News

လူေရွ႕သူေရွ႕ လမ္းခြဲတဲ့ေကာင္မေလးကို မရွက္မေၾကာက္ ၀မ္းလ်ားေမွာက္ ေတာင္းပန္တဲ့သူ

အခ်စ္ဆုိတာ လူေတြရဲ႕ စိတ္ကို တစ္ခဏခ်င္းမွာ အလြန္ပဲ သိမ္ေမြ႕ေစသလုိ၊ ခ်က္ခ်င္းလည္း ခက္ထန္ၾကမ္းတမ္းသြားေစပါတယ္။ ဒါ့အျပင္ ႀကိဳက္မရွက္၊ ငိုက္မရွက္ဆုိတဲ့ စကားပုံလည္း ရွိေနပါတယ္။ မရွက္ျခင္းတရား သုံးပါး ရွိတယ္လုိ႔ ဆုိပါ
တယ္။ အရမ္းခ်စ္တဲ့အခ်ိန္ မရွက္ေတာ့ဘူး၊ အရမ္းအိပ္ခ်င္တဲ့အခ်ိန္ မရွက္ေတာ့ဘူး၊ အရမ္းငတ္တဲ့အခ်ိန္ မရွက္ေတာ့ဘူးလုိ႔ ဆုိပါတယ္။

အခုလည္း အမ်ိဳးသားတစ္ေယာက္ဟာ သူ႕ခ်စ္သူက သူ႕ကို လူေရွ႕သူေရွ႕မွာ ရွင္ခန္းျဖတ္တာကို ခံခဲ့ရပါတယ္။ တ႐ုတ္ႏုိင္ငံ Huai’an ၿမိဳ႕လယ္ေခါင္မွာျဖစ္ခဲ့တဲ့ ဒီအျဖစ္အပ်က္မွာ အမ်ိဳးသားက အလြန္၀မ္းနည္းသြားပါတယ္။ သူမွားထားတာေတြ ရွိတယ္ဆုိလည္း ေတာင္းပန္ပါတယ္ေပါ့။ ဒါေပမယ့္ ေကာင္မေလးက မရဘူး။ ျဖတ္မယ္ဆုိ ျဖတ္မယ္ပဲ။

အမ်ိဳးသားက ဒူးေထာက္ ထုိင္ခ်လုိက္ၿပီး၊ သူ႕မွာ အားနည္းခ်က္ေတြ ရွိတဲ့အေၾကာင္း၊ ျပင္ဆင္ေနပါတယ္ဆုိတဲ့အေၾကာင္း၊ ေနာက္ဆုံးအႀကိမ္ အခြင့္ေရးေလး ေပးဖုိ႔အေၾကာင္း ဒူးေထာက္ေတာင္းပန္ေပမယ့္ ေကာင္မေလးက ဟင္ဆုိရင္ လွည့္ကို မၾကည့္ခ်င္ေတာ့ဘူးဆုိတဲ့ အစားထဲက ျဖစ္မယ္ထင္ပါတယ္။

ေကာင္ေလးကို ေက်ာခုိင္းထြက္ခြာသြားပါတယ္။ ေကာင္ေလးကလည္း ထားရာမွာ မေနရစ္ပါဘူး။ ေကာင္မေလးကုိ ဒူးေထာက္ေနရင္းတန္းလန္း ေျခေထာက္ကုိ လွမ္းဆြဲပါတယ္။ ေကာင္မေလးက အတင္း႐ုန္းတယ္။ ေကာင္ေလးက ခပ္တင္းတင္း ဆြဲတယ္။ ၾကာေတာ့ ေကာင္ေလး ၀မ္းလွ်ားေမွာက္အေနအထား ျဖစ္သြားတယ္။ ေကာင္မေလးက ေျခကန္႐ုန္းတယ္၊ ေကာင္းေလက တင္ပါးေလး လိမ္က်စ္ၿပီး ရွိသမွ် အားနဲ႔ဆြဲတယ္။

အဲဒီမွာ ကံဆုိးခ်င္ေတာ့ ေကာင္မေလးရဲ႕ စေတာ့ကင္ ကၽြတ္သြားတယ္။ ေကာင္မေလး ေဒါသလည္းထြက္ ရွက္လည္းရွက္၊ ငါ့ကို အရွက္ခြဲတာလား ေမးလည္းေမး လက္နဲ႔လည္း ႐ုိက္၊ ေကာင္ေလးကေတာ့ မမႈဘူး၊ ငါ့ကို မထားခဲ့ပါနဲ႔-ဆုိၿပီးေပါ့။ ေနာက္ဆုံး ေကာင္ေလးမွာ ရခဲ့တာ တစ္ခုေတာ့ ရွိပါတယ္။ ေကာင္မေလး ကၽြတ္က်န္ခဲ့တဲ့ စေတာ့ကင္နဲ႔ ခပ္လွမ္းလွမ္းမွာ ကၽြတ္ေနခဲ့တဲ့ ႐ႈးဖိနပ္တစ္ရံပါဘဲ။

