CELEBRITY

မင်းသွေးရဲ့ MTV မှာ နာရေးပုံစံရိုက်ခဲ့မိလို့ စိတ်မကောင်းဖြစ်နေတဲ့ သားညီ

သားညီနဲ့ မင်းသွေးဟာ ရုပ်ရှင်နယ်ပယ်မှာရော အပြင်ဘဝမှာပါ ချစ်ခင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ သတ်ကွင်းရုပ်ရှင်ကားကြီးကိုအတူလက်တွဲပြီးဖန်တီးခဲ့ကြသူတွေလည်းဖြစ်သလို အနုပညာလုပ်ငန်းတွေလည်းခဏခဏအတူလက်တွဲလုပ်ဆောင်ကြသူတွေလည်းဖြစ်တဲ့အလျောက် မင်းသွေးဆုံးပါးသွားခြင်းဟာ သားညီကို နာကျင်စေခဲ့မှာအမှန်ပါပဲ။ သားညီက တစ်ခါတုန်းက မင်းသွေးရဲ့ MTV တစ်ခုမှာ နာရေးပုံစံရိုက်ခဲ့မိတဲ့အကြောင်းကို မီဒီယာတွေနဲ့ အင်တာဗျူးမှာပြောပြထားခဲ့ပါတယ်။

မင်းသွေးက အရမ်းဂရုစိုက်တတ်ကြောင်းကို သားညီက “ဘယ်လိုပြောရမလဲ မင်းသွေးက အိမ်ရှင်မကြီးတစ်ယောက်လိုပဲ ကျွန်တော်တို့ရုပ်ရှင်ရိုက်တဲ့အခါ အရမ်းအေးတဲ့အခါကျတော့ ကျန်းမာရေးတွေကအစ ဆေးတိုက်တာကအစ၊ ခေါက်ဆွဲပြုတ်ပေးတာ ကော်ဖီဖျော်ပေးတာ။ မနက်စာစားဖို့ကိစ္စတွေက အစ သူအကုန်လုံးလုပ်ပေးတာပေါ့နော် ကျွန်တော့်ထက်သူက အသက်အများကြီးငယ်ပါတယ်။ ဒါပေမယ့် သူ ကျွန်တော့်ကိုလည်းအစ်ကိုတစ်ယောက်လို အများကြီးဂရုစိုက်တယ်။ ပြန်တွေးတိုင်းတွေးတိုင်း သတိရစရာတွေချည်းပဲပေါ့”လို့ ပြောပြထားပါတယ်။

ကိုယ့်အနုပညာလက်ရာကိုမဆုံးတမ်းပြင်ဆင်တည်းဖြတ်နေတတ်တဲ့ အနုပညာရှင်တွေအတိုင်းပဲ မင်းသွေးကလည်း သတ်ကွင်းဇာတ်ကားကိုပြင်လို့ကိုအားမရနိုင်ခဲ့ကြောင်း “ကျွန်တော်တို့ဒီကားရိုက်ပြီးတော့ ဆင်ဆာတင်ဖို့ကို တစ်နှစ်လောက်ကြာတယ်။ သူစိတ်တိုင်းမကျတာပေါ့နော်။ ကျွန်တော်က Edit လုပ်တယ်။အကုန်ပြီးရင်သူ့ကိုပြတယ်။ သူက ဒါလေးထပ်လုပ်ကြရအောင်ဆိုတော့ထပ်လုပ်ကြတယ်။ အဲ့လိုနဲ့ ကားက နှစ်နှစ်လောက်ကြာသွားတယ်။ အခုရုံတင်ခါနီးအချိန်အထိ သူ့မှာ ပြင်လို့ကိုမပြီးဘူးပေါ့နော်။ သူ့ဘဝတစ်လျှောက်လုံးမှာအရမ်းအားထားခဲ့တဲ့ရုပ်ရှင်ပေါ့”လို့ ပြောပြထားပါတယ်။

မင်းသွေးနဲ့ သားညီကအရမ်းချစ်ကြတဲ့ ညီအစ်ကိုတွေဖြစ်တဲ့အလျောက်တစ်ယောက်နဲ့တစ်ယောက်စနောက်လေ့ရှိတာလေးတွေကိုလည်း “သူနဲ့ကိုယ်နဲ့ကစနောက်နေကြ။ ကျွန်တော်လုပ်တဲ့အလုပ်ကိုလည်းသူအကောင်းမပြောဘူး။ သူလုပ်ထားတာဆိုလည်း ကျွန်တော်က မင်းဟာကြီးကဘာညာနဲ့။ တကယ်တော့ကောင်းတယ်။ဒါပေမယ့် စကြတာပေါ့နော်”လို့ ပြန်ပြောင်းအောက်မေ့နေတဲ့အမူအရာလေးတွေနဲ့ ပြောထားပါတယ်။

မင်းသွေးနဲ့အတူတူရိုက်ခဲ့တဲ့ MTV တစ်ခုမှာ နာရေးပုံစံရိုက်ခဲ့မိလို့စိတ်မကောင်းကြောင်း “ကျွန်တော်တို့ MTV တွေရိုက်ကြတယ်။ အကုန်လုံးရိုက်ပြီးတော့မှပျက်သွားလို့ သူ့ကိုစိတ်တွေဆိုးပြီး ဆူငေါက်ခဲ့မိတာတွေ။ ပြန်ရိုက်တဲ့အခါကျတော့ အတိတ်နမိတ်တစ်ခုလိုမျိုး သူ့ရဲ့နာရေးကိုကျွန်တော်ရိုက်ခဲ့မိတာတွေ အများကြီးပဲ အမှတ်တရတွေ တွေးတိုင်းတွေးတိုင်းလည်းစိတ်မကောင်းဖြစ်ရပါတယ်”လို့ ကြေကွဲဆို့နစ်စွာရင်ဖွင့်ထားပါတယ်။

ပရိသတ်ကြီးရော… မင်းသွေးဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဖြစ်နေကြတုန်းပဲလား။မုန်းစွဲ ရုပ်ရှင်ကားကြီးကိုရော သွားရောက်အားပေးပြီးသွားပြီလား။ သတ်ကွင်း ဇာတ်ကား ရုံတင်ရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Via,Can’t Wait To Say (nanmalgyi.com)

About the author

ShweLight

Leave a Comment