CELEBRITY

(၁၀) ႏွစ္ေက်ာ္အျမတ္တႏိုးထားခဲ့တဲ့ ဆံပင္ရွည္ၾကီးကို ျဖတ္ျပီး ကတံုးတံုးလိုက္တဲ့ ဦးေက်ာ္သူ

နာေရးကူညီမွုအသင္းရဲ႕ ဥကၠဌျဖစ္တဲ့ ဦးေက်ာ္သူကေတာ့ မေန႔တုန္းက (၁၀) ႏွစ္ေက်ာ္ၾကာ အျမတ္တႏိုးထားခဲ့တဲ့ ဆံပင္ရွည္ၾကီးကို ျဖတ္လိုက္ျပီျဖစ္ပါတယ္။ ပရဟိတမင္းသားၾကီးတစ္ဦးျဖစ္သူ ဦးေက်ာ္သူက အႏုပညာအလုပ္ေတြကို မလုပ္ကိုင္ေတာ့တာ ႏွစ္ေပါင္းအေတာ္ၾကာျမင့္ခဲ့ျပီျဖစ္ျပီးေတာ့ ယခုေနာက္ပိုင္းမွ ဇာတ္လမ္းတြဲေတြနဲ႔ ရုပ္ရွင္ကားေတြကို ရုိက္ကူးလာခဲ့တာျဖစ္ပါတယ္။ နာေရးကူညီမွုအသင္းရဲ႕ ဥကၠဌတစ္ဦးျဖစ္ျပီးေတာ့ လိုအပ္လ်က္ရွိေနတဲ့ နာေရးကူညီမွုေတြကို လူတန္းစားမခြဲျခားဘဲ လိုက္လံကူညီေနခဲ့တဲ့ မင္းသားၾကီးတစ္ဦးပါ။

စက္တင္ဘာလ သံဃာ့အေရးအခင္းျပီးစဥ္ကာလတည္းက ထားခဲ့တဲ့ဆံပင္ဟာ ယခုဆုိရင္ေတာ့ (၁၀) ႏွစ္ေက်ာ္ရွိေနျပီျဖစ္တယ္လို႔ ဦးေက်ာ္သူက ေျပာပါတယ္။ အျမတ္တႏိုးထားခဲ့ရတဲ့ ဆံပင္ျဖစ္ျပီးေတာ့ ဆံပင္ေတြအျပင္ မုတ္ဆိတ္ေမႊးရွည္ေတြကိုပါ ထားခဲ့တာျဖစ္ပါတယ္။

ယခုဆိုရင္ေတာ့ ဆံပင္အျပင္ မုတ္ဆိတ္ေမႊးေတြကိုပါ ရိတ္ပစ္လိုက္တဲ့ ဦးေက်ာ္သူဟာ သာသနာျပဳကားျဖစ္တဲ့ ၂၀၁၄ ဆုိတဲ့ ဇာတ္ကားၾကီးကို ရိုက္ကူးဖုိ႔ ညွပ္ပစ္လိုက္တာလို႔ သိရပါတယ္။

ဒီဇာတ္ကားၾကီးဟာ ဘာသာေပါင္းစံုၾကည့္ရွုလို႔ရတဲ့ ဇာတ္ကားျဖစ္ျပီးေတာ့ ဘာသာတရားေတြရဲ႕ ျငိမ္းခ်မ္းျခင္းအေၾကာင္းကို ရိုက္ကူးထားတဲ့ဇာတ္လမ္းျဖစ္တယ္လို႔ ဦးေက်ာ္သူက ဆုိပါတယ္။

ယခုလို ကတံုးတံုးျပီး သာသနာျပဳဇာတ္ကားရိုက္ကူးရတဲ့အတြက္လည္း သူ႔အေနနဲ႔ အလြန္ေက်နပ္မိေၾကာင္း ဦးေက်ာ္သူကဆိုပါတယ္။ ျပီးရင္ေတာ့ သူႏွစ္သက္သေဘာက်တဲ့ ဆံပင္ရွည္ကို ျပန္ထားသြားမယ္လို႔ ဦးေက်ာ္သူက ေျပာခဲ့တာျဖစ္ပါတယ္။

Source : We Love Cele
Photos-Kyaw Thu

  • Unicode

နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဦးကျော်သူကတော့ မနေ့တုန်းက (၁၀) နှစ်ကျော်ကြာ အမြတ်တနိုးထားခဲ့တဲ့ ဆံပင်ရှည်ကြီးကို ဖြတ်လိုက်ပြီဖြစ်ပါတယ်။ ပရဟိတမင်းသားကြီးတစ်ဦးဖြစ်သူ ဦးကျော်သူက အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့တာ နှစ်ပေါင်းအတော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးတော့ ယခုနောက်ပိုင်းမှ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ကားတွေကို ရိုက်ကူးလာခဲ့တာဖြစ်ပါတယ်။ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌတစ်ဦးဖြစ်ပြီးတော့ လိုအပ်လျက်ရှိနေတဲ့ နာရေးကူညီမှုတွေကို လူတန်းစားမခွဲခြားဘဲ လိုက်လံကူညီနေခဲ့တဲ့ မင်းသားကြီးတစ်ဦးပါ။

စက်တင်ဘာလ သံဃာ့အရေးအခင်းပြီးစဉ်ကာလတည်းက ထားခဲ့တဲ့ဆံပင်ဟာ ယခုဆိုရင်တော့ (၁၀) နှစ်ကျော်ရှိနေပြီဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။ အမြတ်တနိုးထားခဲ့ရတဲ့ ဆံပင်ဖြစ်ပြီးတော့ ဆံပင်တွေအပြင် မုတ်ဆိတ်မွှေးရှည်တွေကိုပါ ထားခဲ့တာဖြစ်ပါတယ်။

ယခုဆိုရင်တော့ ဆံပင်အပြင် မုတ်ဆိတ်မွှေးတွေကိုပါ ရိတ်ပစ်လိုက်တဲ့ ဦးကျော်သူဟာ သာသနာပြုကားဖြစ်တဲ့ ၂၀၁၄ ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ညှပ်ပစ်လိုက်တာလို့ သိရပါတယ်။

ဒီဇာတ်ကားကြီးဟာ ဘာသာပေါင်းစုံကြည့်ရှုလို့ရတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ဘာသာတရားတွေရဲ့ ငြိမ်းချမ်းခြင်းအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်တယ်လို့ ဦးကျော်သူက ဆိုပါတယ်။

ယခုလို ကတုံးတုံးပြီး သာသနာပြုဇာတ်ကားရိုက်ကူးရတဲ့အတွက်လည်း သူ့အနေနဲ့ အလွန်ကျေနပ်မိကြောင်း ဦးကျော်သူကဆိုပါတယ်။ ပြီးရင်တော့ သူနှစ်သက်သဘောကျတဲ့ ဆံပင်ရှည်ကို ပြန်ထားသွားမယ်လို့ ဦးကျော်သူက ပြောခဲ့တာဖြစ်ပါတယ်။

Source : We Love Cele
Photos-Kyaw Thu

About the author

ShweLight

Leave a Comment