LOCAL NEWS

စိန္ေခၚမွုမ်ားႏွင့္ ရင္ဆိုင္ေနရေသာ ျမန္မာဘက္တြင္ ရပ္တည္မည္ဟု အိႏၵိယ သမၼတေျပာျကား

အိႏၵိယ အစိုးရႏွင့္ အိႏၵိယ ျပည္သူမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္၊ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ စီးပြားေရး ျပန္လည္ ေကာင္းမြန္ေရးအတြက္ စိန္ေခၚမွုမ်ားႏွင့္ ရင္ဆိုင္ေနရသည့္ ျမန္မာနိုင္ငံဘက္မွ ရပ္တည္ေၾကာင္း အိႏၵိယ သမၼတ ရွရီ ရမ္နက္သ္ ကိုဗင့္ဒ္ က ေျပာသည္။

သမၼတ ဦးဝင္းျမင့္၏ ဖိတ္ၾကားခ်က္အရ ျမန္မာနိုင္ငံသို႔တရားဝင္ခ်စ္ၾကည္ေရး ခရီးေရာက္ရွိေနေသာ သမၼတ ရွရီ ရမ္နက္သ္ ကိုဗင့္ဒ္ က ေနျပည္ေတာ္ရွိ နိုင္ငံေတာ္သမၼတ အိမ္ေတာ္၌ ဒီဇင္ဘာ ၁၁ ရက္ေန႔ညက ျပဳလုပ္ခဲ့ေသာ ဂုဏ္ျပဳ ညစာ စားပြဲ အခမ္းအနား ႏွုတ္ခြန္းဆက္စကားတြင္ ထည့္သြင္းေျပာဆိုသြားသည္။

သမၼတ ရွရီ ရမ္နက္သ္ ကိုဗင့္ဒ္ က“ျမန္မာနိုင္ငံရွိ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ စီးပြား ေရး ျပန္လည္ေကာင္းမြန္ေရး အတြက္ ရင္ဆိုင္ရေသာ စိန္ေခၚမွုမ်ားကို အိႏၵိယ နိုင္ငံအေနျဖင့္ သတိျပဳမိေၾကာင္း၊ အိႏၵိယ အစိုးရ ႏွင့္ ျပည္သူမ်ားက ျမန္မာနိုင္ငံဘက္မွ ရပ္တည္ေနၾကေၾကာင္း”ဟု ေျပာဆိုသည္ကို ျမန္မာ သမၼတ႐ုံးက သတင္း ထုတ္ျပန္ ထားသည္။

ျမန္မာနိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ ညီညြတ္ေရး ေဆာင္ရြက္ျခင္းမ်ားကို အိႏၵိယနိုင္ငံအေနျဖင့္ အျပည့္အဝ ေထာက္ ခံေၾကာင္း၊ အဆိုပါ အခ်က္မ်ားသည္ မိမိတို႔အားလုံးအတြက္ အေျခခံအက်ိဳးစီးပြားမ်ားလည္း ျဖစ္ၿပီး ယင္း အခ်က္မ်ား မရွိဘဲ အိႏၵိယနိုင္ငံအေနျဖင့္ ျမန္မာနိုင္ငံႏွင့္ ထိစပ္ေနေသာ အေရွ႕ေျမာက္ေဒသရွိ မိမိတို႔ျပည္သူမ်ား ဖြံ့ၿဖိဳးတိုးတက္ေရးႏွင့္ ခ်မ္းသာႂကြယ္ဝေရး တို႔ကို ေဖာ္ေဆာင္နိုင္မည္ မဟုတ္ေၾကာင္း သမၼတ ရွရီ ရမ္နက္သ္ ကိုဗင့္ဒ္ က ေျပာသည္။

သမၼတ ဦးဝင္းျမင့္ကလည္း မိမိတို႔အေနျဖင့္ အိႏၵိယနိုင္ငံ၏“အေရွ႕ႏွင့္ ထိေတြ႕ ဆက္ဆံေရး” ႏွင့္ “အိမ္နီးခ်င္း ဦးစားေပးေရး” ဆိုသည့္ မူဝါဒမ်ားအေပၚ အေျခခံၿပီး နိုင္ငံျခားဆက္ဆံေရးက႑တြင္ ျမန္မာနိုင္ငံကို ဦးစားေပးအျဖစ္ သတ္မွတ္ၿပီး ဆက္ဆံေဆာင္ရြက္ ေနသည့္ အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာသည္။

