CELEBRITY

မူးယစ္ေမွာင္ခိုသမား(၃)ဦးကို တ႐ုတ္တရား႐ံုးက လူျမင္ကြင္းမွာေသဒဏ္ေပးခဲ့

တ႐ုတ္ျပည္ေတာင္ပိုင္း ကမ္း႐ိုးတန္းေဒသတစ္ခုျဖစ္တဲ့ Guangdong ျပည္နယ္မွာ မူးယစ္ေဆးေမွာင္ခိုကူးသူ(၃)ဦးကို လူပံုအလယ္မွာ ေသဒဏ္ေပးခဲ့ပါတယ္။ ေသဒဏ္ေပးတဲ့ေနရာကေတာ့ Jieyang ျပည္သူ႔ရင္ျပင္မွာျဖစ္တယ္လို႔ Dailymail သတင္းကေတာ့ဆိုပါတယ္။

တ႐ုတ္သတင္းဌာနေတြအရ ရာဇ၀တ္သား(၃)ဦးကို ျပည္သူလူထုေရွ႕ေမွာက္မွာပဲ ကြပ္မ်က္ရာေနရာဆီေခၚသြားၿပီး ေသနတ္နဲ႔ပစ္သတ္ခဲ့တာျဖစ္ပါတယ္။ ျပည္သူ႔ရင္ျပင္မွာအမိန္႔ခ်မွတ္ခဲ့တဲ့ အဆိုပါ ေသဒဏ္စီရင္ခ်က္ကို ေက်ာင္းသားငယ္ေလးေတြအပါအ၀င္ ေဒသခံလူေတြက ၾကည့္႐ႈခဲ့ၾကပါတယ္။

မူးယစ္ေဆး၀ါးတရားမ၀င္သယ္ေဆာင္လာသူေတြကေတာ့ Tang Zhuorong ၊ Tang Shaokun နဲ႔ Huang Haohua တို႔ျဖစ္ၾကပါတယ္။ Tang Zhuorong နဲ႔ Tang Shaokun တို႔ (၂)ဦးက မူးယစ္ေဆး၀ါးထုတ္လုပ္ေရာင္းခ်မႈနဲ႔ တရားမ၀င္သယ္ယူပို႔ေဆာင္တာေတြ က်ဴးလြန္ခဲ့ၿပီး Huang Hoahua ကေတာ့ မူးယစ္ေဆး၀ါးထုတ္လုပ္ေရာင္းခ်တာေတြျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ယခုျပစ္ဒဏ္ခ်မွတ္ခဲ့ရတဲ့ ေမွာင္ခိုသမား (၃)ဦးဟာ မူးယစ္မႈနဲ႔ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္သူ (၈)ေယာက္ထဲက (၃)ေယာက္သာျဖစ္ပါတယ္။ က်န္တဲ့အျခားသူ (၅)ေယာက္ကိုေတာ့ တရား႐ံုးက ဘယ္လိုျပစ္ဒဏ္ေတြခ်မွတ္ခဲ့တယ္ဆိုတာေတာ့ မေဖာ္ျပေသးပါဘူး။ တ႐ုတ္ျပည္ေတာင္ပိုင္းကမ္း႐ိုးတန္းေဒသျဖစ္တဲ့ Guangdong ဟာ နယ္စပ္နယ္ေျမျဖစ္တာေၾကာင့္ ေမွာင္ခိုကူးသန္းမႈမ်ားျပားၿပီး မူးယစ္ေဆးနဲ႔ပတ္သက္တဲ့ ဒုစ႐ိုက္မႈေတြေပါမ်ားတဲ့ေနရာျဖစ္ပါတယ္။

Guangzhou Daily အရ ၂၀၁၇ ခုႏွစ္မွာ Huilai ေကာင္တီမွာ မူးယစ္ေဆးနဲ႔ပတ္သက္ၿပီး ျပစ္မႈ (၉၂)မႈျဖစ္ပြားခဲ့ကာသံသယရွိသူ (၁၃၃)ေယာက္ကို ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။ ယခုႏွစ္အတြင္းမွာေတာ့ Huilai ရဲတပ္ဖြဲ႕ကမူးယစ္ေဆး၀ါးေမွာင္ခိုတင္သြင္းမႈ (၇)ႀကိမ္ကို လက္ရဖမ္းဆီးမိခဲ့တယ္လို႔သိရပါတယ္။

Crystal Methamphetamine ေပါင္ (၁၉၀)၊ liquid meth (၁၇၈)ေပါင္နဲ႔ Ephedrine (၉၈၉)ေပါင္ ကိုဖမ္္းဆီးရမိခဲ့ပါတယ္။ ေဆး၀ါးသံုးစြဲသူ (၅၈၁)ေယာက္ဖမ္းဆီးမိတဲ့အထဲမွ (၄၃၂)ေယာက္ကို ျပန္လည္ထူေထာင္ေရးေဂဟာကို ပို႔ေဆာင္ၿပီးျဖစ္ေၾကာင္းသိရပါတယ္။

ရွင္ဟြာသတင္းဌာနအရ Guangdong ျပည္နယ္တစ္ခုလံုးအေနနဲ႔ ၂၀၁၇ခုႏွစ္မွာ ေဆးမႈေပါင္း (၁၃,၀၀၀)ေက်ာ္ျဖစ္ပြားခဲ့ၿပီး သံသယရွိသူ (၁၆,၀၀၀)ကို ဖမ္းဆီးရမိခဲ့ပါတယ္။ ေဆးသံုးစြဲသူေပါင္း (၁)သိန္း၊ (၄)ေသာင္းေက်ာ္ကုိ လက္ရဖမ္းဆီးႏုိင္ခဲ့တဲ့အျပင္ ေဆး၀ါးတန္ခ်ိန္ေပါင္း (၁၀.၄)တန္ကို ရဲအဖြဲ႔က သိမ္းယူႏိုင္ခဲ့ပါတယ္။

