KNOWLEDGE

ကမာၻ႔႐ုပ္အဆိုးဆုံးေသာ နာမည္ႀကီးေဘာလုံးသမားမ်ား

ကမာၻေပၚရွိ ေဘာလံုးသမားေတာ္ေတာ္မ်ားမ်ားကေတာ့ ဝင္ေငြေကာင္းၾကျပီး ေယာက်ာ္းေလးမ်ား အားက်ရတဲ့ ခႏၶာကိုယ္နဲ႔ ရုပ္ရည္မ်ားလည္း ရွိၾကတာကို အားလံုးသိမွာပါ။ ဒါေၾကာင့္ ေယာက်ာ္းေလးအမ်ားစုကေတာ့ ေဘာလံုးသမားျဖစ္ခ်င္ၾကတဲ့ အိမ္မက္ေတြ ရွိၾကမွာပါ။ ဒါေပမဲ့လည္း ဒီလိုနွစ္ခုလံုး ျပည့္စံုေနတဲ့ ကစားသမားေတြကေတာ့ အနည္းစုသာ ရွိပါတယ္။ ဥပမာ စီေရာ္နယ္ဒို၊ ဘက္ခမ္းတို႔လို ကစားသမားမ်ိဳးေတြေပါ့၊ တခ်ိဳ႔ကစားသမားေတြကလည္း ဝင္ေငြေကာင္းျပီး ေျခစြမ္းေကာင္းမြန္ေသ္ာလည္း ရုပ္ပိုင္းဆိုင္ရာမွာ ျပည့္ဝမႈမရွိၾကပါဘူး။ တခ်ိဳ႔က်ေတာ့လည္း ဝင္ေငြအရမ္းမေကာင္းေပမဲ့လည္း ရုပ္ပိုင္းဆိုင္ရာမွာေတာ့ အျပစ္ေျပာစရာမရွိပါဘူး။ ဒါေၾကာင့္ ေျပာခ်င္လြန္းလို႔ ကေဖာ္ျပေပးခ်င္တာကေတာ့ BESoccer မွေကာက္နူတ္ထားတဲ့ ကမာၻေပၚမွာ ရုပ္အဆိုးဆံုး ေဘာလံုုးကစားသမားေတြကို ျဖစ္ပါတယ္။

၁.ဖရန္႔ရီဘာရီ

သူကေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ အဓိက ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ရီဘာရီကေတာ့ သူ႔အသက္ ၂ နွစ္အရြယ္ကတည္းက ေၾကာက္စရာေကာင္းတဲ့ မေတာ္တဆမႈတစ္ခု ျဖစ္ခဲ့ျပီး သူ႔မ်က္နွာမွာ ဒဏ္ရာၾကီးရခဲ့တယ္။ သူဟာေျခစြမ္းေကာင္းေပမဲ့လည္း ရုပ္ပိုင္းဆိုင္ရာကေတာ့ ပံုမက်ပန္းမက် ျဖစ္ေနပါတယ္။

၂. ဒီမာရီယာ

ဒီမာရီယာကေတာ့ ပီအက္စ္ဂ်ီအသင္းရဲ့ ကစားသမားတစ္ေယာက္ ျဖစ္ျပီး ေျခစြမ္းပိုင္းေကာင္းမြန္တဲ့ ကစားသမားတစ္ေယာက္ပါ။ ဒါေပမဲ့လည္း သူမ်ားနဲ႔မတူတဲ့ ပံုစံေၾကာင့္ မန္ယူအသင္းမွာ ကစားခဲ့စဥ္က ပရီးမီးယားလိဂ္ရဲ့ ရုပ္အဆိုးဆံုးကစားသမား စာရင္းထဲမွာ ပါခဲ့ပါေသးတယ္။

၃.ဆူေလမန္တာရီ

ဂါနာကစားသမားကေတာ့ လက္ရွိမွာ ဒီပို႔တီပိုအသင္းမွာ ကစားေနတာပါ။ သူရဲ့မ်က္နွာပံုစံကေတာ့ မ်က္နွာမွာရွိတဲ့ အစိတ္အပုိင္းအားလံုးက အလယ္ဗဟိုမွာ စုေနတာပါဘဲ။ ဒါေၾကာင့္လည္း သူ႔ကု ဂါနာကရုပ္ဆိုးတဲ့ ေဘာလံုးသမားလို႔ သိၾကပါတယ္။

