CELEBRITY

ခ်စ္သူနဲ႔ မေတြ႕ျဖစ္ၾကေတာ့ဘူးဆိုတဲ့ ေနျခည္ဦး

Beauty Blogger အျဖစ္ေအာင္ျမင္လာခဲ့ျပီး အခုဆိုရင္ သရုပ္ေဆာင္မင္းသမီးတစ္ဦးအျဖစ္ပါရပ္တည္ေနျပီျဖစ္တဲ့ ေနျခည္ဦးဟာ သြက္လက္ျပီးခ်စ္ဖို႔ေကာင္းတဲ့အမ်ိဳးသမီးေလးျဖစ္သလို ထက္ထက္ျမက္ျမက္ရွိျပီး ကုိယ္ပုို္င္စီးပြားေရးတစ္ခုကုိ ဦးေဆာင္ေနျပီလည္းျဖစ္ပါတယ္။ ေနျခည္ဦးက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ပရိသတ္ေတြသိခ်င္ေနၾကတဲ့ သူမရဲ႕အခ်စ္ေရးအေၾကာင္းကုိေျဖၾကားေပးသြားပါတယ္။

ေနျခည္ဦးက ေလာေလာဆယ္အခ်စ္ေရးမွာမုန္တုိင္းတိုက္ေနတဲ့အေျခအေနျဖစ္ေၾကာင္းကို “အဆင္ေျပပါတယ္။ အခ်စ္ေရးက နည္းနည္းမုန္တိုင္းတိုက္တယ္လို႔ ေနျခည္ေျပာတယ္ေလ။ အဓိကက ဒီအရြယ္မွာက ေနျခည္ကသြားျပီးေတာ့ စိတ္ေကာက္ေနပါတယ္တုိ႔ break ယူထားပါတယ္တို႔ အဆင္ေျပပါတယ္တို႔ ေနျခည္ေျပာမယ့္အစား ေနျခည့္အေနနဲ႔ အခုအခ်ိန္မွာ တစ္ေနရာဘက္ကုိ ပုိျပီးေတာ့ ၾကိဳးစားေနတဲ့အခ်ိန္မွာ တစ္ဖက္မွာ လစ္ဟာခ်က္ေတြရွိတယ္။ ဂရုစိုက္မႈေတြမရွိေတာ့ဘူး။ သိပ္ျပီးေတာ့ နားလည္မေပးနုိင္ေတာ့ဘူးေပါ့”လို႔ ေျပာျပထားပါတယ္။

ပရိသတ္ေတြက ေနျခည့္အခ်စ္ေရးကုိရိပ္မိတာေၾကာင့္ ေနျခည္က ပရိသတ္ကုိခ်ျပေၾကာင္းလည္း “ေနျခည္တို႔က်ေတာ့ Social Media မွာ ေနေနတဲ့သူေတြျဖစ္တာေၾကာင့္ တစ္ခုခုျဖစ္ျပီဆို ပရိသတ္ေတြကသိတယ္။ Story မတင္ေတာ့တာတို႔ ဟုိဖက္ကလည္းမတင္ေတာ့တာ ဒီဘက္ကလည္း မတင္ေတာ့တာ။ အခုအခ်ိ္န္မွာေတာ့ ေနျခည္တို႔နွစ္ေယာက္က စကားေျပာတယ္။ နင္ဘာျဖစ္ခ်င္လဲ ငါဘာျဖစ္ခ်င္လဲ။ Negotiation ေပါ့”လို႔ ေျပာျပထားပါတယ္။

