CELEBRITY

မြစ်သားမြို့ရဲ့တန်ဆောင်တိုင်ပွဲမှာ တင်ပါးအကိုင်ခံလိုက်ရတဲ့ စန္ဒီမြင့်လွင် ရဲ့ ဗီဒီယိုဖိုင်




  • Unicode

အဆိုတော်သရုပ်ဆောင်စန္ဒီမြင့်လွင်တစ်ယောက် မြစ်သားမြို့ရဲ့တန်ဆောင်တိုင်ပွဲမှာ သွား ရောက်ဖျော်ဖြေခဲ့စဉ်မှာ ထင်မှတ်မထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ တန်ဆောင် တိုင်ပွဲတော်လည်းဖြစ်ပြီး လူတွေကလည်းကျိတ်ကျိတ်တိုးနေတဲ့ကြားထဲက ဒီဒီးတစ်ယောက် စင်ပေါ်ကိုအမြန်တက်နိုင်ဖို့ စင်နောက်ကနေ လှေကားထောင်ပေးထားတဲ့စီကနေ တက်ရတာပဲဖြစ်ပါတယ်။

အားလုံးကဝိုင်းတင်ပေးနေကြတဲ့အချိန်မှာပဲ လူတစ်ယောက်က သူမရဲ့တင်ပါးကိုကိုင်ပြီး တွန်းတင်ပေး လိုက်တာကြောင့် ဒီဒီးတစ်ယောက် လည်ပြန်ကြည့်ရလောက်အောင်ကို မနေတတ်မထိုင်တတ်ဖြစ်သွားရပါတယ်။ လှည့်ကြည့်လိုက်တဲ့အချိန်မှာလည်း သူမကိုယ်တိုင်ဘယ်သူ ဘယ်ဝါမှန်းသေချာ မသိလိုက်ရပါဘူး။

ဒါဟာအမှန်တကယ်ကူညီတာလား အသားယူတာလားဆိုတာကိုတော့ Video လေးကြည့်ပြီး ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးပါဦးနော်။ ဒီဒီးတစ်ယောက်ကတော့ တကယ်ကိုလန့်သွားတဲ့ပုံပါပဲ။ ဒီ Video လေးဟာ လူမှုကွန်ယက်မှာပျံ့နှံ့သွားခဲ့ပြီး ဝေဖန်သူတွေလည်းအများအပြားရှိလို့နေပါတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်တယ်နော်။

About the author

ShweLight

Leave a Comment