သမၼတ ဦးဝင္းျမင့္က“ျမန္မာနိုင္ငံသည္ ေဒသတြင္းႏွင့္ အျပည္ျပည္ ဆိုင္ရာ အစည္းအေဝး မ်ားတြင္ အိႏၵိယနိုင္ငံက ျမန္မာနိုင္ငံအေပၚ ေထာက္ခံကူညီမွုေပးျခင္း အတြက္ အသိအမွတ္ျပဳေၾကာင္းႏွင့္ ေက်းဇူးအထူးတင္ရွိေၾကာင္း” ေျပာ သည္။

သမၼတ ဦးဝင္းျမင့္ႏွင့္ သမၼတ ရွရီရမ္နက္သ္ ကိုဗင့္ဒ္ တို႔သည္ ဒီဇင္ဘာ ၁၁ ရက္ေန႔ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ နိုင္ငံေတာ္ သမၼတ အိမ္ေတာ္ သံတမန္ေဆာင္ဧည့္ခန္းမ၌ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကၿပီး ၂ နိုင္ငံၾကား နားလည္မွု စာခၽြန္ လႊာမ်ား လက္မွတ္ေရးထိုးခဲ့ၾကသည္။

အဆိုပါ လက္မွတ္ေရးထိုးပြဲတြင္ ၂ဝ၁၈ – ၂ဝ၂၁ ခုႏွစ္ကာလအတြက္ ၂ နိုင္ငံ အစိုးရတို႔ၾကား သိပၸံႏွင့္ နည္းပညာ ပူးေပါင္းရြက္မွု အစီအစဥ္ကို ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီးႏွင့္ အိႏၵိယ သမၼတ နိုင္ငံ သံအမတ္ႀကီး ရွရီ ဗစ္ခရမ္ မစ္ဆရီ တို႔က ႏွစ္နိုင္ငံ သမၼတ ၂ ဦး ေရွ႕ေမွာက္တြင္ လက္မွတ္ ေရးထိုးခဲ့ၾကသည္။

အလားတူ ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္႐ုံးႏွင့္ အိႏၵိယသမၼတနိုင္ငံ အမ်ိဳးသား တရားစီရင္ေရး အကယ္ဒမီတို႔ၾကား လက္မွတ္ေရးထိုးသည့္ ျမန္မာ တရားသူႀကီးမ်ားႏွင့္ တရားေရးအရာရွိမ်ား အတြက္ သင္တန္းေပးျခင္းႏွင့္ စြမ္းေဆာင္ ရည္ ျမႇင့္တင္ေရးဆိုင္ရာ နားလည္မွု စာခၽြန္လႊာကို ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္႐ုံး အျမဲတမ္း အတြင္းဝန္ ဦးကိုကိုနိုင္ ႏွင့္ အိႏၵိယ သမၼတနိုင္ငံ သံအမတ္ႀကီး ရွရီ ဗစ္ခရမ္ မစ္ဆရီတို႔က လက္မွတ္ေရးထိုးခဲ့ၾကသည္။

ထို႔အျပင္ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသြားသူမ်ား ျပန္လည္ေနရာခ်ထားေရး အတြက္ အိႏၵိယဘက္မွ ေထာက္ပံ့ ေပးလ်က္ရွိသည့္ တည္ေဆာက္ၿပီးအိမ္ Prefabricated Houses အလုံး ၂၅ဝ အနက္ အိမ္အလုံး ၅ဝ ကို အိႏၵိယ သမၼတ နိုင္ငံကိုယ္စား သံအမတ္ႀကီး ရွရီ ဗစ္ခရမ္ မစ္ဆရီ က လူမွုဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးထံ လႊဲေျပာင္းေပးအပ္သည္။

သမၼတ ဦးဝင္းျမင့္ႏွင့္ သမၼတ ရွရီရမ္နက္သ္ ကိုဗင့္ဒ္ တို႔သည္ ကုန္သြယ္မွုႏွင့္ ရင္းႏွီးျမႇုပ္ႏွံမွု တိုးျမႇင့္ေရး၊ ျမန္မာနိုင္ငံမွ ပဲမ်ိဳးစုံ တင္ပို႔ နိုင္ေရးအတြက္ သီးသန႔္ကိုတာ (Quota) ခြင့္ျပဳေရး၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး က႑မ်ား အကူအညီ ေပးေရး၊ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရး နည္းပညာက႑ ဖြံ့ၿဖိဳးတိုးတက္ေရး၊ ေနေရာင္ျခည္ စြမ္းအင္ကို က်ယ္က်ယ္ျပန႔္ျပန႔္ သုံးစြဲနိုင္ေရး၊ ျပန္လည္ျပည့္ၿဖိဳးျမဲစြမ္းအင္က႑ ပူးေပါင္း ေဆာင္ရြက္ေရး၊ နယ္စပ္ေဒသ ျပည္သူ မ်ား ၏ ဘဝ လုံျခဳံေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး တို႔ကို ေဆြးေႏြးခဲ့ၾကသည္။

