CELEBRITY

ခင္ပြန္းျဖစ္သူက တစ္ခ်က္မွမ်က္ႏွာမဲ့ေအာင္မထားဘူးလုိ႔ ဆိုလာတဲ့ ေရႊမွုန္ရတီ

ပရိသတ္ေတြရဲ႕အားေပးလက္ခံမွုေတြနဲ႔ေအာင္ျမင္လာတဲ့ ေရႊႏွစ္ေရႊကေတာ့ ေပ်ာ္ရႊင္ဖုိ႔ေကာင္းလွတဲ့အိမ္ေထာင္ေရးေလးကို ရရွိပိုင္ဆိုင္ေနၾကပါျပီ။ မၾကာေသးခင္ကမွ ဥေရာပ ဟန္းနီးမြန္းခရီးစဥ္ကေနျပန္လည္ေရာက္ရွိလာခဲ့ျပီး သက္ဆုိင္ရာအႏုပညာနယ္ပယ္မွာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနၾကျပီလည္းျဖစ္ပါတယ္။ ေရႊမွုန္ရတီကေတာ့ သူတုိ႔ႏွစ္ဦးဟာ ယူျပီးမွ တစ္ဦးနဲ႔တစ္ဦး ပိုပိုျပီးခ်စ္လာၾကတယ္လို႔ဆိုပါတယ္။

“ယူျပီးမွ ပိုပိုခ်စ္လာတယ္ ပုိပိုဂရုစိုက္လာတယ္ မ်က္စိေရွ႕ကအေပ်ာက္မခံဘူး အခန္းထဲကေနျပီးေတာ့မွ ဟိုဘက္အခန္းကူးရင္ေတာင္ လိုက္ေအာ္ေနျပီ။ ဘယ္ေရာက္သြားျပီလဲဆိုျပီးေတာ့….ပိုျပီးေတာ့ခ်စ္လာတယ္လို႔ ထင္တာေပါ့။”

ခင္ပြန္းျဖစ္တဲ့ေရႊထူးဟာ သူမရဲ႕မ်က္ႏွာတစ္ခ်က္မွအမဲ့မခံေအာင္ ထားတယ္လို႔ ေရႊမွုန္ကဆိုပါတယ္။ ဟန္းနီးမြန္းခရီးစဥ္ေလးမွာ ေရႊမွုန္ရတီတစ္ေယာက္ ေနမေကာင္းျဖစ္ေနတာေၾကာင့္ သူမရဲ႕ ႏြဲ႕ဆုိးဆိုးတဲ့ဒဏ္ေတြကို တစ္လမ္းလံုးခံလာတဲ့ ေရႊထူးအေၾကာင္းေလးကိုလည္း ေျပာျပပါေသးတယ္။

“အမွတ္တရေတြကေတာ့တစ္ပံုၾကီးပဲ။ တစ္လမ္းလံုးခ်ီခိုင္းတာေတြေရာေပါ့။ ခရီးသြားတဲ့ခ်ိန္မွာ သဲက ေနမေကာင္းတဲ့အခ်ိန္နဲ႔သြားၾကံဳေတာ့ သူ႔မွာ ဒုကၡေရာက္ေတာ့တာေပါ့။ တခ်ိန္လံုး အီျပီးေတာ့ခ်ီခိုင္း ေလယာဥ္ေပၚမွာလည္း သူ႔ကိုခ်ီခိုင္းလို႔ဆိုျပီး ေလယာဥ္မယ္ေတြက သူ႔ကိုရယ္ေနတယ္။ တစ္ညလံုးသူမအိပ္ရဘူး သဲကိုသိပ္ရင္းသိပ္ရင္းနဲ႔ ေလယာဥ္ေပၚမွာထိုင္ရက္ခ်ည္းအိပ္ေပ်ာ္ေနတာ။ အမွတ္တရအဲဒါေတြလည္းရွိတယ္။ ေလယာဥ္ေပၚမွာ သဲေနမေကာင္းလို႔ဆိုျပီး ခ်ီျပီးသိပ္တာေတြလည္းရွိတယ္။ ေလယာဥ္မယ္ေတြကဝိုင္းၾကည့္ သူကရွက္ မိန္းမကိုလည္း စိတ္ပူတာပါေတာ့ သူ႔မွာမရွက္ႏုိင္ပါဘူး တစ္လမ္းလံုးေခ်ာ့သိပ္လာတာ။”

အိမ္ေထာင္တစ္ခုတည္ေဆာက္ျပီးသြားရင္ေတာ့ အိတ္ေပါက္နဲ႔ဖားေကာက္မျဖစ္ေအာင္ ျခိဳးျခံေခြ်တာျပီးစီမံရတာက အိမ္ေထာင္ရွင္မေတြရဲ႕ တာဝန္ပဲျဖစ္ပါတယ္။ ေရႊမွုံတို႔ ဇနီးေမာင္ႏွံဟာလည္း ထိုနည္းလည္းေကာင္းပဲ မိန္းမျဖစ္သူကို ပိုက္ဆံအပ္တယ္လို႔ ဆိုပါတယ္။

