CELEBRITY

သိန္းတစ္ေသာင္းေပးလည္း လက္ခံမွာမဟုတ္ဘဲ သရုပ္ေဆာင္ ေ၀ဠဳေက်ာ္အေနနဲ႔ တာ၀န္ယူရမယ္လို႔ အလွမယ္သင္းသင္းေျပာ

ဒီရက္ပိုင္း ပရိသတ္ေတြၾကားထဲမွာ စိတ္၀င္စားမႈနဲ႔ ေ၀ဖန္မႈေတြ ျမင့္တက္ေနတဲ့ ပရဟိတ မင္းသားႀကီး ေ၀ဠဳေက်ာ္နဲ႔ အလွမယ္ သင္းသင္းတို႔ရဲ႕ အခ်စ္ေရးပဋိပကၡေတြဟာ တေျဖးေျဖး ေရခ်ိန္ျမင့္တက္လာတာေတြ႔ရသလို အလွမယ္သင္းသင္းကေတာ့ ဒီကိစၥ မွာ ေ၀ဠဳေက်ာ္အေနနဲ႔ အျပည့္အ၀ တာ၀န္ယူရမယ္လို႔ ေျပာၾကားလာပါတယ္။

သရုပ္ေဆာင္ ေ၀ဠဳေက်ာ္ဟာ သူမအေပၚ ကာမလိမ္လည္ရယူခဲ့တယ္ဆိုၿပီး ကာမလိမ္လည္မႈနဲ ့တရားစြဲဆိုမယ္လို႔ ေျပာဆိုခဲ့ တာေၾကာင့္ လူမႈကြန္ရက္စာမ်က္ႏွာေပၚ ဒီသတင္း ပ်ံ႕ႏွံ႔ခဲ့ၿပီး တစ္ဖက္ဖက္နဲ႔ ေ၀ဖန္ျပစ္တင္မႈေတြ အျပင္းအထန္ ထြက္ေပၚခဲ့ တာပါ။


အဲဒီလို ေ၀ဖန္မႈေတြ ထြက္ေပၚခဲ့တဲ့ေနာက္မွာေတာ့ သရုပ္ေဆာင္ေ၀ဠဳေက်ာ္ဟာ ဒီကိစၥကိုေျဖရွင္းဖို႔ က်ပ္သိန္းတစ္ေသာင္းနဲ႔ သြားေရာက္ညိွႏိႈင္းခဲ့တယ္ဆိုၿပီးထြက္ေပၚလာျပန္သလို အလွမယ္ သင္းသင္းကေတာ့ သူ႔အေနနဲ႔ သိန္းတစ္ေသာင္းေပးလည္း လက္ခံမွာမဟုတ္သလို သရုပ္ေဆာင္ေ၀ဠဳေက်ာ္အေနနဲ႔ တာ၀န္ယူရမယ္လို႔ ေျပာဆိုလာပါတယ္။

လက္ရွိမွာ ကြ်န္မက အိမ္ေထာင္သည္၊ တစ္ခုလတ္မဟုတ္တဲ့အတြက္ သူသည္လည္း အိမ္ေထာင္သည္မဟုတ္ လူပ်ဳိႀကီး လို ့ သူေျပာထားတယ္။ ကိုယ္နဲ ့လက္ရွိပတ္သက္ေနတာက ကိုယ့္တာ၀န္ပါ။ လူတိုင္းက ဦးေႏွာက္ရွိတာပဲ။ ဆန္းစစ္ၾကပါ။ ဒါေၾကာင့္ acc ေတြကတင္တာမခံစားပါဘူး။ အတိုအပ်က္၀တ္တိုင္းသာ မိန္းမပ်က္ဆိုရင္ cele ေတြလည္း တစ္ကိုယ္လံုးေပၚတဲ့ပံုေတြ အတိုအျပတ္ပံုေတြလည္း ရုိက္တာပါပဲ။ ကိုယ္ကလည္း ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ့ အေနနဲ ့ကိုယ့္အသက္အရြယ္နဲ ့ဆို အတို အျပတ္ကေတာ့ တန္းျပည့္ေအာင္၀တ္ရတာပါပဲ” လို႔ အလွမယ္ သင္းသင္းက အကုန္သိသတင္းဌာနနဲပ အင္တာဗ်ဴးမွာ ေျဖၾကား ပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ ပဋိပကၡေတြ လူမႈကြန္ရက္မွာပ်ံ႕ႏွံ႔လာတဲ့ ေနာက္မွာေတာ့ အလွမယ္ သင္းသင္းရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြလည္း လူမႈကြန္ရက္မွာ ျပန္႔လာတဲ့အတြက္ သူမွက အခုလိုျပန္လည္တုန္႔ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။လက္ရိွမွာ သရုပ္ေဆာင္ ေ၀ဠဳေက်ာ္ကို တရားစြဲဖို႔ျပင္ေနတယ္လို႔ ေျပာၾကားထားတဲ့ အလွမယ္သင္းသင္းကေတာ့ သူမမ်က္ႏွာ ကို တစ္ႏုိင္ငံလံုးက သိသြားသလို မိသားစု ၊ မိတ္ေဆြေတြၾကား အခုလို သိကၡာ အက်ခံ ေ၀႒ဳေက်ာ္ကို တရားစြဲဆိုရတာက ရည္းစားထက္ကေက်ာ္လြန္တဲ့ အတိုင္း အတာေတြရွိခဲ့လို ႔သာ တရားစြဲဆိုဖို႔ျဖစ္လာတာလုိ႔လည္း ေျပာလာပါတယ္။

