CELEBRITY

ခ်စ္သူ စိတ္ပူရမယ့္ အလုပ္ေတြ မလုပ္ဘူးဆိုတဲ့ ပိုးအိအိခန႔္

ျမန္မာႏိုင္ငံက ေဘာလံုး အခ်စ္ေတာ္ပရိသတ္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ႏိုင္ငံဂုဏ္ေဆာင္ ကစားသမား ေအာင္သူကို မသိတဲ့သူမရွိေလာက္ပါဘူး။ ထိုင္းလိဂ္မွာ သြားေရာက္ကစားေနတဲ့ ေအာင္သူတေယာက္ကေတာ့ သူမွာခ်စ္စရာေကာင္းတဲ့ ခ်စ္သူေလးရွိပါတယ္။ သူကေတာ့ သရုပ္ေဆာင္ပိုးအိအိခန္႔ ျဖစ္ပါတယ္။ ပိုးအိအိခန္႔ကေတာ့ ေအာင္သူနဲ႔ အျမဲမေတြ႔ရေပမယ့္လည္း ဗီဒီယိုေခၚတယ္။ စာပို႔တယ္ စတာေတြ လုပ္ျဖစ္ျပီး တေယာက္နဲ႔ တေယာက္နားလည္မႈရွိပါတယ္ဟု ေအာင္သူနဲ႔ အခ်စ္ေရးအေၾကာင္းကို ေျပာၾကားသြား ခဲ့ပါတယ္။

လတ္တေလာအခ်စ္ေရး အေျခအေနနဲ႔ ပတ္သက္ျပီး ပိုးအိအိခန္႔က “လတ္တေလာကေတာ့ အေျခအေန ေကာင္းပါတယ္။ သူနဲ႔ကေတာ့ ဖုန္းေခၚတယ္ စာပို႔တယ္ Video call ေခၚတယ္။ ေယာက်ာ္းေလး ျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ ကုိယ္ခ်စ္တဲ့သူဆိုရင္ေတာ့ စိတ္ပူတယ္။ သဝန္တိုတာေတြလည္းရွိတာေပါ့။ ဒါေပမယ့္လည္း တေယာက္နဲ႔ တေယာက္ နားလည္မႈနဲ႔ တည္ေဆာက္ထားတာဆိုေတာ့ စိတ္ပူရမယ့္ အလုပ္ေတြ မလုပ္ဘူးေပါ့”

အခ်စ္ေရးကို ပရိသတ္ေတြ သိသြားတာနဲ႔ ပတ္သက္ျပီး ပုိးအိအိခန္႔က “အေျခေန အေၾကာင္းေၾကာင္းေၾကာင့္ ျဖစ္သြားတာပါ။ ရည္ရြယ္ျပီး လုပ္လိုက္တာေတာ့ မဟုတ္ပါဘူး။ စေတြ႔တာကေတာ့ Online ေပၚမွာေတြ႔ျပီး ခင္ၾကတယ္။ ျပီးေတာ့မွ ၾကိဳက္သြားတာပါ။ ဒီလိုပါပဲ ျဖစ္ခ်ိန္တန္လို႔ ျဖစ္သြားျပီး ၾကိဳက္ခ်ိန္တန္လို႔ ၾကိဳက္သြားတာေပါ့။ သူရန္ကုန္လာရင္ေတာ့ သြားျပီးေတာ့ ေတြ႔ျဖစ္တာေပါ့။ ဒါေပမယ့္လည္း သူရန္ကုန္လာရတာ ေတာ္ေတာ္ရွားပါတယ္။ ၾကိဳက္တာပဲ တႏွစ္ေလာက္ရွိေတာ့မယ္။ သူရန္ကုန္ကို ခဏခဏ လာတယ္ဆိုတာ မရွိပါဘူး။ လာရင္ေတာ့ ေတြ႔ျဖစ္ပါတယ္။ ကိုယ္ကလည္း ဒီမွာ ေက်ာင္းနဲ႔ စာနဲ႔ လုပ္ေနရေတာ့ သြားမေတြ႔ျဖစ္ေသးပါဘူး”

ခ်စ္သူကို အေဝးကေန အားေပးျဖစ္လားဆိုတာကိုေတာ့ ပိုးအိအိခန္႔က “အားေပးျဖစ္ပါတယ္။ သူေဘာလံုးကန္တဲ့ေန႔ေလးေတြဆို။ တခါတေလ သူတို႔ကန္တဲ့အသင္းက ရံႈးရင္ စိတ္ဓါတ္မက်ေအာင္ သြားသြားေျပာရတယ္။ သြားေျပာတယ္ဆိုတာကေတာ့ ကိုယ္စိတ္ခံစားခ်က္နဲ႔ သြားေျပာတာပါ။ သူကေတာ့ သူ႔စိတ္ထဲမွာ အႏိုင္အရံႈးႏွစ္ခုပဲ ရွိတယ္ဆိုေတာ့ သူက ကိုယ့္ထက္ေတာင္ပိုျပီးေတာ့ ရင့္က်က္ပါတယ္။ ကိုယ္ကေတာ့လည္း စိတ္ပူတာနဲ႔ သြားျပီး အားေပးျဖစ္တာပါ”

“အားကစားသမား စီးပြားေရးသမား အဲ့လိုမ်ိဳးေၾကာင့္ေတြလည္း ေရြးခ်ယ္ျဖစ္တာ မဟုတ္ပါဘူး။ ကံပါလို႔ ကိုယ္တြဲလိုက္တဲ့သူက သူျဖစ္ေနတာေပါ့ေနာ္။ သူ႔မွာလည္း သူ႔ပရိသတ္နဲ႔ သူရွိတယ္။ ညီမမွာလည္း ညီမ ပရိသတ္ ညီမရွိပါတယ္။