“မိန္းမကို ပိုက္ဆံအပ္တာေတာ့ မိန္းကေလးေတြရဲ႕ထံုးစံေပါ့ေနာ္။ အိမ္ကိုပိုက္ဆံအပ္ျပီးသြားရင္ သူက လမ္းစရိတ္ျပန္ေတာင္းတယ္။ ဒီေန႔လည္း ေလယာဥ္ကြင္းသြားတာ မုန္႔စားဖို႔ပိုက္ဆံေပးလိုက္ဦးဆိုလို႔ ၂၅၀၀၀ အရင္ထုတ္ေပးလိုက္ေတာ့ ဘာလုပ္ဖို႔လဲ ဒါ ဆိုေတာ့ ဟုတ္ဖူးေလ မုန္႔စားဖုိ႔လုိ႔ သဲကအရင္တုန္းက ေလယာဥ္ကြင္းမွာမုန္႔စားလို႔ရိွရင္ တစ္ေသာင္းေလာက္ပဲကုန္တာလို႔ မရဖူးေလတဲ့ ေဘးမွာသူမ်ားေတြလည္းပါေသးတယ္ သူမ်ားေတြလည္းေကြ်းရဦးမယ္ေလတဲ့ ဟာသူမ်ားေတြကိုယ့္ကိုရွင္းခိုင္းလိုက္ေပါ့လို႔ ေျပာေတာ့ သူက စိတ္ဆုိးတယ္ ေရာ့ေရာ့ သံုးေသာင္းယူသြားဆိုေတာ့ ေအာက္ေရာက္ေတာ့မွ မန္ေနဂ်ာေတြကို သူက တုိင္တာေပါ့ေနာ္။ က်ေတာ့္ကိုဗ်ာ သံုးေသာင္းပဲ ေပးတယ္ က်ေတာ္ဘာသြားလုပ္ရမွာလဲတဲ့ က်ေတာ္မုန္႔ဘယ္လိုသြားစားရမလဲဆိုေတာ့ အဲ့ေတာ့မွ အကုန္ဝုိင္းေျပာလို႔ သူ႔ကို (၅၀၀၀၀) ေတာ့ေပးလိုက္မယ္လို႔ ဒါေပမယ့္ပိုရင္ေတာ့ျပန္ေပးေနာ္လို႔ ေအးေအး ပိုရင္ျပန္ေပးမယ္ဆိုျပီး စိတ္ဆိုးျပီးသြားလိုက္တာေပါ့ေနာ္။ သူကအရမ္းခ်စ္ဖုိ႔ေကာင္းပါတယ္။” လို႔ ေရႊထူးရဲ႕ ခ်စ္စရာေကာင္းတဲ့အျပဳအမူေလးေတြကို MC အင္တာဗ်ဴးမွတဆင့္ေျပာျပလာခဲ့တာျဖစ္ပါတယ္။

Via, We Love Cele (welovecele.com)

  • Unicode

ပရိသတ်တွေရဲ့အားပေးလက်ခံမှုတွေနဲ့အောင်မြင်လာတဲ့ ရွှေနှစ်ရွှေကတော့ ပျော်ရွှင်ဖို့ကောင်းလှတဲ့အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်နေကြပါပြီ။ မကြာသေးခင်ကမှ ဥရောပ ဟန်းနီးမွန်းခရီးစဉ်ကနေပြန်လည်ရောက်ရှိလာခဲ့ပြီး သက်ဆိုင်ရာအနုပညာနယ်ပယ်မှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြပြီလည်းဖြစ်ပါတယ်။ ရွှေမှုန်ရတီကတော့ သူတို့နှစ်ဦးဟာ ယူပြီးမှ တစ်ဦးနဲ့တစ်ဦး ပိုပိုပြီးချစ်လာကြတယ်လို့ဆိုပါတယ်။

“ယူပြီးမှ ပိုပိုချစ်လာတယ် ပိုပိုဂရုစိုက်လာတယ် မျက်စိရှေ့ကအပျောက်မခံဘူး အခန်းထဲကနေပြီးတော့မှ ဟိုဘက်အခန်းကူးရင်တောင် လိုက်အော်နေပြီ။ ဘယ်ရောက်သွားပြီလဲဆိုပြီးတော့….ပိုပြီးတော့ချစ်လာတယ်လို့ ထင်တာပေါ့။”

ခင်ပွန်းဖြစ်တဲ့ရွှေထူးဟာ သူမရဲ့မျက်နှာတစ်ချက်မှအမဲ့မခံအောင် ထားတယ်လို့ ရွှေမှုန်ကဆိုပါတယ်။ ဟန်းနီးမွန်းခရီးစဉ်လေးမှာ ရွှေမှုန်ရတီတစ်ယောက် နေမကောင်းဖြစ်နေတာကြောင့် သူမရဲ့ နွဲ့ဆိုးဆိုးတဲ့ဒဏ်တွေကို တစ်လမ်းလုံးခံလာတဲ့ ရွှေထူးအကြောင်းလေးကိုလည်း ပြောပြပါသေးတယ်။

