CELEBRITY

ရိုက်ကွင်းမှာ ဒဏ်ရာရသွားလို့ ချက်ချင်းကုသမှုခံယူလိုက်ရတဲ့ ဝတ်မှုံရွှေရည်







Via,swelsonenews.net

  • Unicode

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်နေသလို အခုအချိန်ထိအိမ်ထောင်မပြုသေးပဲ မိသားစုနဲ့ ပရိသတ်တွေကိုသာ အဖော်ပြုနေတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ အားလုံးရဲ့ အချစ်တော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကလည်း အပါအဝင်ပါပဲနော်..။

ရှုတင်နားရက်တွေမှာ မိသားစုနဲ့ သူမရဲ့အသည်းကျော်တူလေးကိုသာ အချိန်ပေးဖြစ်နေသလို ချစ်ရတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ် ကြိုးစားလုပ်ဆောင်နေသူလေးလည်း ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကို ကျေးဇူးဆပ်နေတဲ့ရွှေကစ်လေးကတော့ အခုတစ်ခါမှာတော့ ရိုက်ကွင်းမှာ ခြေထောက်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုတွေကို ခံယူလိုက်ရပါတယ်..။

ထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ပေမယ့် သူမရဲ့ ခြေထောက်ဟာ ယောင်ကိုင်းနေလို့ ဆေးထိုးပြီး ဆေးပတ်တီးစီးကာ ဆေးကုသမှုခံယူလိုက်ရတာမို့ ပရိသတ်တွေတော်ောတ်များများကလည်း စိတ်ပူနေကြတာ တွေ့ရပါတယ်..။

ချစ်စရာကောင်းတဲ့ ရွှေကစ်လေးကတော့ ခြေထောက်ယောင်ပြီး နာနေပေမယ့်လည်း ပရိသတ်တွေကို ရင်းရင်းနှီးနှီးနဲ့ အပြုံးမပြတ်လက်ပြနှုတ်ဆက်နေတဲ့ သူမရဲ့ ပရိသတ်တွေပေါ်ထားတဲ့ ချစ်စဖွယ်စိတ်သဘောထားလေးကတော့ ပရိသတ်တွေအားလုံးကို အချစ်ပိုစေပြန်ပါတယ်နော်..။

ဒီနေ့လေးမှာတော့ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source : Wuttmhone shweyi
Via,swelsonenews.net

About the author

ShweLight

Leave a Comment