CELEBRITY

ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္ကူးရင္ အႏုပညာေၾကးလုံးဝမယူဘူးဆိုတဲ့ လူမင္း

ပရိသတ္ေတြကုိ ဟာသ ဒရာမာ အက္႐ွင္ စတဲ့ ပုံစံမ်ိဳးစုံနဲ႔ ရသအျပည့္ေပးတဲ့အျပင္ ႐ုပ္႐ွင္အစည္းအ႐ုံးမွာလည္း ဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ သ႐ုပ္ေဆာင္နဲ႔ဒါ႐ုိက္တာလူမင္းဟာ ဗုိလ္ခ်ဳပ္႐ုပ္႐ွင္ျဖစ္ေျမာက္ေရးအတြက္ အဓိကေနရာကေန တာဝန္ယူ ေဆာင္ရြက္ေနတာျဖစ္ၿပီးေတာ့ ဒီကားကုိ ႐ုိက္ကူးရင္ အႏုပညာေၾကးကုိမယူဘူးလုိ႔ မီဒီယာေတြနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာဆုိသြားခဲ့ပါတယ္။

လူမင္းက “အစ္ကုိစတာဝန္ယူၿပီးေတာ့အခု ၂လမျပည့္ခင္အခ်ိန္မွာ ဒီ႐ုိက္ကူးေရး Flim Organization နဲ႔ Chargingမွာ လုိအပ္တဲ့ အင္အားေတြ ဇာတ္ၫြန္းအဖြဲ႔ေတြ ႐ုိက္ကူးေရးအဖြဲ႔ေတြ အားလုံးကုိ ဖြဲ႔စည္းႏုိင္ခဲ့ပါတယ္။ ဇာတ္ၫြန္းပုိင္းဆုိင္ရာမွာလည္း အစကေန အသစ္ျပန္ေရးၿပီးေတာ့ အခု အခန္းစဥ္လုံးဝၿပီးပါၿပီ။ သမုိင္းပညာ႐ွင္ေတြနဲ႔ အခန္း၅၀အထိ အခ်က္အလက္မွန္ အတည္ျပဳႏုိင္ခဲ့ၿပီးပါၿပီ။ အကုိတုိ႔ ဇာတ္ၫြန္းဖုိင္နယ္ႀကီးအထိ ၿပီးၿပီဆုိမွာ ႐ုိက္ကြင္း Schedule ကုိစၿပီးေတာ့ ေၾကျငာႏုိင္ပါ့မယ္။ အဓိက စိန္ေခၚမႈက ဇာတ္ၫြန္းပါပဲ အစ္ကုိဥစၥာနဲ႔ လုပ္တာမဟုတ္ပါဘူး။

