KNOWLEDGE

အေၾကြတစ္ေစ့ ေကာက္ရရာကေန ရဲေတြကုိအလုပ္ရႈပ္သြားေစတဲ့ (၄)ႏွစ္သားအုပ္စု

တရုတ္ႏုိင္ငံ၊ ကာအုိရွင္း ျပည္နယ္မွာေနထုိင္တဲ့ အသက္ (၄)ႏွစ္အရြယ္ နန္ဇီ ဆုိတဲ့ ကေလးေလးရဲ႕ အျဖစ္က တကယ့္ကုိ သေဘာက်စရာပါ။ နန္ဇီဟာ သူ႔ရဲ႕ အိမ္အနီးမွာ ကစားေနရင္း ထုိင္၀မ္ေဒၚလာ (၅၀) တန္တဲ့ အေၾကြေစ့တစ္ေစ့ကုိ ေကာက္ရခဲ့ပါတယ္။ အဲဒီပုိက္ဆံက အေမရိကန္ေဒၚလာ (၁) ေဒၚလာနဲ႔ (၆၆)ဆင့္ တန္ၿပီး နန္ဇီအတြက္ေတာ့ ဒီပုိက္ဆံဟာ တကယ့္ကုိ မ်ားျပားတဲ့ ပုိက္ဆံလုိ႔ ထင္ခဲ့ပါတယ္။

နန္ဇီဟာ သူ႕ရဲ႕မိဘေတြကုိ သြားၿပီး ျပဖုိ႔ထက္ ဒီပုိက္ဆံကုိ ပုိင္ရွင္ဆီ ျပန္ေရာက္ေအာင္ လုပ္ေပးခ်င္ခဲ့ပါတယ္။ အဲဒါေၾကာင့္ သူ႕အေနနဲ႔ ဒီပုိက္ဆံကုိ ရဲစခန္းမွာ သြားအပ္ဖုိ႔ ႀကိဳးစားပါေတာ့တယ္။ နန္ဇီဟာ သူ႕ရဲ႕အိမ္အနီးမွာရွိတဲ့ သူနဲ႔ရြယ္တူ ေမာင္ႏွမေတြကုိ သြားေခၚခဲ့ၿပီး ရဲစခန္းဆီ အုပ္စုလုိက္ ခ်ီတက္လာပါေတာ့တယ္။

ရဲေတြလည္း စခန္းထဲကုိ ၀င္လာၾကတဲ့ ကေလးငယ္ေတြကုိ အံ့အားသင့္ေနၿပီး နန္ဇီက သူေကာက္ရထားတဲ့ အေၾကြေစ့ကုိ ပုိင္ရွင္ဆီ ျပန္ေပးခ်င္တဲ့အေၾကာင္း ရဲေတြကုိ အသိေပးခဲ့တာပါ။

နန္ဇီနဲ႔အတူ သူ႕ရဲ႕ေမာင္ႏွမ (၃) ေယာက္ကလည္း စခန္းထဲအထိ လုိက္လာေပးၾကၿပီး သူတုိ႔ကုိယ္တုိင္လည္း ဒီအေၾကြေစ့ကုိ ပုိင္ရွွင္ဆီ ျပန္ေပးဖုိ႔ စိတ္အားထက္သန္ေနခဲ့ပါတယ္။ ရဲစခန္းက သူတုိ႔အေနနဲ႔ ဒီလုိ ပုိက္ဆံမ်ိဳးကုိ ပုိင္ရွင္ဆီ ျပန္ေပးဖုိ႔ မလြယ္တာေၾကာင့္ ရွာေတြ႕တဲ့ နန္ဇီတုိ႔နဲ႔သာ ထုိက္တန္တယ္လုိ႔ ေျပာျပခဲ့ေပမယ့္ နန္ဇီတုိ႔ ေမာင္ႏွမေတြကေတာ့ ပုိက္ဆံကုိ ျပန္မယူၾကသလုိ စခန္းထဲကေနလည္း ျပန္မထြက္သြားၾကပါဘူး။

ေနာက္ဆုံးမွာေတာ့ စခန္းထဲက ရဲတစ္ေယာက္က ဒီအေၾကြေစ့ကုိ ပုိင္ရွင္ဆီေရာက္ေအာင္္ ျပန္ပုိ႔ေပးပါ့မယ္လုိ႔ အာမခံလုိက္ေတာ့မွပဲ နန္ဇီတုိ႔ရဲ႕ နာမည္ေတြကုိ ကြန္ျပဴတာထဲမွာ ေရးမွတ္ထားေပးပါ့မယ္ဆုိေတာ့မွ နန္ဇီတုိ႔လည္း စခန္းထဲကေန ျပန္ထြက္သြားပါေတာ့တယ္။