ေနျခည္တို႔က ေလာေလာဆယ္ ျပတ္ေနတာမဟုတ္ပဲ မျပတ္ခ်င္ေသးတာေၾကာင့္ ရေအာင္ညွိေနတာျဖစ္ေၾကာင္းလည္း “ေနျခည္တို႔ကအဆင္မေျပျဖစ္ေနတာေလ။ ျပတ္သြားျပီလို႔လည္းမေျပာခ်င္ဘူး။ ဘာလို႔ဆို ေနျခည္တုိ႔က မျပတ္ေသးဘူး။ ဒါေပမယ့္ ေတြ႕လည္းမေတြ႕ျဖစ္ၾကေတာ့ဘူး။ စကားလည္းအရင္လိုမေျပာျဖစ္ၾကေတာ့ဘူး။ ခ်စ္တယ္တို႔ သဲေလးတို႔ ကုိတို႔လည္းမေခၚျဖစ္ၾကေတာ့ဘူး။ ဒီအခ်ိန္မွာ နင္ဘာျဖစ္ခ်င္တာလဲ။ ငါဘာျဖစ္ခ်င္တာလဲ။ ေနျခည္တို႔ ျပတ္လုိက္လုိ႔ရတယ္။ ငါအရမ္းအလုပ္မ်ားေနတယ္။ နင္နဲ႔ငါနဲ႔ျပတ္ျပီ bye လုိ႔ေျပာလိုက္လုိ႔ရတယ္။ဒါေပမယ့္ ေနျခည္က မျပတ္ခ်င္ဘူး။ သူသည္ေနျခည့္ဘဝရဲ႕ ႕ရည္းစားေတြထဲမွာ ေနျခည့္ကုိ နားအလည္ေပးဆံုးနဲ႔ ေနျခည့္ကုိ အခ်စ္ဆံုးေယာက္်ားတစ္ေယာက္ဆုိေတာ့ ဒီလိုေယာက္်ားတစ္ေယာက္ကုိေနျခည္လြယ္လြယ္နဲ႔အဆံုးရံႈးမခံနုိ္င္ဘူး။ ဒါေၾကာင့္ ညွိေနတာေပါ့ေနာ္”လို႔ ေျပာထားပါတယ္။

ပရိသတ္ၾကီးေရာ မႏၱေလးသားေလးနဲ႔ ေနျခည္နဲ႔ကုိ သေဘာတူၾကလား။ သူတုိ႔နွစ္ေယာက္ကုိျပန္အဆင္ေျပေစခ်င္ၾကလား။ ေနျခည္ရဲ႕ အနုပညာလႈပ္ရွားမႈေတြကုိေရာ ဆက္လက္အားေပးၾကမွာလား။ ေျပာခဲ့ၾကဦးေနာ္။

Via, Can’t Wait To Say

  • Unicode

Beauty Blogger အဖြစ်အောင်မြင်လာခဲ့ပြီး အခုဆိုရင် သရုပ်ဆောင်မင်းသမီးတစ်ဦးအဖြစ်ပါရပ်တည်နေပြီဖြစ်တဲ့ နေခြည်ဦးဟာ သွက်လက်ပြီးချစ်ဖို့ကောင်းတဲ့အမျိုးသမီးလေးဖြစ်သလို ထက်ထက်မြက်မြက်ရှိပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ဦးဆောင်နေပြီလည်းဖြစ်ပါတယ်။ နေခြည်ဦးက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပရိသတ်တွေသိချင်နေကြတဲ့ သူမရဲ့အချစ်ရေးအကြောင်းကိုဖြေကြားပေးသွားပါတယ်။

နေခြည်ဦးက လောလောဆယ်အချစ်ရေးမှာမုန်တိုင်းတိုက်နေတဲ့အခြေအနေဖြစ်ကြောင်းကို “အဆင်ပြေပါတယ်။ အချစ်ရေးက နည်းနည်းမုန်တိုင်းတိုက်တယ်လို့ နေခြည်ပြောတယ်လေ။ အဓိကက ဒီအရွယ်မှာက နေခြည်ကသွားပြီးတော့ စိတ်ကောက်နေပါတယ်တို့ break ယူထားပါတယ်တို့ အဆင်ပြေပါတယ်တို့ နေခြည်ပြောမယ့်အစား နေခြည့်အနေနဲ့ အခုအချိန်မှာ တစ်နေရာဘက်ကို ပိုပြီးတော့ ကြိုးစားနေတဲ့အချိန်မှာ တစ်ဖက်မှာ လစ်ဟာချက်တွေရှိတယ်။ ဂရုစိုက်မှုတွေမရှိတော့ဘူး။ သိပ်ပြီးတော့ နားလည်မပေးနိုင်တော့ဘူးပေါ့”လို့ ပြောပြထားပါတယ်။

