CELEBRITY

ရိုက်ကွင်းမှာ မျက်လုံးထိခိုက်မိလို့ ပေါက်ကွဲနေတဲ့ ဇေရဲထက်








Source :We Love Cele
Photos-Zay Ye Htet

  • Unicode

ဗီဒီယိုဇာတ်ကားများစွာနဲ့ ပရိသတ်တွေရှေ့ကိုရောက်ရှိလာသူ ဇေရဲထက်တစ်ယောက် ယနေ့မှာတော့ ရိုက်ကွင်းပေါ်မှာ မျက်လုံးထိခိုက်မိခဲ့လို့ ဒေါသဖြစ်နေခဲ့ပါတယ်။ ဗီဒီယိုမင်းသားလို့ ခေါ်ရလောက်အောင် ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်တွေအားပေးမှုကို လက်ခံရရှိထားသူ ဇေရဲထက်ဟာ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေအပြင် စားသောက်ကုန်လုပ်ငန်းတွေပါ တွဲဖက်လုပ်ကိုင်နေတာတွေ့ရပြီး သိပ်မကြာသေးခင်ကမှလည်း သူ့ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ ငွေကြေးလေးတွေနဲ့ နေပျော်ဖွယ်အိမ်တစ်လုံးကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဇေရဲထက်ကတော့ ရုပ်ရှင်မင်းသားတစ်ယောက်ဆိုပေမယ့် ပကာသနမရှိဘဲ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူတစ်ဦးပါ။

ရှုတင်မှာ ဇာတ်ကားရိုက်ကူးရင်း မျက်လုံးထိခိုက်မိခဲ့တယ်ဆိုတာကို ဇေရဲထက်က ဒီဇင်ဘာ ၉ ရက်နေ့နဲ့ မနေ့ညကလည်း တင်ထားခဲ့တာဖြစ်ပါတယ်။ မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့ အသက်တမျှ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီးတော့ အခန့်မသင့်ဖြစ်ရာကနေ မျက်လုံးကွယ်သည်အထိ စိုးရိမ်စရာဖြစ်တဲ့အစိတ်အပိုင်းလည်းဖြစ်ပါတယ်။ သူ့ရဲ့ ထိခိုက်မိတဲ့မျက်လုံးကို ဓာတ်ပုံရိုက်ပြီးတင်ထားခဲ့ပြီးတော့ ဝဋ်ကြွေးတွေကြေဖို့လည်းဆုတောင်းထားပါသေးတယ်။

ဇေရဲထက်က ယနေ့မနက်ခင်းပိုင်းမှာတော့ မျက်လုံးထိခိုက်မိတာနဲ့ပတ်သက်ပြီး ဒေါသဖြစ်စရာအခြေအနေတစ်ခုနဲ့ ကြုံတွေ့ခဲ့တယ်လို့ ထင်ရပါတယ်။ သူ့ရဲ့အကောင့်မှာတော့

“ငါ ရူတင်မှာ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်တဲ့မျက်လုံးခိုက်မိတော့ စောက်ပါးစပ်တွေပိတ်နေကြတယ်းး ငါသာဘာမှမဟုတ်တဲ့ကေ့စ်လေးတခုဖြစ်ကြည့်ပါလားစောက်ပါးစပ်တွေက အောက်တန်းစားတွေလိုထွက်လာလိမ့်မယ်း ငါဆိုတဲ့ကောငိကလည်း အရင်စိတ်နဲ့ဆိုလက်စားချေမိမှာအမှန်ပဲးးးးအရာအားလုံးကို စိတ်လျော့ပြီးဆက်ဆံနေတာ စောက်မကောင်းတာတွေပဲအပြောခံနေရလို့းးး သရုပ်ဆောင်ရဲ့အသက်က မျက်လုံးဆိုတာသိသိရဲ့နဲ့ စနောက်သလိုစောက်ချိုးတွေချိုးနေတားးငါ့မျက်လုံးကြည့်တိုင်းလူသတ်ချင်စိတ်တွေထွက်ထွက်လာတယ်း😡😡😡😡😡 တခုခုဖြစ်သွားရင် တာဝန်ယူမယ့်သူတစ်ယောက်မှမရှိဘူးဆိုတာ သိတယ်းးးးးလူဆိုတာ ဆင်းရဲရဲချမ်းသာသာ စောက်အသိတရားမရှိရင် ငတ်နေမှာပဲးး”

“ဒီလောကမှာ မမြင်ချငိကြဘူးဆိုတာလည်းသိတယ်းးငါဆိုတဲ့ကောင်ကလည်း အရမ်းသံယောဇဉ်ကြီးသလို လွယ်လွယ်နဲ့ရောက်လာတဲ့နေရာမဟုတ်လို့းးးအငတ်ခံပြီးရောက်လာခဲ့တဲ့နေရာမို့ မစွန့်လွှတ်နိုင်တားးးးငါအခုချိန်ထိဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စော်ကားထားခြင်းမရှိဘူးးးကျေးဇူးတင်ရင်တောင်ငါ့ကိုတင်ရမှာ ငါပေးထားကျွေးထားတာပဲရှိတယ်းးငါတစ်ယောက်ဆီကမှ မတောင်ထားဖူးဘူး okးးးးးမိုက်ရိုင်းသွားရင် sorryးးကျနော်လည်း လူတစ်ယောက်ပါ ခံစားတတ်တယ်းးပေါက်ကွဲတတ်တယ်းးနာကျည်းတတ်တယါးးလက်စားချေတတ်တယ်းး” လို့ ဒေါသဖြစ်စွာရေးသားထားတာကိုတွေ့ရပါတယ်။

ဘဝခရီးလမ်းကိုလျှောက်တဲ့အချိန်မှာ အောင်မြင်လာတာနဲ့အမျှ အတိုက်အခိုက်တွေလည်းအမြဲလိုလိုကြုံတွေ့ရစမြဲမို့ စိတ်ဓာတ်မကျဘဲ ကောင်းမွန်စွာလျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source :We Love Cele
Photos-Zay Ye Htet

About the author

ShweLight

Leave a Comment