CELEBRITY

မမေ့နိုင်စရာ အမှတ်တရပုံလေးကို လက်မောင်းထက်မှာ တက်တူးအပြည့်ထိုးပြီး ချစ်သက်သေပြလိုက်တဲ့ ခင်လှိုင်ရဲ့ချစ်ဇနီး





SOURCE:Khin Hlaing

  • Unicode

ပရိတ်သတ်တွေကိုဟာသပြတ်လုံးတွေနဲ့ဘဝအမောတွေပြေအောင်တင်ဆက်ပေးနေတာကတော့သရုပ်ဆောင်ခင်လှိုင်ပဲဖြစ်ပါတယ်။သူ့ရဲ့ရယ်ရတဲ့ဖျော်ဖြေမှုလေးတွေကြောင့်လည်းတစ်နိုင်ငံလုံးပရိတ်သတ်တွေရဲ့အချစ်တော်ဖြစ်နေရတာပါ။ပရိတ်သတ်တွေသာမကအနုပညာရှင်အချင်းချင်းကလည်းချစ်နေကြရတာပါ။တစ်နိုင်ငံလုံးကိုပတ်ပြီးဖျော်ဖြေနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။


ခင်လှိုင်ကတော့ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရိုက်ကူးနေရပြီးခုမှာလည်းဒါရိုက်တာအလုပ်တွေနဲ့တဖန်ပရိတ်သတ်တွေကိုရသတွေပေးနေဦးမှာပါ။တောက်ချလိုက်မယ်ဇာတ်ကားကြီးကိုလည်းရိုက်ကူးထားပြီးမကြာခင်အချိန်တွင်းမှာသူရိုက်ကူးတဲ့ပထမဆုံးဇာတ်ကားကြီးကိုတွေ့ရတော့မှာဖြစ်ပါတယ်။ပရိတ်သတ်တွေအတွက်လည်းအနုပညာအလုပ်တွေကိုကြိုးစားရင်းနဲ့မိသားစုနဲ့လည်းပျော်ရွှင်စရာအချိန်လေးကိုဖြတ်သန်းနေတာဖြစ်ပါတယ်။

သူတို့မိသားစုလေးရဲ့ပျော်ရွှင်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်လည်းပရိတ်သတ်တွေအားကျနေရတာဖြစ်ပါတယ်။မကြာသောရက်ပိုင်းအတွင်းကလည်းချစ်စနီးလေးရဲ့မွေးနေ့လေးကိုချစ်ရတဲ့မိသားစုတွေမိတ်ဆွေတွေနဲ့ကျင်းပခဲ့ပြီးပရိတ်သတ်တွေအားကျခဲ့ရတာပါ။ခုမှာလည်းချစ်ဇနီးလေးရဲ့လက်မောင်းလေးမှာသူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင်ပုံလေးကိုတက်တူးထိုးခဲ့ပြီးခင်လှိုင်ကတော့သူ့ချစ်ဇနီးလေးရဲ့အကြည့်လေးကိုထိုးခဲ့တာပါ။ပရိတ်သတ်တွေကိုအားကျအောင်လုပ်တက်တဲ့ခင်လှိုင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Khin Hlaing
Via,www.myanmarload.com

About the author

ShweLight

Leave a Comment