၄.တီးဗက္

တီးဗက္ကေတာ့ နာမည္ၾကီး ေဘာလံုးကစားသမားတစ္ေယာက္ပါ။ သူကေတာ့ သူ႔အသက္ ၁၀ လအရြယ္ေလာက္မွာဘဲ ေရေႏြးပူက သူ႔မ်က္နွာေပၚ ဖိတ္က်ခဲ့ပါတယ္။ ဒါေၾကာင့္ ဆိုးရြားတဲ့ အမာရြတ္ၾကီးျဖစ္ခဲ့တယ္။ သူနာမည္ၾကီးတဲ့ အခ်ိန္မွာလည္း ခြဲစိတ္မႈျပဳလုပ္ဖို႔ ျငင္းဆန္ခဲ့ပါေသးတယ္။ ရုပ္ဆိုးတာကိုဘဲ ၾကိဳက္တယ္ထင္တယ္။

၅.လက္စ္ေကာ့

သူကေတာ့ အသက္ ၅ နွစ္အရြယ္မွာ ကားအက္စီးဒန္႔ျဖစ္ခဲ့ကာ ေခါင္းမွာ ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ပါတယ္။ ထို႔ေနာက္ ေဆးရံုကို လေပါင္းမ်ားစြာတက္ခဲ့ရေသာ္လည္း လက္ရွိမွာေတာ့ ေဘာလံုးသမားျဖစ္ေအာင္ သူ႔အိမ္မက္အတိုင္းလုပ္နိုင္ခဲ့ပါတယ္။ ဒီေခါင္းကအမာရြတ္ေၾကာင့္ဘဲ သူဟာရုပ္ဆိုးေနတာပါ။

၆.ေရာ္နယ္ဒင္ဟို

ေရာ္နယ္ဒင္ဟိုကေတာ့ အားလံုးသိၾကတဲ့ ကမာၻ႔ေဘာလံုး ဂႏၱဝင္ကစားသမားၾကီး တစ္ေယာက္ပါ။ သူကနာမည္ၾကီး အသင္းေတြမွာ ကစားခဲ့ဖူးျပီး ယိမ္းႏြဲ႔တဲ့ အလမ္အေခါက္ေတြေၾကာင့္ နာမည္ၾကီးခဲ့တဲ့ ကစားသမားတစ္ေယာက္ပါ။ ဒါေပမဲ့လည္း သူရဲ့ၾကီးမားတဲ့ ပါးစပ္နဲပ မညီမညာတဲ့ သြားေတြေၾကာင့္သူဟာ ရုပ္ပိုင္းဆိုင္ရာမွာ ၾကည့္ရဆိုးေနပါတယ္။ ရုပ္ဆိုးလည္း ၾကိဳးစားရင္ ဘာမဆိုျဖစ္နုိင္တယ္ဆိုတာကို ဒင္ဟိုက ျပသခဲ့ပါတယ္။

၇.အိုေဇးလ္

အိုေဇးလ္ကေတာ့လက္ရွိမွာ အာဆင္နယ္အသင္းရဲ့ ကြင္းလယ္ ကစားသမားတစ္ေယာက္ျဖစ္ျပီး သူ႔ရဲ့ ၾကီးမားတဲ့ မ်က္လံုးေတြေၾကာင့္ရုပ္ဆိုးတဲ့ ေနရာမွာ နာမည္ၾကီးပါတယ္။ သူ႔ကို တခ်ိဳ႔ေတာ့ နီမိုမ်က္နွာလို႔ ေျပာၾကတယ္။

၈.ဂါဗင္ဟို

ဂါဗင္ဟိုကေတာ့ လက္ရွိတရုတ္ကလပ္မွာ ကစားေနတာ ျဖစ္ျပီး သူကေတာ့ သူ႔ရဲ့ၾကီးမားလွတဲ့ နဖူးေၾကာင့္ ရုပ္ဆိုးတဲ့ေနရာမွာ နာမည္ၾကီးတာပါ။ သူဟာက်ယ္ျပန္႔တ့ဲသူ႔ရဲ ့ နဖူးကိုေတာ့ ဆံအင္ေတြနဲ႔ ဖုံးထားျပီး အလယ္ခြဲထားတာေၾကာင့္ အျမင္မွာေတာ့ တမ်ိဴးၾကီးပါဘဲ။

၉.ရြန္းနီ

ရြန္းနီကိုေတာ့ အားလံုးသိၾကမွာပါ။ သူ႔ရဲ့ျပသာနာကဘာလည္းဆိုေတာ့ အသက္ငယ္ငယ္နဲ႔ ထိပ္ေျပာင္ေနတာပါဘဲ။ သူ႔အေနနဲ႔ ဆံပင္ျပန္ထြက္ဖို႔ နည္းလမ္းမ်ိဳးစံုၾကိဳးစားေသာ္လည္း ျဖစ္ျဖစ္ေျမာက္ေျမာက္ေတာ့ မရွိေသးပါဘူး။ ဒါေၾကာင့္သူလည္း ရုပ္ဆိုးတဲ့ ကစားသမားစာရင္းထဲမွာ ပါေနတာပါ။