“အမှတ်တရတွေကတော့တစ်ပုံကြီးပဲ။ တစ်လမ်းလုံးချီခိုင်းတာတွေရောပေါ့။ ခရီးသွားတဲ့ချိန်မှာ သဲက နေမကောင်းတဲ့အချိန်နဲ့သွားကြုံတော့ သူ့မှာ ဒုက္ခရောက်တော့တာပေါ့။ တချိန်လုံး အီပြီးတော့ချီခိုင်း လေယာဉ်ပေါ်မှာလည်း သူ့ကိုချီခိုင်းလို့ဆိုပြီး လေယာဉ်မယ်တွေက သူ့ကိုရယ်နေတယ်။ တစ်ညလုံးသူမအိပ်ရဘူး သဲကိုသိပ်ရင်းသိပ်ရင်းနဲ့ လေယာဉ်ပေါ်မှာထိုင်ရက်ချည်းအိပ်ပျော်နေတာ။ အမှတ်တရအဲဒါတွေလည်းရှိတယ်။ လေယာဉ်ပေါ်မှာ သဲနေမကောင်းလို့ဆိုပြီး ချီပြီးသိပ်တာတွေလည်းရှိတယ်။ လေယာဉ်မယ်တွေကဝိုင်းကြည့် သူကရှက် မိန်းမကိုလည်း စိတ်ပူတာပါတော့ သူ့မှာမရှက်နိုင်ပါဘူး တစ်လမ်းလုံးချော့သိပ်လာတာ။”

အိမ်ထောင်တစ်ခုတည်ဆောက်ပြီးသွားရင်တော့ အိတ်ပေါက်နဲ့ဖားကောက်မဖြစ်အောင် ခြိုးခြံချွေတာပြီးစီမံရတာက အိမ်ထောင်ရှင်မတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ရွှေမှုံတို့ ဇနီးမောင်နှံဟာလည်း ထိုနည်းလည်းကောင်းပဲ မိန်းမဖြစ်သူကို ပိုက်ဆံအပ်တယ်လို့ ဆိုပါတယ်။

“မိန်းမကို ပိုက်ဆံအပ်တာတော့ မိန်းကလေးတွေရဲ့ထုံးစံပေါ့နော်။ အိမ်ကိုပိုက်ဆံအပ်ပြီးသွားရင် သူက လမ်းစရိတ်ပြန်တောင်းတယ်။ ဒီနေ့လည်း လေယာဉ်ကွင်းသွားတာ မုန့်စားဖို့ပိုက်ဆံပေးလိုက်ဦးဆိုလို့ ၂၅၀၀၀ အရင်ထုတ်ပေးလိုက်တော့ ဘာလုပ်ဖို့လဲ ဒါ ဆိုတော့ ဟုတ်ဖူးလေ မုန့်စားဖို့လို့ သဲကအရင်တုန်းက လေယာဉ်ကွင်းမှာမုန့်စားလို့ရှိရင် တစ်သောင်းလောက်ပဲကုန်တာလို့ မရဖူးလေတဲ့ ဘေးမှာသူများတွေလည်းပါသေးတယ် သူများတွေလည်းကျွေးရဦးမယ်လေတဲ့ ဟာသူများတွေကိုယ့်ကိုရှင်းခိုင်းလိုက်ပေါ့လို့ ပြောတော့ သူက စိတ်ဆိုးတယ် ရော့ရော့ သုံးသောင်းယူသွားဆိုတော့ အောက်ရောက်တော့မှ မန်နေဂျာတွေကို သူက တိုင်တာပေါ့နော်။ ကျတော့်ကိုဗျာ သုံးသောင်းပဲ ပေးတယ် ကျတော်ဘာသွားလုပ်ရမှာလဲတဲ့ ကျတော်မုန့်ဘယ်လိုသွားစားရမလဲဆိုတော့ အဲ့တော့မှ အကုန်ဝိုင်းပြောလို့ သူ့ကို (၅၀၀၀၀) တော့ပေးလိုက်မယ်လို့ ဒါပေမယ့်ပိုရင်တော့ပြန်ပေးနော်လို့ အေးအေး ပိုရင်ပြန်ပေးမယ်ဆိုပြီး စိတ်ဆိုးပြီးသွားလိုက်တာပေါ့နော်။ သူကအရမ်းချစ်ဖို့ကောင်းပါတယ်။” လို့ ရွှေထူးရဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကို MC အင်တာဗျူးမှတဆင့်ပြောပြလာခဲ့တာဖြစ်ပါတယ်။

Via, We Love Cele (welovecele.com)

About the author

ShweLight

Leave a Comment