Vai,နတ္စည္ေတာ္ (Shwemom)
source : viral.co.uk

  • Unicode

အချစ်ဆိုတာ လူတွေရဲ့ စိတ်ကို တစ်ခဏချင်းမှာ အလွန်ပဲ သိမ်မွေ့စေသလို၊ ချက်ချင်းလည်း ခက်ထန်ကြမ်းတမ်းသွားစေပါတယ်။ ဒါ့အပြင် ကြိုက်မရှက်၊ ငိုက်မရှက်ဆိုတဲ့ စကားပုံလည်း ရှိနေပါတယ်။ မရှက်ခြင်းတရား သုံးပါး ရှိတယ်လို့ ဆိုပါ
တယ်။ အရမ်းချစ်တဲ့အချိန် မရှက်တော့ဘူး၊ အရမ်းအိပ်ချင်တဲ့အချိန် မရှက်တော့ဘူး၊ အရမ်းငတ်တဲ့အချိန် မရှက်တော့ဘူးလို့ ဆိုပါတယ်။

အခုလည်း အမျိုးသားတစ်ယောက်ဟာ သူ့ချစ်သူက သူ့ကို လူရှေ့သူရှေ့မှာ ရှင်ခန်းဖြတ်တာကို ခံခဲ့ရပါတယ်။ တရုတ်နိုင်ငံ Huai’an မြို့လယ်ခေါင်မှာဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ အမျိုးသားက အလွန်ဝမ်းနည်းသွားပါတယ်။ သူမှားထားတာတွေ ရှိတယ်ဆိုလည်း တောင်းပန်ပါတယ်ပေါ့။ ဒါပေမယ့် ကောင်မလေးက မရဘူး။ ဖြတ်မယ်ဆို ဖြတ်မယ်ပဲ။

အမျိုးသားက ဒူးထောက် ထိုင်ချလိုက်ပြီး၊ သူ့မှာ အားနည်းချက်တွေ ရှိတဲ့အကြောင်း၊ ပြင်ဆင်နေပါတယ်ဆိုတဲ့အကြောင်း၊ နောက်ဆုံးအကြိမ် အခွင့်ရေးလေး ပေးဖို့အကြောင်း ဒူးထောက်တောင်းပန်ပေမယ့် ကောင်မလေးက ဟင်ဆိုရင် လှည့်ကို မကြည့်ချင်တော့ဘူးဆိုတဲ့ အစားထဲက ဖြစ်မယ်ထင်ပါတယ်။

ကောင်လေးကို ကျောခိုင်းထွက်ခွာသွားပါတယ်။ ကောင်လေးကလည်း ထားရာမှာ မနေရစ်ပါဘူး။ ကောင်မလေးကို ဒူးထောက်နေရင်းတန်းလန်း ခြေထောက်ကို လှမ်းဆွဲပါတယ်။ ကောင်မလေးက အတင်းရုန်းတယ်။ ကောင်လေးက ခပ်တင်းတင်း ဆွဲတယ်။ ကြာတော့ ကောင်လေး ဝမ်းလျှားမှောက်အနေအထား ဖြစ်သွားတယ်။ ကောင်မလေးက ခြေကန်ရုန်းတယ်၊ ကောင်းလေက တင်ပါးလေး လိမ်ကျစ်ပြီး ရှိသမျှ အားနဲ့ဆွဲတယ်။

အဲဒီမှာ ကံဆိုးချင်တော့ ကောင်မလေးရဲ့ စတော့ကင် ကျွတ်သွားတယ်။ ကောင်မလေး ဒေါသလည်းထွက် ရှက်လည်းရှက်၊ ငါ့ကို အရှက်ခွဲတာလား မေးလည်းမေး လက်နဲ့လည်း ရိုက်၊ ကောင်လေးကတော့ မမှုဘူး၊ ငါ့ကို မထားခဲ့ပါနဲ့-ဆိုပြီးပေါ့။ နောက်ဆုံး ကောင်လေးမှာ ရခဲ့တာ တစ်ခုတော့ ရှိပါတယ်။ ကောင်မလေး ကျွတ်ကျန်ခဲ့တဲ့ စတော့ကင်နဲ့ ခပ်လှမ်းလှမ်းမှာ ကျွတ်နေခဲ့တဲ့ ရှုးဖိနပ်တစ်ရံပါဘဲ။

Vai,နတ်စည်တော် (Shwemom)
source : viral.co.uk

About the author

ShweLight

Leave a Comment