ထို႔အတူ ေဒသတြင္းႏွင့္ နိုင္ငံတကာတြင္ အိမ္နီးခ်င္းေကာင္း စိတ္ဓာတ္ျဖင့္ အျပန္အလွန္ ရိုင္းပင္းကူညီေရး တို႔ အတြက္ အကူအညီေပးေရး၊ ကုလားတန္ျမစ္ဘက္စုံစီမံကိန္း ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေရး၊ ရခိုင္ျပည္နယ္ ဖြံ့ၿဖိဳး တိုးတက္ေရးႏွင့္ ေနရပ္စြန႔္ခြာသူမ်ားျပန္လည္ေနရာခ်ထားေရးအတြက္ အိႏၵိယ သမၼတနိုင္ငံဘက္မွ ကူညီ ေထာက္ပံ့ ေပးေနမွုႏွင့္ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးမွုျဖစ္ေပၚခဲ့သည့္ ပုဂံ ဘုရားမ်ား ျပဳျပင္မြမ္းမံေရးတြင္ အကူအညီ ေပးေနသည့္ ကိစၥ၊ ႏွစ္နိုင္ငံျပည္သူမ်ား ပိုမိုရင္းႏွီး ခ်စ္ၾကည္မွုႏွင့္ ပူးေပါင္းေဆာင္ရြက္မွု ခိုင္ျမဲ တိုးတက္ေစေရး၊ အိႏၵိယ နိုင္ငံသား ခရီးသြားမ်ား အတြက္ ျမန္မာနိုင္ငံဘက္မွ ဆိုက္ေရာက္ဗီဇာ ထုတ္ေပးခဲ့ျခင္း ကိစၥတို႔လည္း ပါဝင္ေၾကာင္း သိရသည္။

သမၼတ ရွရီရမ္နက္သ္ ကိုဗင့္ဒ္ သည္ ထိုေန႔နံနက္ပိုင္း သမၼတ ဦးဝင္းျမင့္ႏွင့္ ေတြ႕ဆုံအၿပီးတြင္ နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ နိုင္ငံေတာ္သမၼတအိမ္ေတာ္ သံတမန္ ေဆာင္ဧည့္ခန္းမေဆာင္တြင္ ေတြ႕ဆုံခဲ့ၿပီး ႏွစ္နိုင္ငံၾကား ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မွုတိုးျမႇင့္ေရး၊ ျမန္မာနိုင္ငံ၏ ဒီမိုကေရစီ အသြင္ ကူးေျပာင္းေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တို႔အား အိႏၵိယသမၼတနိုင္ငံမွ ေထာက္ခံၿပီး ဆက္လက္ အကူအညီ ေပးအပ္ သြားေရး ေဆြးေႏြးခဲ့ၾကသည္။

အလားတူ ႏွစ္နိုင္ငံနယ္စပ္ေဒသေန ျပည္သူမ်ား တည္ၿငိမ္ေအးခ်မ္းမွုႏွင့္ ဖြံ့ၿဖိဳးတိုးတက္မွု ရရွိေရးအတြက္ နယ္စပ္ ေဒသ ဖြံ့ၿဖိဳးတိုးတက္ေရး၊ ကုန္သြယ္မွု အျပန္အလွန္ ျမႇင့္တင္ေရးႏွင့္ အေျခခံအေဆာက္ အအုံမ်ား ပိုမိုေကာင္းမြန္ေရး တို႔အတြက္ ဆက္လက္ပူးေပါင္း ေဆာင္ရြက္သြားေရး၊ ႏွစ္နိုင္ငံၾကား ပညာေရး၊ က်န္းမာေရး၊ စိုက္ပ်ိဳးေရးႏွင့္ စီးပြားေရး ဆိုင္ရာ ကိစၥမ်ားတြင္ ပူးေပါင္းေဆာင္ရြက္မွုျမႇင့္တင္ေရးတို႔ ပါဝင္သည္။