 

Jieyang နဲ႔ကပ္လ်က္ျဖစ္တဲ့ Shanwei ၿမိဳ႕ တရား႐ံုးကေတာ့ ၿပီးခဲ့တဲ့ဇြန္လမွာ လူတစ္ေသာင္းေက်ာ္ရွိတဲ့ လူျမင္ကြင္းအတြင္း လူ(၈)ေယာက္ကုိ မူးယစ္ေဆး၀ါးကူးသန္းေရာင္း၀ယ္မႈနဲ႔ ေသဒဏ္ေပးခဲ့ေၾကာင္း သိရပါတယ္။

Via,လင္းလင္း (shwemom.com)

  • Unicode

တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသတစ်ခုဖြစ်တဲ့ Guangdong ပြည်နယ်မှာ မူးယစ်ဆေးမှောင်ခိုကူးသူ(၃)ဦးကို လူပုံအလယ်မှာ သေဒဏ်ပေးခဲ့ပါတယ်။ သေဒဏ်ပေးတဲ့နေရာကတော့ Jieyang ပြည်သူ့ရင်ပြင်မှာဖြစ်တယ်လို့ Dailymail သတင်းကတော့ဆိုပါတယ်။

တရုတ်သတင်းဌာနတွေအရ ရာဇဝတ်သား(၃)ဦးကို ပြည်သူလူထုရှေ့မှောက်မှာပဲ ကွပ်မျက်ရာနေရာဆီခေါ်သွားပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ရင်ပြင်မှာအမိန့်ချမှတ်ခဲ့တဲ့ အဆိုပါ သေဒဏ်စီရင်ချက်ကို ကျောင်းသားငယ်လေးတွေအပါအဝင် ဒေသခံလူတွေက ကြည့်ရှုခဲ့ကြပါတယ်။

မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်လာသူတွေကတော့ Tang Zhuorong ၊ Tang Shaokun နဲ့ Huang Haohua တို့ဖြစ်ကြပါတယ်။ Tang Zhuorong နဲ့ Tang Shaokun တို့ (၂)ဦးက မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုနဲ့ တရားမဝင်သယ်ယူပို့ဆောင်တာတွေ ကျူးလွန်ခဲ့ပြီး Huang Hoahua ကတော့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချတာတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ယခုပြစ်ဒဏ်ချမှတ်ခဲ့ရတဲ့ မှောင်ခိုသမား (၃)ဦးဟာ မူးယစ်မှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ (၈)ယောက်ထဲက (၃)ယောက်သာဖြစ်ပါတယ်။ ကျန်တဲ့အခြားသူ (၅)ယောက်ကိုတော့ တရားရုံးက ဘယ်လိုပြစ်ဒဏ်တွေချမှတ်ခဲ့တယ်ဆိုတာတော့ မဖော်ပြသေးပါဘူး။ တရုတ်ပြည်တောင်ပိုင်းကမ်းရိုးတန်းဒေသဖြစ်တဲ့ Guangdong ဟာ နယ်စပ်နယ်မြေဖြစ်တာကြောင့် မှောင်ခိုကူးသန်းမှုများပြားပြီး မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ဒုစရိုက်မှုတွေပေါများတဲ့နေရာဖြစ်ပါတယ်။

Guangzhou Daily အရ ၂၀၁၇ ခုနှစ်မှာ Huilai ကောင်တီမှာ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ပြစ်မှု (၉၂)မှုဖြစ်ပွားခဲ့ကာသံသယရှိသူ (၁၃၃)ယောက်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်အတွင်းမှာတော့ Huilai ရဲတပ်ဖွဲ့ကမူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှု (၇)ကြိမ်ကို လက်ရဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။

Crystal Methamphetamine ပေါင် (၁၉၀)၊ liquid meth (၁၇၈)ပေါင်နဲ့ Ephedrine (၉၈၉)ပေါင် ကိုဖမ်းဆီးရမိခဲ့ပါတယ်။ ဆေးဝါးသုံးစွဲသူ (၅၈၁)ယောက်ဖမ်းဆီးမိတဲ့အထဲမှ (၄၃၂)ယောက်ကို ပြန်လည်ထူထောင်ရေးဂေဟာကို ပို့ဆောင်ပြီးဖြစ်ကြောင်းသိရပါတယ်။

ရှင်ဟွာသတင်းဌာနအရ Guangdong ပြည်နယ်တစ်ခုလုံးအနေနဲ့ ၂၀၁၇ခုနှစ်မှာ ဆေးမှုပေါင်း (၁၃,၀၀၀)ကျော်ဖြစ်ပွားခဲ့ပြီး သံသယရှိသူ (၁၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဆေးသုံးစွဲသူပေါင်း (၁)သိန်း၊ (၄)သောင်းကျော်ကို လက်ရဖမ်းဆီးနိုင်ခဲ့တဲ့အပြင် ဆေးဝါးတန်ချိန်ပေါင်း (၁၀.၄)တန်ကို ရဲအဖွဲ့က သိမ်းယူနိုင်ခဲ့ပါတယ်။

 

Jieyang နဲ့ကပ်လျက်ဖြစ်တဲ့ Shanwei မြို့ တရားရုံးကတော့ ပြီးခဲ့တဲ့ဇွန်လမှာ လူတစ်သောင်းကျော်ရှိတဲ့ လူမြင်ကွင်းအတွင်း လူ(၈)ယောက်ကို မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုနဲ့ သေဒဏ်ပေးခဲ့ကြောင်း သိရပါတယ်။

Via,လင်းလင်း (shwemom.com)

About the author

ShweLight

Leave a Comment