ပရိသတ်တွေက နေခြည့်အချစ်ရေးကိုရိပ်မိတာကြောင့် နေခြည်က ပရိသတ်ကိုချပြကြောင်းလည်း “နေခြည်တို့ကျတော့ Social Media မှာ နေနေတဲ့သူတွေဖြစ်တာကြောင့် တစ်ခုခုဖြစ်ပြီဆို ပရိသတ်တွေကသိတယ်။ Story မတင်တော့တာတို့ ဟိုဖက်ကလည်းမတင်တော့တာ ဒီဘက်ကလည်း မတင်တော့တာ။ အခုအချိန်မှာတော့ နေခြည်တို့နှစ်ယောက်က စကားပြောတယ်။ နင်ဘာဖြစ်ချင်လဲ ငါဘာဖြစ်ချင်လဲ။ Negotiation ပေါ့”လို့ ပြောပြထားပါတယ်။

နေခြည်တို့က လောလောဆယ် ပြတ်နေတာမဟုတ်ပဲ မပြတ်ချင်သေးတာကြောင့် ရအောင်ညှိနေတာဖြစ်ကြောင်းလည်း “နေခြည်တို့ကအဆင်မပြေဖြစ်နေတာလေ။ ပြတ်သွားပြီလို့လည်းမပြောချင်ဘူး။ ဘာလို့ဆို နေခြည်တို့က မပြတ်သေးဘူး။ ဒါပေမယ့် တွေ့လည်းမတွေ့ဖြစ်ကြတော့ဘူး။ စကားလည်းအရင်လိုမပြောဖြစ်ကြတော့ဘူး။ ချစ်တယ်တို့ သဲလေးတို့ ကိုတို့လည်းမခေါ်ဖြစ်ကြတော့ဘူး။ ဒီအချိန်မှာ နင်ဘာဖြစ်ချင်တာလဲ။ ငါဘာဖြစ်ချင်တာလဲ။ နေခြည်တို့ ပြတ်လိုက်လို့ရတယ်။ ငါအရမ်းအလုပ်များနေတယ်။ နင်နဲ့ငါနဲ့ပြတ်ပြီ bye လို့ပြောလိုက်လို့ရတယ်။ဒါပေမယ့် နေခြည်က မပြတ်ချင်ဘူး။ သူသည်နေခြည့်ဘဝရဲ့ရည်းစားတွေထဲမှာ နေခြည့်ကို နားအလည်ပေးဆုံးနဲ့ နေခြည့်ကို အချစ်ဆုံးယောက်ျားတစ်ယောက်ဆိုတော့ ဒီလိုယောက်ျားတစ်ယောက်ကိုနေခြည်လွယ်လွယ်နဲ့အဆုံးရှုံးမခံနိုင်ဘူး။ ဒါကြောင့် ညှိနေတာပေါ့နော်”လို့ ပြောထားပါတယ်။

ပရိသတ်ကြီးရော မန္တလေးသားလေးနဲ့ နေခြည်နဲ့ကို သဘောတူကြလား။ သူတို့နှစ်ယောက်ကိုပြန်အဆင်ပြေစေချင်ကြလား။ နေခြည်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးကြမှာလား။ ပြောခဲ့ကြဦးနော်။

Via, Can’t Wait To Say

About the author

ShweLight

Leave a Comment