ေဆြးေႏြးခ်က္မ်ားထဲတြင္ အိႏၵိယသမၼတနိုင္ငံ သံ႐ုံး ေနျပည္ေတာ္သို႔ ေျပာင္းေရႊ႕ဖြင့္လွစ္နိုင္ေရးအတြက္ ေနျပည္ေတာ္ တြင္ ယာယီဆက္ဆံေရး႐ုံး ဖြင့္လွစ္ေရး၊ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသြားသူမ်ား ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ႏွင့္ တရားဥပေဒစိုးမိုးေရးဆိုင္ရာကိစၥရပ္မ်ားအတြက္ ျမန္မာနိုင္ငံ၏ ႀကိဳးပမ္း ေဆာင္ရြက္မွုမ်ားတြင္ အိႏၵိယသမၼတနိုင္ငံမွ ဆက္လက္ပူးေပါင္းေဆာင္ရြက္ေရးကိစၥရပ္မ်ားလည္း ပါဝင္သည္။

ထို႔ျပင္ ႏွစ္နိုင္ငံျပည္သူမ်ားၾကား ပိုမိုထိေတြ႕ဆက္ဆံေရးႏွင့္ ကမၻာလွည့္ခရီးသြား လုပ္ငန္း တိုးျမင့္လာေစေရး အတြက္ ျမန္မာနိုင္ငံသို႔ ေလေၾကာင္းခရီးျဖင့္ လာေရာက္ လည္ပတ္သည့္ အိႏၵိယနိုင္ငံသား ကမၻာလွည့္ခရီးသည္ မ်ားအား ဆိုက္ေရာက္ ဗီဇာ (ကမၻာလွည့္) အား ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္ေန႔မွ စတင္၍ ခြင့္ျပဳလ်က္ရွိမွု အေပၚ ေက်းဇူး တင္ ေၾကာင္း သမၼတ ရွရီရမ္နက္သ္ ကိုဗင့္ဒ္ က ေဒၚေအာင္ဆန္းစုၾကည္အား ေျပာသည္။

အိႏၵိယ သမၼတ ရွရီ ရမ္နက္သ္ ကိုဗင့္ဒ္ H.E Shri Ram Nath Kovind ၏ ျမန္မာနိုင္ငံ ခရီးစဥ္သည္ ဒီဇင္ဘာ ၁၀ ရက္ေန႔မွ ၁၄ ရက္ေန႔ အထိ ၅ ရက္ၾကာျမင့္မည္ျဖစ္ၿပီး ၎အတြက္ ပထမဆုံး ခရီးစဥ္လည္း ျဖစ္သည္။

ထိုခရီးစဥ္အတြင္း နိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္၊ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ႏွင့္ ေတြ႕ဆုံခဲ့ေသာ္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ႏွင့္ ေတြ႕ဆုံမွု ရွိမရွိ သတင္း ထြက္ေပၚလာျခင္း မေတြ႕ရေသးေပ။

သမၼတ ရွရီ ရမ္နက္သ္ ကိုဗင့္ဒ္ ႏွင့္ ဇနီးတို႔သည္ ဒီဇင္ဘာ ၁၂ ရက္ေန႔ မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိလာၿပီး သူ၏ ခရီးစဥ္အတြင္း ေရႊတိဂုံေစတီသို႔ သြားေရာက္ ဖူးေျမာ္ကာ အာဇာနည္ဗိမာန္သို႔လည္း သြားမည္ဟု ဆိုသည္။

ထို႔အတူ ရန္ကုန္ၿမိဳ႕ ေရႊတိဂုံဘုရားအနီး ဇီဝကလမ္းေပၚတြင္ ရွိေသာ အိႏၵိယဘုရင္ ဗဟာဒူး ရွားဇဖား Bahadur Shah Zafar ၏ ဂူဗိမာန္ကိုလည္း သြားေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရ လက္ထက္တြင္ အိႏၵိ – ျမန္မာ ႏွစ္နိုင္ငံ ဆက္ဆံေရး ပိုမိုေကာင္းမြန္ လာ သည္ကို ေတြ႕ရၿပီး ႏွစ္နိုင္ငံထိပ္တန္း ေခါင္းေဆာင္မ်ားၾကား အျပန္အလွန္ လည္ပတ္မွုမ်ားရွိခဲ့ရာ ရခိုင္ျပည္နယ္ ေျမာက္ ပိုင္း ပဋိပကၡႏွင့္ ပတ္သက္ၿပီး နိုင္ငံတကာဖိအားမ်ား ရင္ဆိုင္ေနရခ်ိန္တြင္ အိႏၵိယ ဝန္ႀကီးခ်ဳပ္ မိုဒီလည္း ျမန္မာနိုင္ငံ ကို ေရာက္ရွိလာခဲ့ေသးသည္။

ref ; Irrawaddy

  • UNICODE

အိန္ဒိယ အစိုးရနှင့် အိန္ဒိယ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စီးပွားရေး ပြန်လည် ကောင်းမွန်ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ကြောင်း အိန္ဒိယ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် က ပြောသည်။

သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသော သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ဒီဇင်ဘာ ၁၁ ရက်နေ့ညက ပြုလုပ်ခဲ့သော ဂုဏ်ပြု ညစာ စားပွဲ အခမ်းအနား နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောဆိုသွားသည်။

သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် က“မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွား ရေး ပြန်လည်ကောင်းမွန်ရေး အတွက် ရင်ဆိုင်ရသော စိန်ခေါ်မှုများကို အိန္ဒိယ နိုင်ငံအနေဖြင့် သတိပြုမိကြောင်း၊ အိန္ဒိယ အစိုးရ နှင့် ပြည်သူများက မြန်မာနိုင်ငံဘက်မှ ရပ်တည်နေကြကြောင်း”ဟု ပြောဆိုသည်ကို မြန်မာ သမ္မတရုံးက သတင်း ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ညီညွတ်ရေး ဆောင်ရွက်ခြင်းများကို အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝ ထောက် ခံကြောင်း၊ အဆိုပါ အချက်များသည် မိမိတို့အားလုံးအတွက် အခြေခံအကျိုးစီးပွားများလည်း ဖြစ်ပြီး ယင်း အချက်များ မရှိဘဲ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသော အရှေ့မြောက်ဒေသရှိ မိမိတို့ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချမ်းသာကြွယ်ဝရေး တို့ကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် က ပြောသည်။

သမ္မတ ဦးဝင်းမြင့်ကလည်း မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံ၏“အရှေ့နှင့် ထိတွေ့ ဆက်ဆံရေး” နှင့် “အိမ်နီးချင်း ဦးစားပေးရေး” ဆိုသည့် မူဝါဒများအပေါ် အခြေခံပြီး နိုင်ငံခြားဆက်ဆံရေးကဏ္ဍတွင် မြန်မာနိုင်ငံကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး ဆက်ဆံဆောင်ရွက် နေသည့် အတွက် ကျေးဇူးတင်ကြောင်း ပြောသည်။

သမ္မတ ဦးဝင်းမြင့်က“မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် အပြည်ပြည် ဆိုင်ရာ အစည်းအဝေး များတွင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအပေါ် ထောက်ခံကူညီမှုပေးခြင်း အတွက် အသိအမှတ်ပြုကြောင်းနှင့် ကျေးဇူးအထူးတင်ရှိကြောင်း” ပြော သည်။

သမ္မတ ဦးဝင်းမြင့်နှင့် သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် တို့သည် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၂ နိုင်ငံကြား နားလည်မှု စာချွန် လွှာများ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ၂ဝ၁၈ – ၂ဝ၂၁ ခုနှစ်ကာလအတွက် ၂ နိုင်ငံ အစိုးရတို့ကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းရွက်မှု အစီအစဉ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် အိန္ဒိယ သမ္မတ နိုင်ငံ သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ တို့က နှစ်နိုင်ငံ သမ္မတ ၂ ဦး ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။

အလားတူ ပြည်ထောင်စု တရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသား တရားစီရင်ရေး အကယ်ဒမီတို့ကြား လက်မှတ်ရေးထိုးသည့် မြန်မာ တရားသူကြီးများနှင့် တရားရေးအရာရှိများ အတွက် သင်တန်းပေးခြင်းနှင့် စွမ်းဆောင် ရည် မြှင့်တင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပြည်ထောင်စု တရားသူကြီးချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဦးကိုကိုနိုင် နှင့် အိန္ဒိယ သမ္မတနိုင်ငံ သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေး အတွက် အိန္ဒိယဘက်မှ ထောက်ပံ့ ပေးလျက်ရှိသည့် တည်ဆောက်ပြီးအိမ် Prefabricated Houses အလုံး ၂၅ဝ အနက် အိမ်အလုံး ၅ဝ ကို အိန္ဒိယ သမ္မတ နိုင်ငံကိုယ်စား သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်သည်။

