမှာပါ။ ပရ်သတ်ကြီးကလည်း ဆရာတပည့် နှစ်ယောက်က ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဘယ်လို မျိုးသရုပ်ဆောင် သွားကြမလဲ ဆိုတာ စောင့်မျှော် ကြည့်ပေးကြပါနော်။

Moekalay
Source; nay toe fan
Source:momolay.com

About the author

ShweLight

Leave a Comment