ဇာတ္ၫြန္းက အားလုံးဝုိင္းၿပီး ဒီTeamႀကီးတစ္ခုလုံးနဲ႔ ဝုိင္းၿပီး ေဆာင္ရြက္ၾကတာပါ။ ေဝဖန္မႈေတြအတြက္လည္း ၂မ်ိဳး ႐ွိတာေပါ့ေနာ္ အေကာင္းျမင္တဲ့ ေဝဖန္အၾကံေပးတဲ့ သူေတြ႐ွိသလုိ သပ္သပ္ေဝဖန္တုိက္ခုိက္တာလည္း႐ွိတယ္ေပါ့။ ဒါေတြအားလုံးကုိ အစ္ကုိတုိ႔က ခံယူရမွာျဖစ္ပါတယ္။ အဲ့ေတာ့ အဲ့ေဝဖန္မႈေတြအတြက္လည္း အစ္ကုိတုိ႔ ေဆာင္ရြက္ေနပါတယ္။ အစ္ကုိတုိ႔ ႐ုိက္ကူးေရးအဖြဲ႔ႀကီးရဲ႕ သတင္းအခ်က္အလက္အမွန္ေတြကုိ ျပည္သူေတြသိဖုိ႔ တစ္ခ်ိဳ႕ၾကေတာ့ လည္း အခ်က္အလက္မွန္ေတြ ကုိယ္တုိ႔ဆီက ထုတ္ျပန္တာမ႐ွိေတာ့ ဘယ္ဟာအမွန္လည္း ဘယ္ဟာအမွားလည္း မသိဘူး။ ဒါအေပၚယံၾကည့္ၿပီး ေျပာဆုိေဝဖန္မႈေတြအေပၚ လုိက္ၿပီးသြားၾကတဲ့သူေတြ႐ွိတယ္။ ဆုိေတာ့ အဲ့လုိ ျပည္သူေတြနဲ႔ တုိုက္႐ုိက္ထိေတြ႔ဖုိ႔ ဥပမာ အစ္ကုိတုိ႔ Websiteေတြ တည္ေထာင္တာ ဒီSocial Mediaအကုန္လုံးကေန ျဖန္႔က်က္ေဆာင္ရြက္ၿပီး အစ္ကုိတုိ႔ရဲ႕လုပ္ေဆာင္မႈေတြကုိ ျပည္သူနဲ႔ ထိေတြ႔ဖုိ႔ ျပည္သူေတြ သိခ်င္တဲ့ ေမးခ်င္တဲ့ ဟာေတြကုိ ေျဖေပးႏုိင္ဖုိ႔ သူတုိ႔ရဲ႕ အၾကံျပဳခ်က္ေတြကုိ အစ္ကုိတုိ႔က လက္ခံယူႏုိင္ဖုိ႔ အဲ့အပုိင္းေတြလည္း အစ္ကုိတုိ႔ ေဆာင္ရြက္ေနပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ လူမင္းက “ဒီမွာက ဟုိဘက္ေခတ္ကုိ ႐ုိက္ရမွာ ျဖစ္တဲ့အတြက္ လုိအပ္တဲ့ အဝတ္အစားဒီဇုိင္း အသုံးအေဆာင္ ခ်ဳပ္႐ုိးခ်ဳပ္သားကအစ ဘယ္လုိအသားမ်ိဳးကုိ သုံးမလဲ အဲ့ဒီေခတ္က ဒီဇုိင္းေတြက ဘယ္လုိ႐ွိမလဲ။ ဥပမာ ကတၳီပါဖိနပ္ဆုိရင္ ၾကဳိးျပားႀကီးေတြ အစ႐ွိသျဖင့္ေပါ့ေနာ္။ အဲ့တာေတြကုိ သူ႔က႑အသီးသီးအလုိက္ အားလုံးက Research ေတြလုပ္ေနၾကပါတယ္။ Research ေတြလုပ္ေနၾကၿပီး အဲ့ဒီအတုိင္း တစ္ထပ္တည္းျဖစ္ေအာင္ အစ္ကုိတုိ႔ ၾကဳိးစားၿပီး ေဆာင္ရြက္ေနၾကပါတယ္။

ဘတ္ဂ်က္အားျဖင့္က ဝန္ႀကီးကလည္း Unlimitation သုံးဖုိ႔လုိတာ သုံးပါ။ အျဖဳန္းသာမျဖစ္ပါေစနဲ႔ဆုိတာမ်ိဳး ေျပာသြားတာျဖစ္တဲ့အတြက္ေၾကာင့္ အစ္ကုိတုိ႔ အား႐ွိပါတယ္။ အစ္ကုိအေနနဲ႔ ေျပာရရင္ ဒီကား႐ုိက္ကူးတာကုိ အႏုပညာေၾကးလုံးဝယူမွာ မဟုတ္ပါဘူး။အစ္ကုိ ဒီကား ဒီအလုပ္ကုိ တာဝန္ယူတာလည္း ဒါႏုိင္ငံသားတစ္ေယာက္ရဲ႕တာဝန္လုိပဲ၊ ေနာက္အႏုပညာသမားျဖစ္ လုပ္ရတာ ဒီကားႀကီးကုိ ႐ုိက္ခြင့္ရတာနဲ႔တင္ အစ္ကုိစိတ္ထဲမွာ ေက်နပ္ေနတယ္ဆုိတဲ့ တာဝန္အေနနဲ႔ပဲ အစ္ကုိ ခံယူၿပီးေတာ့ပဲ ဒီကားကုိ ႐ုိက္မွာပါ။ အစ္ကုိအေနနဲ႔က အႏုပညာေၾကးကုိ ခံစားသြားမွာမဟုတ္ပါဘူး။”လုိ႔ေျပာခဲ္ပါတယ္။