သမ္မတ ဦးဝင်းမြင့်နှင့် သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် တို့သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံ တင်ပို့ နိုင်ရေးအတွက် သီးသန့်ကိုတာ (Quota) ခွင့်ပြုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများ အကူအညီ ပေးရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရောင်ခြည် စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ ပြည်သူ များ ၏ ဘဝ လုံခြုံအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ဒေသတွင်းနှင့် နိုင်ငံတကာတွင် အိမ်နီးချင်းကောင်း စိတ်ဓာတ်ဖြင့် အပြန်အလှန် ရိုင်းပင်းကူညီရေး တို့ အတွက် အကူအညီပေးရေး၊ ကုလားတန်မြစ်ဘက်စုံစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးအတွက် အိန္ဒိယ သမ္မတနိုင်ငံဘက်မှ ကူညီ ထောက်ပံ့ ပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံ ဘုရားများ ပြုပြင်မွမ်းမံရေးတွင် အကူအညီ ပေးနေသည့် ကိစ္စ၊ နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီး ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲ တိုးတက်စေရေး၊ အိန္ဒိယ နိုင်ငံသား ခရီးသွားများ အတွက် မြန်မာနိုင်ငံဘက်မှ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ခြင်း ကိစ္စတို့လည်း ပါဝင်ကြောင်း သိရသည်။

သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် သည် ထိုနေ့နံနက်ပိုင်း သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား အိန္ဒိယသမ္မတနိုင်ငံမှ ထောက်ခံပြီး ဆက်လက် အကူအညီ ပေးအပ် သွားရေး ဆွေးနွေးခဲ့ကြသည်။

အလားတူ နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု အပြန်အလှန် မြှင့်တင်ရေးနှင့် အခြေခံအဆောက် အအုံများ ပိုမိုကောင်းမွန်ရေး တို့အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံကြား ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ ပါဝင်သည်။

ဆွေးနွေးချက်များထဲတွင် အိန္ဒိယသမ္မတနိုင်ငံ သံရုံး နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် နေပြည်တော် တွင် ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများတွင် အိန္ဒိယသမ္မတနိုင်ငံမှ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များလည်း ပါဝင်သည်။

ထို့ပြင် နှစ်နိုင်ငံပြည်သူများကြား ပိုမိုထိတွေ့ဆက်ဆံရေးနှင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း တိုးမြင့်လာစေရေး အတွက် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက် လည်ပတ်သည့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် များအား ဆိုက်ရောက် ဗီဇာ (ကမ္ဘာလှည့်) အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ခွင့်ပြုလျက်ရှိမှု အပေါ် ကျေးဇူး တင် ကြောင်း သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် က ဒေါ်အောင်ဆန်းစုကြည်အား ပြောသည်။

အိန္ဒိယ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် H.E Shri Ram Nath Kovind ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ၅ ရက်ကြာမြင့်မည်ဖြစ်ပြီး ၎င်းအတွက် ပထမဆုံး ခရီးစဉ်လည်း ဖြစ်သည်။

ထိုခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ရှိမရှိ သတင်း ထွက်ပေါ်လာခြင်း မတွေ့ရသေးပေ။

သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် နှင့် ဇနီးတို့သည် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာပြီး သူ၏ ခရီးစဉ်အတွင်း ရွှေတိဂုံစေတီသို့ သွားရောက် ဖူးမြော်ကာ အာဇာနည်ဗိမာန်သို့လည်း သွားမည်ဟု ဆိုသည်။

ထို့အတူ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီး ဇီဝကလမ်းပေါ်တွင် ရှိသော အိန္ဒိယဘုရင် ဗဟာဒူး ရှားဇဖား Bahadur Shah Zafar ၏ ဂူဗိမာန်ကိုလည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် အိန္ဒိ – မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန် လာ သည်ကို တွေ့ရပြီး နှစ်နိုင်ငံထိပ်တန်း ခေါင်းဆောင်များကြား အပြန်အလှန် လည်ပတ်မှုများရှိခဲ့ရာ ရခိုင်ပြည်နယ် မြောက် ပိုင်း ပဋိပက္ခနှင့် ပတ်သက်ပြီး နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရချိန်တွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီလည်း မြန်မာနိုင်ငံ ကို ရောက်ရှိလာခဲ့သေးသည်။

ref ; Irrawaddy

About the author

ShweLight

Leave a Comment