CELEBRITY
“လူပျိုကြီးဘဝကိုအဆုံးသတ်ဖို့ ရှာတွေ့ထားပါပြီလို့” ပရိသတ်ကိုအသိပေးလိုက်တဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်
  • UNICODE
သရုပ်ဆောင် ဝေဠုကျော်ဟာ ဝေဠုကျော်ဖောင်ဒေးရှင်းကို တည်ထောင်ထားသူဖြစ်ပြီး ပရဟိတမင်းသားကြီးတစ်ဦး ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်နဲ့ လိုက်လံဆောင်ရွက်ပေးနေတဲ့ အနုပညာပရဟိတသမားတစ်ဦးကတော့ ဝေဠုကျော် ဖြစ်ပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားပေါင်းမြောက်မြားစွာ ရိုက်ကူးပြီး မြန်မာ့ရုပ်ရှင်လောကမှာ နေရာတစ်နေရာရသည်အထိ အောင်မြင်မှုတွေရရှိခဲ့တဲ့ ဝေဠုကျော်ဟာ ယခုအချိန်မှာတော့ အနုပညာအလုပ်တွေမလုပ်တော့သလောက် နည်းပါးသွားခဲ့ပါပြီ။
လူပျိုကြီးဘဝနဲ့ပဲ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဝေဠုကျော်ဟာ ဒီတစ်ခါမှာတော့အချစ်ရေးနဲ့ပတ်သက်ပြီးပြောပြလာပါတယ်။”လူပျိုကြီးဘဝကို အဆုံးသတ်ချင်လို့ ကြိုးစားနေပါတယ်။ အဆုံးသတ်ဖို့အတွက် ရှာတွေ့ထားပါတယ်။ ရှင်းစရာလင်းစရာလေးတွေ ရှိတာကြောင့် လိုအပ်တဲ့ခရီးကို မရောက်သေးတာဖြစ်မှာပါ” လို့ပြောလာခဲ့ပါတယ်။ အကိုရွေးချယ်ထားတဲ့သူက ဘယ်လိုလေးလဲလို့ မေးမြန်းရာမှာတော့ သူကကောင်မလေးလေ မိန်းကလေးပေါ့ မိန်းကလေးပေါ့ ဆိုပြီး ရယ်ရယ်မောမောပြောခဲ့ပါတယ်။
ပရိသတ်ကြီးလဲ ပရဟိတမင်းသားကြီး ဝေဠုကျော်ကို လူပျိုကြီးဘဝကနေကျွတ်စေချင်ပြီလို့ထင်ပါတယ်။လူပျိူကြီး ဝေဠုကျော်ကို ချစ်ရတဲ့သူနဲ့အမြန်ဆုံးပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြဦးနော်။ ဝေဠုကျော်ရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။
About the author
ShweLight
Leave a Comment