ဒါအျပင္ ဒီကားမွာ ပါဝင္မဲ့ အႏုပညာ႐ွိေတြနဲ႔ ပတ္သက္ၿပီး လူမင္းက “အႏုပညာ႐ွင္ေတြကေတာ့ အခု Casting Directorအျဖစ္ဦးစုိးမုိးက ေဆာင္ရြက္မွာဆုိေတာ့ ပါဝင္တဲ့ Castingေတြကုိ အစ္ကုိတုိ႔ ေရြးခ်ယ္ပါအုန္းမယ္။ ကြၽန္ေတာ္တုိ႔ အေကာင္းဆုံးျဖစ္ေအာင္ အားလုံးၾကဳိးစားေနပါတယ္။ အားလုံးက ၾကည္ညဳိရတဲ့ ဗုိလ္ခ်ဳပ္ ႐ုပ္႐ွင္ကုိ အေကာင္းဆုံးျဖစိေအာင္ ၾကဳိးစားပါမယ္လုိ႔။ သတ္မွတ္ထားတဲ့ အခ်္န္ကေတာ့ အရင္အစည္းအေဝးလုိပဲ ၂၀၁၉မွာ အၿပီး႐ုိက္ၿပီး ၂၀၂၀မွာ ႐ုံတင္ဖုိ႔ပါပဲ။

သုိ႔ေသာ္ ကြၽန္ေတာ္တုိ႔က အရည္အေသြးျပည့္မီေအာင္ပဲ အဓိက ၾကဳိးစားၿပီး႐ုိက္ၾကမွာဆုိေတာ့ အခ်ိန္ကာလ လုိအပ္ခ်က္႐ွိလာခဲ့ရင္ေတာ့ အခ်ိန္ထပ္ယူခြင့္႐ွိပါတယ္။ အရင္တုန္းက အစ္ကုိတုိ႔သိန္း၈ေထာင္ေက်ာ္ပဲ ႐ွိခဲ့တာ အဲ့တာကေန အနည္းဆုံး၂ဆေတာ့ ဝန္ႀကီးက အာမခံထားၿပီးသားပါ။ အဲ့ထက္ပုိၿပီး လုိအပ္လာမယ္ဆုိလည္း သူထပ္႐ွာေပးမယ္လုိ႔ ေျပာထားပါတယ္။”လုိ႔ ေျပာခဲ့ပါတယ္။

Via,nanmalgyi.com

  • UNICODE

ပရိသတ်တွေကို ဟာသ ဒရာမာ အက်ရှင် စတဲ့ ပုံစံမျိုးစုံနဲ့ ရသအပြည့်ပေးတဲ့အပြင် ရုပ်ရှင်အစည်းအရုံးမှာလည်း ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင်နဲ့ဒါရိုက်တာလူမင်းဟာ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အဓိကနေရာကနေ တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပြီးတော့ ဒီကားကို ရိုက်ကူးရင် အနုပညာကြေးကိုမယူဘူးလို့ မီဒီယာတွေနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

