CELEBRITY

အလှမယ်​ သင်းသင်း ထံမှ အလှမယ်​ဘွဲ့နဲ့ သရဖူ ပြန်​လည်​သိမ်းယူ (သိမ်းယူရတဲ့ အကြောင်းအရင်း ရုပ်သံ)








ဆုံးဖြတ်ချက်




Via,mmlivenews.com

  • Unicode

အခုတလော လူမှုကွန်ယက်မှာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် တရာစွဲမည်ဆိုတဲ့ အလှမယ်သင်းသင်းရဲ့ သတင်းများဟာ အချိန်တိုင်းလိုလို ပျံ့နှံလျှက်ရှိပါတယ်။

မြန်မာတစ်နိုင်ငံလုံးကသိထားကြပြီး လေးစားကြတဲ့ ပရဟိတမင်းသား ဝေဠုကျော် ဘက်မှ ရပ်တည်အားပေးနေကြတဲ့ ပရိသတ်အများအပြားရှိနေသလို အလှမယ်သင်းသင်း ဘက်မှရပ်တည်ပေးကြတဲ့ ပရိသတ်တွေ အချို့လည်းရှိနေကြာင်း သိရပါတယ်..။

အခုလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာကတော့… အလှမယ် သင်းသင်းထံမှ အလှမယ်ဘွဲ့နဲ့ သရဖူ ပြန်လည်သိမ်းယူ ဆိုတဲ့ သတင်းဖြစ်ပါတယ်…။

ယခုပျံ့နှံ့လာသော သတင်း…

MMPA Organization တွင် ဝင်ရောက်ယှဉ်ပြိုင်ထားသော အလှမယ် သင်းသင်းသည် Ms Tourism Ambassador ဆုကို ရရှိထားပါသည်။

ထိုသို့ရရှိပြီးသည်နှင့်တပြိုင်နက် အလှမယ်များလိုက်နာရမည့်စည်းကမ်းများကို စာချုပ်ချုပ်လက်မှတ်ရေးထိုးထားရပါသည်။

ယခုအခါ အလှမယ် သင်းသင်းသည် စည်းကမ်းချက် အပိုဒ် (၅) နှင့် အပိုဒ် (၇)ပါစည်းကမ်းချက်များကိုဖောက်ဖျက်သည်ဟု ရုံးအဖွဲ့နှင့် နာယကအဖွဲ့ မှ သုံးသပ်သဖြင့် စာချုပ်ပါစည်းကမ်းအတိုင်း အောက်ပါအတိုင်းဆုံးဖြတ်ချက်ချမှတ်လိုက်ပါသည်။

ဆုံးဖြတ်ချက်

အလှမယ်သင်းသင်းအား လက်ရှိပေးအပ်ထားသော အလှမယ်ဘွဲ့နှင့် သရဖူကိုပြန်လည်သိမ်းယူပြီး မိမိတို့ Organization မှ ထုတ်ပယ်လိုက်သည်။

ထို့ကြောင့် မိမိတို့နှင့် သူမသည် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိတော့သဖြင့် မိမိတို့အမည်အသုံးပြုခြင်းကို လုံးဝခွင့်မပြုကြောင်းဆုံးဖြတ်ပါသည်။

MMPA Organization မှ မသင်းသင်း အား 13.12.2018 တွင် Crown ပြန်သိမ်းလိုက်ခြင်း အကြောင်းအရာနဲ့ပတ်သက်ပြီး MMPA Organization ရဲ့ CEO ဖြစ် ကိုရည်မှန်းအောင်မှ Sunday Journal အားအခုလိုပဲ ဖြေကြားလိုက်ပါတယ်…..

#YeeMhamAung #SundayJournalMyanmar
Via,mmlivenews.com/

About the author

ShweLight

Leave a Comment