သူကို အားေပးတဲ့ ပရိသတ္ကိုလည္းခ်စ္ပါတယ္။ ညီမကို အားေပးတဲ့ ပရိသတ္ကိုလည္း ပိုျပီးေတာ့ ခ်စ္ပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

Via,nanmalgyi.com

  • UNICODE

မြန်မာနိုင်ငံက ဘောလုံး အချစ်တော်ပရိသတ် တော်တော်များများကတော့ နိုင်ငံဂုဏ်ဆောင် ကစားသမား အောင်သူကို မသိတဲ့သူမရှိလောက်ပါဘူး။ ထိုင်းလိဂ်မှာ သွားရောက်ကစားနေတဲ့ အောင်သူတယောက်ကတော့ သူမှာချစ်စရာကောင်းတဲ့ ချစ်သူလေးရှိပါတယ်။ သူကတော့ သရုပ်ဆောင်ပိုးအိအိခန့် ဖြစ်ပါတယ်။ ပိုးအိအိခန့်ကတော့ အောင်သူနဲ့ အမြဲမတွေ့ရပေမယ့်လည်း ဗီဒီယိုခေါ်တယ်။ စာပို့တယ် စတာတွေ လုပ်ဖြစ်ပြီး တယောက်နဲ့ တယောက်နားလည်မှုရှိပါတယ်ဟု အောင်သူနဲ့ အချစ်ရေးအကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။

လတ်တလောအချစ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ပိုးအိအိခန့်က “လတ်တလောကတော့ အခြေအနေ ကောင်းပါတယ်။ သူနဲ့ကတော့ ဖုန်းခေါ်တယ် စာပို့တယ် Video call ခေါ်တယ်။ ယောကျာ်းလေး ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူဆိုရင်တော့ စိတ်ပူတယ်။ သဝန်တိုတာတွေလည်းရှိတာပေါ့။ ဒါပေမယ့်လည်း တယောက်နဲ့ တယောက် နားလည်မှုနဲ့ တည်ဆောက်ထားတာဆိုတော့ စိတ်ပူရမယ့် အလုပ်တွေ မလုပ်ဘူးပေါ့”

အချစ်ရေးကို ပရိသတ်တွေ သိသွားတာနဲ့ ပတ်သက်ပြီး ပိုးအိအိခန့်က “အခြေနေ အကြောင်းကြောင်းကြောင့် ဖြစ်သွားတာပါ။ ရည်ရွယ်ပြီး လုပ်လိုက်တာတော့ မဟုတ်ပါဘူး။ စတွေ့တာကတော့ Online ပေါ်မှာတွေ့ပြီး ခင်ကြတယ်။ ပြီးတော့မှ ကြိုက်သွားတာပါ။ ဒီလိုပါပဲ ဖြစ်ချိန်တန်လို့ ဖြစ်သွားပြီး ကြိုက်ချိန်တန်လို့ ကြိုက်သွားတာပေါ့။ သူရန်ကုန်လာရင်တော့ သွားပြီးတော့ တွေ့ဖြစ်တာပေါ့။ ဒါပေမယ့်လည်း သူရန်ကုန်လာရတာ တော်တော်ရှားပါတယ်။ ကြိုက်တာပဲ တနှစ်လောက်ရှိတော့မယ်။ သူရန်ကုန်ကို ခဏခဏ လာတယ်ဆိုတာ မရှိပါဘူး။ လာရင်တော့ တွေ့ဖြစ်ပါတယ်။ ကိုယ်ကလည်း ဒီမှာ ကျောင်းနဲ့ စာနဲ့ လုပ်နေရတော့ သွားမတွေ့ဖြစ်သေးပါဘူး”

ချစ်သူကို အဝေးကနေ အားပေးဖြစ်လားဆိုတာကိုတော့ ပိုးအိအိခန့်က “အားပေးဖြစ်ပါတယ်။ သူဘောလုံးကန်တဲ့နေ့လေးတွေဆို။ တခါတလေ သူတို့ကန်တဲ့အသင်းက ရှုံးရင် စိတ်ဓါတ်မကျအောင် သွားသွားပြောရတယ်။ သွားပြောတယ်ဆိုတာကတော့ ကိုယ်စိတ်ခံစားချက်နဲ့ သွားပြောတာပါ။ သူကတော့ သူ့စိတ်ထဲမှာ အနိုင်အရှုံးနှစ်ခုပဲ ရှိတယ်ဆိုတော့ သူက ကိုယ့်ထက်တောင်ပိုပြီးတော့ ရင့်ကျက်ပါတယ်။ ကိုယ်ကတော့လည်း စိတ်ပူတာနဲ့ သွားပြီး အားပေးဖြစ်တာပါ”

“အားကစားသမား စီးပွားရေးသမား အဲ့လိုမျိုးကြောင့်တွေလည်း ရွေးချယ်ဖြစ်တာ မဟုတ်ပါဘူး။ ကံပါလို့ ကိုယ်တွဲလိုက်တဲ့သူက သူဖြစ်နေတာပေါ့နော်။ သူ့မှာလည်း သူ့ပရိသတ်နဲ့ သူရှိတယ်။ ညီမမှာလည်း ညီမ ပရိသတ် ညီမရှိပါတယ်။

သူကို အားပေးတဲ့ ပရိသတ်ကိုလည်းချစ်ပါတယ်။ ညီမကို အားပေးတဲ့ ပရိသတ်ကိုလည်း ပိုပြီးတော့ ချစ်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

Via,nanmalgyi.com

About the author

ShweLight

Leave a Comment