လူမင်းက “အစ်ကိုစတာဝန်ယူပြီးတော့အခု ၂လမပြည့်ခင်အချိန်မှာ ဒီရိုက်ကူးရေး Flim Organization နဲ့ Chargingမှာ လိုအပ်တဲ့ အင်အားတွေ ဇာတ်ညွန်းအဖွဲ့တွေ ရိုက်ကူးရေးအဖွဲ့တွေ အားလုံးကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဇာတ်ညွန်းပိုင်းဆိုင်ရာမှာလည်း အစကနေ အသစ်ပြန်ရေးပြီးတော့ အခု အခန်းစဉ်လုံးဝပြီးပါပြီ။ သမိုင်းပညာရှင်တွေနဲ့ အခန်း၅၀အထိ အချက်အလက်မှန် အတည်ပြုနိုင်ခဲ့ပြီးပါပြီ။ အကိုတို့ ဇာတ်ညွန်းဖိုင်နယ်ကြီးအထိ ပြီးပြီဆိုမှာ ရိုက်ကွင်း Schedule ကိုစပြီးတော့ ကြေငြာနိုင်ပါ့မယ်။ အဓိက စိန်ခေါ်မှုက ဇာတ်ညွန်းပါပဲ အစ်ကိုဥစ္စာနဲ့ လုပ်တာမဟုတ်ပါဘူး။

ဇာတ်ညွန်းက အားလုံးဝိုင်းပြီး ဒီTeamကြီးတစ်ခုလုံးနဲ့ ဝိုင်းပြီး ဆောင်ရွက်ကြတာပါ။ ဝေဖန်မှုတွေအတွက်လည်း ၂မျိုး ရှိတာပေါ့နော် အကောင်းမြင်တဲ့ ဝေဖန်အကြံပေးတဲ့ သူတွေရှိသလို သပ်သပ်ဝေဖန်တိုက်ခိုက်တာလည်းရှိတယ်ပေါ့။ ဒါတွေအားလုံးကို အစ်ကိုတို့က ခံယူရမှာဖြစ်ပါတယ်။ အဲ့တော့ အဲ့ဝေဖန်မှုတွေအတွက်လည်း အစ်ကိုတို့ ဆောင်ရွက်နေပါတယ်။ အစ်ကိုတို့ ရိုက်ကူးရေးအဖွဲ့ကြီးရဲ့ သတင်းအချက်အလက်အမှန်တွေကို ပြည်သူတွေသိဖို့ တစ်ချို့ကြတော့ လည်း အချက်အလက်မှန်တွေ ကိုယ်တို့ဆီက ထုတ်ပြန်တာမရှိတော့ ဘယ်ဟာအမှန်လည်း ဘယ်ဟာအမှားလည်း မသိဘူး။ ဒါအပေါ်ယံကြည့်ပြီး ပြောဆိုဝေဖန်မှုတွေအပေါ် လိုက်ပြီးသွားကြတဲ့သူတွေရှိတယ်။ ဆိုတော့ အဲ့လို ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဖို့ ဥပမာ အစ်ကိုတို့ Websiteတွေ တည်ထောင်တာ ဒီSocial Mediaအကုန်လုံးကနေ ဖြန့်ကျက်ဆောင်ရွက်ပြီး အစ်ကိုတို့ရဲ့လုပ်ဆောင်မှုတွေကို ပြည်သူနဲ့ ထိတွေ့ဖို့ ပြည်သူတွေ သိချင်တဲ့ မေးချင်တဲ့ ဟာတွေကို ဖြေပေးနိုင်ဖို့ သူတို့ရဲ့ အကြံပြုချက်တွေကို အစ်ကိုတို့က လက်ခံယူနိုင်ဖို့ အဲ့အပိုင်းတွေလည်း အစ်ကိုတို့ ဆောင်ရွက်နေပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ လူမင်းက “ဒီမှာက ဟိုဘက်ခေတ်ကို ရိုက်ရမှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ အဝတ်အစားဒီဇိုင်း အသုံးအဆောင် ချုပ်ရိုးချုပ်သားကအစ ဘယ်လိုအသားမျိုးကို သုံးမလဲ အဲ့ဒီခေတ်က ဒီဇိုင်းတွေက ဘယ်လိုရှိမလဲ။ ဥပမာ ကတ္ထီပါဖိနပ်ဆိုရင် ကြိုးပြားကြီးတွေ အစရှိသဖြင့်ပေါ့နော်။ အဲ့တာတွေကို သူ့ကဏ္ဍအသီးသီးအလိုက် အားလုံးက Research တွေလုပ်နေကြပါတယ်။ Research တွေလုပ်နေကြပြီး အဲ့ဒီအတိုင်း တစ်ထပ်တည်းဖြစ်အောင် အစ်ကိုတို့ ကြိုးစားပြီး ဆောင်ရွက်နေကြပါတယ်။