Via-Akonthi

  • Unicode

ဒီရက်ပိုင်း ပရိသတ်တွေကြားထဲမှာ စိတ်ဝင်စားမှုနဲ့ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ပရဟိတ မင်းသားကြီး ဝေဠုကျော်နဲ့ အလှမယ် သင်းသင်းတို့ရဲ့ အချစ်ရေးပဋိပက္ခတွေဟာ တဖြေးဖြေး ရေချိန်မြင့်တက်လာတာတွေ့ရသလို အလှမယ်သင်းသင်းကတော့ ဒီကိစ္စ မှာ ဝေဠုကျော်အနေနဲ့ အပြည့်အ၀ တာဝန်ယူရမယ်လို့ ပြောကြားလာပါတယ်။

သရုပ်ဆောင် ဝေဠုကျော်ဟာ သူမအပေါ် ကာမလိမ်လည်ရယူခဲ့တယ်ဆိုပြီး ကာမလိမ်လည်မှုနဲ့တရားစွဲဆိုမယ်လို့ ပြောဆိုခဲ့ တာကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ် ဒီသတင်း ပျံ့နှံ့ခဲ့ပြီး တစ်ဖက်ဖက်နဲ့ ဝေဖန်ပြစ်တင်မှုတွေ အပြင်းအထန် ထွက်ပေါ်ခဲ့ တာပါ။


အဲဒီလို ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တဲ့နောက်မှာတော့ သရုပ်ဆောင်ဝေဠုကျော်ဟာ ဒီကိစ္စကိုဖြေရှင်းဖို့ ကျပ်သိန်းတစ်သောင်းနဲ့ သွားရောက်ညှိနှိုင်းခဲ့တယ်ဆိုပြီးထွက်ပေါ်လာပြန်သလို အလှမယ် သင်းသင်းကတော့ သူ့အနေနဲ့ သိန်းတစ်သောင်းပေးလည်း လက်ခံမှာမဟုတ်သလို သရုပ်ဆောင်ဝေဠုကျော်အနေနဲ့ တာဝန်ယူရမယ်လို့ ပြောဆိုလာပါတယ်။

လက်ရှိမှာ ကျွန်မက အိမ်ထောင်သည်၊ တစ်ခုလတ်မဟုတ်တဲ့အတွက် သူသည်လည်း အိမ်ထောင်သည်မဟုတ် လူပျိုကြီး လို့ သူပြောထားတယ်။ ကိုယ်နဲ့လက်ရှိပတ်သက်နေတာက ကိုယ့်တာဝန်ပါ။ လူတိုင်းက ဦးနှောက်ရှိတာပဲ။ ဆန်းစစ်ကြပါ။ ဒါကြောင့် acc တွေကတင်တာမခံစားပါဘူး။ အတိုအပျက်ဝတ်တိုင်းသာ မိန်းမပျက်ဆိုရင် cele တွေလည်း တစ်ကိုယ်လုံးပေါ်တဲ့ပုံတွေ အတိုအပြတ်ပုံတွေလည်း ရိုက်တာပါပဲ။ ကိုယ်ကလည်း မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ အနေနဲ့ကိုယ့်အသက်အရွယ်နဲ့ဆို အတို အပြတ်ကတော့ တန်းပြည့်အောင်ဝတ်ရတာပါပဲ” လို့ အလှမယ် သင်းသင်းက အကုန်သိသတင်းဌာနနဲပ အင်တာဗျူးမှာ ဖြေကြား ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ပဋိပက္ခတွေ လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့ နောက်မှာတော့ အလှမယ် သင်းသင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေလည်း လူမှုကွန်ရက်မှာ ပြန့်လာတဲ့အတွက် သူမှက အခုလိုပြန်လည်တုန့်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။လက်ရှိမှာ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဖို့ပြင်နေတယ်လို့ ပြောကြားထားတဲ့ အလှမယ်သင်းသင်းကတော့ သူမမျက်နှာ ကို တစ်နိုင်ငံလုံးက သိသွားသလို မိသားစု ၊ မိတ်ဆွေတွေကြား အခုလို သိက္ခာ အကျခံ ဝေဋ္ဌုကျော်ကို တရားစွဲဆိုရတာက ရည်းစားထက်ကကျော်လွန်တဲ့ အတိုင်း အတာတွေရှိခဲ့လို့သာ တရားစွဲဆိုဖို့ဖြစ်လာတာလို့လည်း ပြောလာပါတယ်။

Via-Akonthi

About the author

ShweLight

Leave a Comment