၁၀.ရုိင္းကာပီကာအို

သူကေတာ့ သူ႔ပံုစံကိုၾကည့္လိုက္တာနဲ႔ ေထြေထြထူးထူးေျပာစရာမရွိပါဘူး။ သူဟာၾကီးမားတဲ့ ေခါင္းၾကီးရွိေနျပီး နဖူးေမာက္ေနတာေၾကာင့္ ရုပ္ဆိုးတဲ့ ေဘာလံုးသမားစာရင္းထဲမွာ ပါေနတာပါ။

Via,nanmalgyi.com

  • UNICODE

ကမ္ဘာပေါ်ရှိ ဘောလုံးသမားတော်တော်များများကတော့ ဝင်ငွေကောင်းကြပြီး ယောကျာ်းလေးများ အားကျရတဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်များလည်း ရှိကြတာကို အားလုံးသိမှာပါ။ ဒါကြောင့် ယောကျာ်းလေးအများစုကတော့ ဘောလုံးသမားဖြစ်ချင်ကြတဲ့ အိမ်မက်တွေ ရှိကြမှာပါ။ ဒါပေမဲ့လည်း ဒီလိုနှစ်ခုလုံး ပြည့်စုံနေတဲ့ ကစားသမားတွေကတော့ အနည်းစုသာ ရှိပါတယ်။ ဥပမာ စီရော်နယ်ဒို၊ ဘက်ခမ်းတို့လို ကစားသမားမျိုးတွေပေါ့၊ တချို့ကစားသမားတွေကလည်း ဝင်ငွေကောင်းပြီး ခြေစွမ်းကောင်းမွန်သေ်ာလည်း ရုပ်ပိုင်းဆိုင်ရာမှာ ပြည့်ဝမှုမရှိကြပါဘူး။ တချို့ကျတော့လည်း ဝင်ငွေအရမ်းမကောင်းပေမဲ့လည်း ရုပ်ပိုင်းဆိုင်ရာမှာတော့ အပြစ်ပြောစရာမရှိပါဘူး။ ဒါကြောင့် ပြောချင်လွန်းလို့ ကဖော်ပြပေးချင်တာကတော့ BESoccer မှကောက်နူတ်ထားတဲ့ ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး ဘောလုံးကစားသမားတွေကို ဖြစ်ပါတယ်။

၁.ဖရန့်ရီဘာရီ

သူကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ရီဘာရီကတော့ သူ့အသက် ၂ နှစ်အရွယ်ကတည်းက ကြောက်စရာကောင်းတဲ့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီး သူ့မျက်နှာမှာ ဒဏ်ရာကြီးရခဲ့တယ်။ သူဟာခြေစွမ်းကောင်းပေမဲ့လည်း ရုပ်ပိုင်းဆိုင်ရာကတော့ ပုံမကျပန်းမကျ ဖြစ်နေပါတယ်။

၂. ဒီမာရီယာ

ဒီမာရီယာကတော့ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတစ်ယောက် ဖြစ်ပြီး ခြေစွမ်းပိုင်းကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့လည်း သူများနဲ့မတူတဲ့ ပုံစံကြောင့် မန်ယူအသင်းမှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ်ရဲ့ ရုပ်အဆိုးဆုံးကစားသမား စာရင်းထဲမှာ ပါခဲ့ပါသေးတယ်။

၃.ဆူလေမန်တာရီ

ဂါနာကစားသမားကတော့ လက်ရှိမှာ ဒီပို့တီပိုအသင်းမှာ ကစားနေတာပါ။ သူရဲ့မျက်နှာပုံစံကတော့ မျက်နှာမှာရှိတဲ့ အစိတ်အပိုင်းအားလုံးက အလယ်ဗဟိုမှာ စုနေတာပါဘဲ။ ဒါကြောင့်လည်း သူ့ကု ဂါနာကရုပ်ဆိုးတဲ့ ဘောလုံးသမားလို့ သိကြပါတယ်။