ဘတ်ဂျက်အားဖြင့်က ဝန်ကြီးကလည်း Unlimitation သုံးဖို့လိုတာ သုံးပါ။ အဖြုန်းသာမဖြစ်ပါစေနဲ့ဆိုတာမျိုး ပြောသွားတာဖြစ်တဲ့အတွက်ကြောင့် အစ်ကိုတို့ အားရှိပါတယ်။ အစ်ကိုအနေနဲ့ ပြောရရင် ဒီကားရိုက်ကူးတာကို အနုပညာကြေးလုံးဝယူမှာ မဟုတ်ပါဘူး။အစ်ကို ဒီကား ဒီအလုပ်ကို တာဝန်ယူတာလည်း ဒါနိုင်ငံသားတစ်ယောက်ရဲ့တာဝန်လိုပဲ၊ နောက်အနုပညာသမားဖြစ် လုပ်ရတာ ဒီကားကြီးကို ရိုက်ခွင့်ရတာနဲ့တင် အစ်ကိုစိတ်ထဲမှာ ကျေနပ်နေတယ်ဆိုတဲ့ တာဝန်အနေနဲ့ပဲ အစ်ကို ခံယူပြီးတော့ပဲ ဒီကားကို ရိုက်မှာပါ။ အစ်ကိုအနေနဲ့က အနုပညာကြေးကို ခံစားသွားမှာမဟုတ်ပါဘူး။”လို့ပြောခဲ်ပါတယ်။

ဒါအပြင် ဒီကားမှာ ပါဝင်မဲ့ အနုပညာရှိတွေနဲ့ ပတ်သက်ပြီး လူမင်းက “အနုပညာရှင်တွေကတော့ အခု Casting Directorအဖြစ်ဦးစိုးမိုးက ဆောင်ရွက်မှာဆိုတော့ ပါဝင်တဲ့ Castingတွေကို အစ်ကိုတို့ ရွေးချယ်ပါအုန်းမယ်။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် အားလုံးကြိုးစားနေပါတယ်။ အားလုံးက ကြည်ညိုရတဲ့ ဗိုလ်ချုပ် ရုပ်ရှင်ကို အကောင်းဆုံးဖြစိအောင် ကြိုးစားပါမယ်လို့။ သတ်မှတ်ထားတဲ့ အချ်န်ကတော့ အရင်အစည်းအဝေးလိုပဲ ၂၀၁၉မှာ အပြီးရိုက်ပြီး ၂၀၂၀မှာ ရုံတင်ဖို့ပါပဲ။

သို့သော် ကျွန်တော်တို့က အရည်အသွေးပြည့်မီအောင်ပဲ အဓိက ကြိုးစားပြီးရိုက်ကြမှာဆိုတော့ အချိန်ကာလ လိုအပ်ချက်ရှိလာခဲ့ရင်တော့ အချိန်ထပ်ယူခွင့်ရှိပါတယ်။ အရင်တုန်းက အစ်ကိုတို့သိန်း၈ထောင်ကျော်ပဲ ရှိခဲ့တာ အဲ့တာကနေ အနည်းဆုံး၂ဆတော့ ဝန်ကြီးက အာမခံထားပြီးသားပါ။ အဲ့ထက်ပိုပြီး လိုအပ်လာမယ်ဆိုလည်း သူထပ်ရှာပေးမယ်လို့ ပြောထားပါတယ်။”လို့ ပြောခဲ့ပါတယ်။

Via,nanmalgyi.com

About the author

ShweLight

Leave a Comment