CELEBRITY
သူငယ်ချင်းကျော်ဇောဟိန်း သေဆုံးသွားပြီဆိုတဲ့သတင်းအပေါ်ပြောလာတဲ့ သရုပ်ဆောင် ညီညီမင်းထက်
Via,swelsonenews.net
  • Unicode
အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ဖိုက်တင်မင်းသားကြီး ကျော်ဇောဟိန်းကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေက လတ်တလော အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတာပဲ ဖြစ်ပါတယ်။ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ သရုပ်ဆောင် ကျော်ဇောဟိန်းရဲ့ နာရေးသတင်းက ပရိသတ်တွေအားလုံးကို အံ့အားသင့်စေခဲ့တာပဲ ဖြစ်ပါတယ်။
သူငယ်ချင်းဖြစ်သူကျော်ဇောဟိန်းသေဆုံးသွားပြီဆိုတဲ့သတင်းပေါ် သရုပ်ဆောင် ညီညီမင်းထက်က “ကျွန်တော့၏သူငယ်ချင်း သရုပ်ဆောင်ကျော်ဇောဟိန်းသည် ကျန်းကျန်းမာမာဖြင့်မိသားစုနှင့်အတူရှိပါကြောင်း ယခုဖြစ်ပေါ်နေသောသတင်းများမှာ မှားယွင်းသောသတင်းသာဖြစ်ပါကြောင်းလေးစားစွာဖြင့်အသိပေးအပ်ပါသည် ” ဆိုပြီး ဖေ့ဘုတ်ပေါ်ကနေဖြေရှင်းထားပါတယ်။
သရုပ်ဆောင်ကျော်ဇောဟိန်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီနေ့ ၁၁ရက်နေ့မှာ သဂြိုလ်ခဲ့တယ်ဆိုပြီး မြန်မာ့အလင်းသတင်းစာမှာပါခဲ့တာကြောင့် ပရိသတ်တွေကစိုးရိမ်ခဲ့ကြပါတယ်။
ထိုသတင်းစာပါ ကျော်ဇောဟိန်းမှာ အမည်တူတာဖြစ်ပြီး တကယ်သေဆုံးတာမဟုတ်မှာတာကြောင့် ကျော်ဇောဟိန်းပရိသတ်ကြီးလဲ ဝမ်းသာမယ်လို့ထင်ပါတယ်။ ကျော်ဇောဟိန်းကိုချစ်ရင်အားလုံးသိအောင် Share ပေးကြပါဦးနော်။
Photo source : Nyi Nyi Minn Htet
Via,swelsonenews.net
About the author
ShweLight
Leave a Comment