၄.တီးဗက်

တီးဗက်ကတော့ နာမည်ကြီး ဘောလုံးကစားသမားတစ်ယောက်ပါ။ သူကတော့ သူ့အသက် ၁၀ လအရွယ်လောက်မှာဘဲ ရေနွေးပူက သူ့မျက်နှာပေါ် ဖိတ်ကျခဲ့ပါတယ်။ ဒါကြောင့် ဆိုးရွားတဲ့ အမာရွတ်ကြီးဖြစ်ခဲ့တယ်။ သူနာမည်ကြီးတဲ့ အချိန်မှာလည်း ခွဲစိတ်မှုပြုလုပ်ဖို့ ငြင်းဆန်ခဲ့ပါသေးတယ်။ ရုပ်ဆိုးတာကိုဘဲ ကြိုက်တယ်ထင်တယ်။

၅.လက်စ်ကော့

သူကတော့ အသက် ၅ နှစ်အရွယ်မှာ ကားအက်စီးဒန့်ဖြစ်ခဲ့ကာ ခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ထို့နောက် ဆေးရုံကို လပေါင်းများစွာတက်ခဲ့ရသော်လည်း လက်ရှိမှာတော့ ဘောလုံးသမားဖြစ်အောင် သူ့အိမ်မက်အတိုင်းလုပ်နိုင်ခဲ့ပါတယ်။ ဒီခေါင်းကအမာရွတ်ကြောင့်ဘဲ သူဟာရုပ်ဆိုးနေတာပါ။

၆.ရော်နယ်ဒင်ဟို

ရော်နယ်ဒင်ဟိုကတော့ အားလုံးသိကြတဲ့ ကမ္ဘာ့ဘောလုံး ဂန္တဝင်ကစားသမားကြီး တစ်ယောက်ပါ။ သူကနာမည်ကြီး အသင်းတွေမှာ ကစားခဲ့ဖူးပြီး ယိမ်းနွဲ့တဲ့ အလမ်အခေါက်တွေကြောင့် နာမည်ကြီးခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့လည်း သူရဲ့ကြီးမားတဲ့ ပါးစပ်နဲပ မညီမညာတဲ့ သွားတွေကြောင့်သူဟာ ရုပ်ပိုင်းဆိုင်ရာမှာ ကြည့်ရဆိုးနေပါတယ်။ ရုပ်ဆိုးလည်း ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ဒင်ဟိုက ပြသခဲ့ပါတယ်။

၇.အိုဇေးလ်

အိုဇေးလ်ကတော့လက်ရှိမှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ် ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ကြီးမားတဲ့ မျက်လုံးတွေကြောင့်ရုပ်ဆိုးတဲ့ နေရာမှာ နာမည်ကြီးပါတယ်။ သူ့ကို တချို့တော့ နီမိုမျက်နှာလို့ ပြောကြတယ်။

၈.ဂါဗင်ဟို

ဂါဗင်ဟိုကတော့ လက်ရှိတရုတ်ကလပ်မှာ ကစားနေတာ ဖြစ်ပြီး သူကတော့ သူ့ရဲ့ကြီးမားလှတဲ့ နဖူးကြောင့် ရုပ်ဆိုးတဲ့နေရာမှာ နာမည်ကြီးတာပါ။ သူဟာကျယ်ပြန့်တဲ့သူ့ရဲ့ နဖူးကိုတော့ ဆံအင်တွေနဲ့ ဖုံးထားပြီး အလယ်ခွဲထားတာကြောင့် အမြင်မှာတော့ တမျိူးကြီးပါဘဲ။

၉.ရွန်းနီ

ရွန်းနီကိုတော့ အားလုံးသိကြမှာပါ။ သူ့ရဲ့ပြသာနာကဘာလည်းဆိုတော့ အသက်ငယ်ငယ်နဲ့ ထိပ်ပြောင်နေတာပါဘဲ။ သူ့အနေနဲ့ ဆံပင်ပြန်ထွက်ဖို့ နည်းလမ်းမျိုးစုံကြိုးစားသော်လည်း ဖြစ်ဖြစ်မြောက်မြောက်တော့ မရှိသေးပါဘူး။ ဒါကြောင့်သူလည်း ရုပ်ဆိုးတဲ့ ကစားသမားစာရင်းထဲမှာ ပါနေတာပါ။

၁၀.ရိုင်းကာပီကာအို

သူကတော့ သူ့ပုံစံကိုကြည့်လိုက်တာနဲ့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ သူဟာကြီးမားတဲ့ ခေါင်းကြီးရှိနေပြီး နဖူးမောက်နေတာကြောင့် ရုပ်ဆိုးတဲ့ ဘောလုံးသမားစာရင်းထဲမှာ ပါနေတာပါ။

Via,nanmalgyi.com

About the author

ShweLight

Leave a Comment