ရဲစခန္းက ဒီျဖစ္ရပ္ကုိ နန္ဇီရဲ႕ မိဘေတြဆီ အသိေပးခဲ့ၿပီး ကေလးေတြရဲ႕ လုပ္ရပ္က တကယ့္ကုိ ခ်ီးက်ဴးစရာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ေလးက တကယ့္ကုိ သေဘာက်စရာပဲျဖစ္ၿပီး ကေလးငယ္ေတြရဲ႕ ျဖဴစင္တဲ့ စိတ္ထားဟာ တကယ့္ကုိ တန္ဖုိးရွိတယ္ဆုိတာ ျပသေနတာပဲ ျဖစ္ပါတယ္။

Linn
Source : Goodtimes
Via,shwemom.com

  • Unicode

တရုတ်နိုင်ငံ၊ ကာအိုရှင်း ပြည်နယ်မှာနေထိုင်တဲ့ အသက် (၄)နှစ်အရွယ် နန်ဇီ ဆိုတဲ့ ကလေးလေးရဲ့ အဖြစ်က တကယ့်ကို သဘောကျစရာပါ။ နန်ဇီဟာ သူ့ရဲ့ အိမ်အနီးမှာ ကစားနေရင်း ထိုင်ဝမ်ဒေါ်လာ (၅၀) တန်တဲ့ အကြွေစေ့တစ်စေ့ကို ကောက်ရခဲ့ပါတယ်။ အဲဒီပိုက်ဆံက အမေရိကန်ဒေါ်လာ (၁) ဒေါ်လာနဲ့ (၆၆)ဆင့် တန်ပြီး နန်ဇီအတွက်တော့ ဒီပိုက်ဆံဟာ တကယ့်ကို များပြားတဲ့ ပိုက်ဆံလို့ ထင်ခဲ့ပါတယ်။

နန်ဇီဟာ သူ့ရဲ့မိဘတွေကို သွားပြီး ပြဖို့ထက် ဒီပိုက်ဆံကို ပိုင်ရှင်ဆီ ပြန်ရောက်အောင် လုပ်ပေးချင်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့အနေနဲ့ ဒီပိုက်ဆံကို ရဲစခန်းမှာ သွားအပ်ဖို့ ကြိုးစားပါတော့တယ်။ နန်ဇီဟာ သူ့ရဲ့အိမ်အနီးမှာရှိတဲ့ သူနဲ့ရွယ်တူ မောင်နှမတွေကို သွားခေါ်ခဲ့ပြီး ရဲစခန်းဆီ အုပ်စုလိုက် ချီတက်လာပါတော့တယ်။

ရဲတွေလည်း စခန်းထဲကို ဝင်လာကြတဲ့ ကလေးငယ်တွေကို အံ့အားသင့်နေပြီး နန်ဇီက သူကောက်ရထားတဲ့ အကြွေစေ့ကို ပိုင်ရှင်ဆီ ပြန်ပေးချင်တဲ့အကြောင်း ရဲတွေကို အသိပေးခဲ့တာပါ။

နန်ဇီနဲ့အတူ သူ့ရဲ့မောင်နှမ (၃) ယောက်ကလည်း စခန်းထဲအထိ လိုက်လာပေးကြပြီး သူတို့ကိုယ်တိုင်လည်း ဒီအကြွေစေ့ကို ပိုင်ရှင်ဆီ ပြန်ပေးဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။ ရဲစခန်းက သူတို့အနေနဲ့ ဒီလို ပိုက်ဆံမျိုးကို ပိုင်ရှင်ဆီ ပြန်ပေးဖို့ မလွယ်တာကြောင့် ရှာတွေ့တဲ့ နန်ဇီတို့နဲ့သာ ထိုက်တန်တယ်လို့ ပြောပြခဲ့ပေမယ့် နန်ဇီတို့ မောင်နှမတွေကတော့ ပိုက်ဆံကို ပြန်မယူကြသလို စခန်းထဲကနေလည်း ပြန်မထွက်သွားကြပါဘူး။

နောက်ဆုံးမှာတော့ စခန်းထဲက ရဲတစ်ယောက်က ဒီအကြွေစေ့ကို ပိုင်ရှင်ဆီရောက်အောင် ပြန်ပို့ပေးပါ့မယ်လို့ အာမခံလိုက်တော့မှပဲ နန်ဇီတို့ရဲ့ နာမည်တွေကို ကွန်ပြူတာထဲမှာ ရေးမှတ်ထားပေးပါ့မယ်ဆိုတော့မှ နန်ဇီတို့လည်း စခန်းထဲကနေ ပြန်ထွက်သွားပါတော့တယ်။

ရဲစခန်းက ဒီဖြစ်ရပ်ကို နန်ဇီရဲ့ မိဘတွေဆီ အသိပေးခဲ့ပြီး ကလေးတွေရဲ့ လုပ်ရပ်က တကယ့်ကို ချီးကျူးစရာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်လေးက တကယ့်ကို သဘောကျစရာပဲဖြစ်ပြီး ကလေးငယ်တွေရဲ့ ဖြူစင်တဲ့ စိတ်ထားဟာ တကယ့်ကို တန်ဖိုးရှိတယ်ဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။

Linn
Source : Goodtimes
Via,shwemom.com

About the author

ShweLight

Leave a Comment