EDUCATION

သင့်ယာဉ်မောင်းလိုင်စင်သက်တမ်း(၁)ရက်လေးလွန်တာနဲ့ ဒဏ်ငွေ (၂၅၀၀၀)ဆောင်ရမည်ဆိုတာသင်သိပါသလား


“ခ”ဆိုရင် (၁၀၀၀၀)ကျပ်




၁၀၀% မို့ (၂၅၀၀၀)ကျပ်ပဲ




Source-myanmar2news

  • Unicode

သက်တမ်းတစ်ရက်လေးကျော်သွားတာနဲ့တင်သင်ကိုင်တဲ့ယာဉ်မောင်းလိုင်စင်ဟာ

“င”ဆိုရင် ဒဏ်ကြေး(၂၅၀၀၀)ကျပ်ပါ
“ဃ”ဆိုရင်ဒဏ်ကြေး(၂၀၀၀၀)ကျပ်ပါ
“ခ”ဆိုရင် (၁၀၀၀၀)ကျပ်
“က”ဆို (၂၄၀၀)ကျပ်ပါ စသည်ဖြင့် အသီးသီဒဏ်ကြေးတွေဆောင်ရမှာပါ
တစ်ရက်လေးသက်တမ်းလွန်တာနဲ့တင်နော်.

ကျွန်တော်တို့ယာဉ်မောင်းလိုင်စင်တွေ ဈေးနှုန်းပြောင်စဉ်အခါက တစ်ခါတည်းဖော်ပြထားတဲ့စာလေးရှိပါတယ်
အဲ့ဒါကတော့ ယာဉ်မောင်းလိုင်စင်တွေသက်တမ်းကျော်လွန်ကာလ အချိန်လွန်ဒဏ်ကြေးကို မှတ်ပုံတင်ခ တစ်နှစ်စာရဲ့
၁၀၀% ကောက်ခံရန်ဆိုတာပါပဲ

ဒီတော့ ဥပမာအနေနဲ့ “င”လိုင်စင်တစ်ခု သက်တမ်းတိုးမယ်ဆိုပါစို့
သက်တမ်းတိုး(နှစ်လဲ)ခက (၇၅၀၀၀) ကျပ်
သက်တမ်းတစ်ရက်လွန်တယ်ဆိုတာနဲ့
တစ်နှစ်စာရဲ့ ၁၀၀% ကောက်ခံရန်ဆိုတဲ့အတွက်

(၇၅၀၀၀)ကို ၁၀၀% တွက်လိုက်တော့ (၂၅၀၀၀)ကျပ်ကျရော
တစ်ရက်လွန်လွန် နှစ်ရက်လွန်လွန်နော်

တစ်နှစ်မပြည့်ခင်အထိသက်တမ်းလွန်လဲ
၁၀၀% မို့ (၂၅၀၀၀)ကျပ်ပဲ
အဲ့ တစ်နှစ်နဲ့ တစ်ရက် လွန်သွားရင်တော့ (၂)နှစ်စာဖြစ်သွားပြီး (၅၀၀၀၀)ကျပ်ဖြစ်သွားမှာ

ဒီတော့ ယာဉ်မောင်းလိုင်စင်တွေဟာ
(၃)လကြိုတင်သက်တမ်းတိုးနိုင်တာမို့ ရက်အလွန်မခံပါနဲ့တော့ ကြိုတင်သက်တမ်းတိုးကြပါ
ဒီအကြောင်းအရာလေးကို ဗဟုသုတရစေချင် သိစေချင်လို့ ကျွန်တော်သိထားတာကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်

ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက် အသစ်လုပ်လုပ် သက်တမ်းတိုးတိုး ကုန်ကျစရိတ်ကို first comment မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

( သိထားသည်ကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်
ဤထက်ပို၍ ဘာမှမသိရှိပါ)

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
Source-myanmar2news

About the author

ShweLight

Leave a Comment