News
မလေးရှားတွင် မြန်မာလက်ရွှေးစင်ဘောလုံးအသင်း ပရိတ်သတ်များ အုပ်စုဖွဲ့ တိုက်ခိုက်ခံခဲ့ရ
The Ladies News
  • Unicode
အိမ်ရှင် မလေးရှားအသင်းကို သုံးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ဘောလုံးပွဲအပြီးတွင် မလေးရှားရောက်မြန်မာ
ဘောလုံးပရိတ်သတ် ၂၀ ဦးခန့်ကို လူဦးရေ ၃၀ ခန့်ပါသည့် အိမ်ရှင်မလေးရှားပရိတ်သတ်များက အုပ်စုဖွဲ့
ရန်ပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြန်မာအသင်းမှာ AFF Suzuki Cup 2018 အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ၂၄ ရက်နေ့မြန်မာစံ
တော်ချိန် ည ၇ နာရီက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိဘူကစ်ဂျာလီကွင်းကြီးတွင် အိမ်ရှင်နှင့်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲကို ဘန်ဂီးမှလာရောက်အားပေးသည့် မြန်မာပရိတ်သတ်များက အပြန်ခရီးအတွက် Bus ကားစောင့်ဆိုင်းနေစဉ် တိုက်ခိုက်မှု့ခံခဲ့ရခြင်းဟု
နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( မလေးရှား/ မြန်မာ ) အမည်ရ Facebook အကောင့်မှ ရေးသားထားခြင်းဖြစ်သည်။
အဆိုပါမြန်မာအဖွဲ့တွင် မိန်းကလေးများလည်းပါဝင်ကာ ခြေထောက်ဖြင့် ကန်ကျောက်ခြင်းများခံရကြောင်း၊ ပြေးလွှားရင်းဖြင့် မြောင်းထဲသို့ပြုတ်ကျကြသူများလည်း ရှိကြောင်း၊မလေးရှားရဲတပ်ဖွဲ့သို့အကူအညီတောင်းရာရသည့်ကားဖြင့်အိမ်အမြန်ပြန်ရန်ပြောကြောင်း၊မြန်မာပရိတ်သတ်အားလုံးနီးပါးအရိုက်ခံရသော်လည်း ၃ ဦးမှာ ဒဏ်ရာအနည်းငယ်များကြောင်း၊ည ၃နာရီခွဲ( မလေးရှားစံတော်ချိန် )အထိ ဆေးခန်းတွင် ရှိနေသေးကြောင်းတို့ကို ရေးသားပြီး ဓါတ်ပုံများနှင့်အတူ ဖော်ပြခဲ့ခြင်းဖြစ်သည်။
နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့
( မလေးရှား/ မြန်မာ ) ၏ ရေးသားထားမှု့
အခုည ဘောလုံးပွဲအပြီး တိုက်ခိုက်ခံရ ( 24.11.2018 )မလေးရှားနိုင်ငံဘန်ဂီးမှ လာရောက်အားပေးသော လူဦးရေ ၂၀ ဦးခန့် မိန်းခလေးများလည်းပါပြီး ဘောလုံးပွဲအပြီး bus ကားစောင့်နေစဉ် မလေးလူမျိုး အယောက် ၃၀ ခန့်မှ ( ဘာဘီ ) ဟုပြောပြီး ဝိုင်းရိုက်တာ ခံလိုက်ရပါသည်။
ဝိုင်းရိုက်တာ ခံလိုက်ရသောကိုယ့်အဖွဲ့များမှာ ဟိုပြေးဒီပြေးနှင့် မြောင်းထဲပြုတ်ကျသူကကျနှင့် ဒဏ်ရာများရရှိကာ အခုကျွန်တော်တို့ နှလုံးလှပရဟိတအဖွဲ့မှ ရောက်ရှိသွားပြီး ဆေးရုံသို့ပို့ဆောင်နေကြပါသည်။ အရိုက်ခံရသူများအဖွဲ့မှ တယ်လီဖုန်းများလည်း ပါသွားကြပါသည်။ဦးခေါင်းဒဏ်ရာရရှိသူက သက်ညီညီ ဖြစ်ပြီး ဒဏ်ရာနဲနဲများပါသည်။ ခြေထောက် လက်တို့ ဒဏ်ရာရရှိသူကတော့ အောင်မျိုးသူ ဖြစ်ပါတယ်။
နောက်ထပ် ဦးခေါင်းဒဏ်ရာ ရရှိသူကတော့ ကိုမြင့်စိုး ဖြစ်ပါတယ်။ လူအားလုံးနီးပါး အရိုက်ခံရပါသော်လည်း ဒီ ၃ ဦးကတော့ နဲနဲများတဲ့အတွက် ဆေးကုသရခြင်း ဖြစ်ပါတယ်။ အဖွဲ့မှာပါတဲ့ မိန်းခလေးများပါ ခြေထောက်ဖြင့် အကန်ခံရခြင်းဖြစ်ပါတယ်။ဒဏ်ရာတော့မများကြပါ။
စိတ်မကောင်းပါဘူး။ မလေးနှင့် ကန်သည့်ပွဲတိုင်း အရိုက်ခံနေရတာ။ ဘောလုံးပွဲလည်း ရံှုးသေးတယ်။ အခုဖြစ်နေတာကို ရဲသွားခေါ်တော့
မင်းတို့နှောက်ရှက်လို့ ဖြစ်တာမဟုတ်လားတဲ့။ ရတဲ့ကားနဲ့ မြန်မြန်ပြန်ကြတဲ့ ။ တော်တော်အားကိုးရတဲ့ရဲ။ မလေးကိုသာ ကျွန်တော်တို့ နိုင်ခဲ့ရင် အသေများသတ်မလားပဲ။ ကိုယ့်ညီလေးတွေ အမြန်ဆုံးကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်။ အခုည ၃း၃၀ ဘောလုံးကွင်းကြီးကတော့ တိတ်ဆိတ်သွားပါပြီ။
ကျွန်တော်တို့ နှလုံးလှအဖွဲ့နှင့် လူနာတွေကတော့ ဆေးကုသခန်းမှာပဲရှိပါသေးသည်။
မေးမြန်းလိုပါက ကိုသက် နှလုံးလှ ( 0172838470 ) ( 24.11.2018 )နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ မလေးရှား/ မြန်မာဟု ပါရှိသည်။
The Ladies News
About the author
ShweLight
Leave a Comment