CELEBRITY

ငါတို႔ရဲ့ General သီခ်င္းကိုလွဴလိုက္တဲ့အေၾကာင္း ေျပာလာတဲ့ ျဖိဳးျမတ္ေအာင္

Myanmar Idol ျပိဳင္ပြဲကေန တဆင့္လူသိမ်ားလာျပီး Winner ျဖစ္ခဲ့တဲ့ ျဖိဳးျမတ္ေအာင္ကေတာ့ သူ႔ကို လူစသိျပီး ပရိသတ္အားေပးမႈအခိုင္အမာရရွိေစခဲ့တဲ့ ငါတို႔ရဲ့ General သီခ်င္းကိုေတာ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ေအာင္ႏိုင္ေရး သီခ်င္းအျဖစ္ လွဴလိုက္ေၾကာင္း သိရွိရပါတယ္။ ျဖိဳးျမတ္ေအာင္ကေတာ့ ဒီသီခ်င္းေလးေတြကို Myanmar Idol စျပိဳင္တဲ့အခ်ိန္မွာ ဆိုျပခဲ့ျပီး သူစျပိဳင္ကတည္းက ပရိသတ္အားေပးမႈအခိုင္အမာရရွိခဲ့ျပီး ေနာက္ဆံုး Winner ျဖစ္သြားတဲ့အထိပါပဲ။ သူ႕အေနနဲ႔ လက္ရွိမွာေတာ့ သူဒီသီခ်င္းကို ဘာေၾကာင့္လွဴလိုက္တာလဲဆိုတာကို ေျပာျပခဲ့ျပီး ဘယ္လိုခံစားရလဲဆုိတာကို ေျပာျပသြားခဲ့ပါတယ္။

ျဖိဳးျမတ္ေအာင္ကေတာ့ The Radar နဲ႔ အင္တာဗ်ဴးတြင္ “ကြ်န္ေတာ္ကေတာ့ ဗုိလ္ခ်ဳပ္ကို ဂုဏ္ျပဳတာေပါ့ေနာ္။ သီခ်င္းေလးကိုဘာလို႔လွဴလိုက္လည္းဆိုေတာ့ ေတးေရးကုိယူေဇာ္က သူလွဴလိုက္တာပါ။ သူ႔ေရးထားတဲ့ သူ႔သီခ်င္းေလး သူ႔မွာလွဴပိုင္ခြင့္ရွိတယ္ေလ။ သူပိုင္တာပဲ။ ကြ်န္ေတာ္တို႔ ဒီသီခ်င္းကို စလုပ္တဲ့အခ်ိန္မွာေတာ့ ကြ်န္ေတာ္တို႔ ဘယ္ပါတီဘယ္ဟာမွ မရွိဘူး။ ၂၀၁၅ ခုႏွစ္မွာ ဗိုလ္ခ်ဳပ္ရာျပည့္ရွိတယ္။ အဲ့ဒါေၾကာင့္ ကြ်န္ေတာ္သြားေျပာတယ္။ ကိုယူေဇာ္ေရ ဗို္လ္ခ်ဳပ္ရာျပည့္ပြဲေတြ က်င္းပေနၾကျပီေပါ့။ တတ္ႏိုင္တဲ့အင္အားကလည္း မရွိဘူး။ ဒါေပမယ့္လည္း ကြ်န္ေတာ္တို႔ တတ္ႏိုင္တဲ့အႏုပညာအားေလးနဲ႔ ေဖ်ာ္ေျဖမယ္ဆိုျပီး ကိုယူေဇာ္ကို ဒီသီခ်င္းေရးခိုင္းလိုက္တာပါ။ ဒါေၾကာင့္လည္း ဆိုျဖစ္သြားတာပါ”

“ကြ်န္ေတာ့္ကို အားေပးၾကတဲ့ ျပည္ပက အမ်ိဳးေတြေရာ ျမန္မာႏိုင္ငံထဲက အမ်ိဳးေတြေရာ ဧရာဝတီတိုင္းက အမ်ိဳးေတြေရာ အားလံုးကို ကြ်န္ေတာ္ ခ်စ္ပါတယ္။ ဒီထက္လည္း ပုိျပီးေတာ့ ၾကိဳးစားသြားပါဦးမယ္လို႔ ကြ်န္ေတာ္ေျပာခ်င္ပါတယ္။ အားလံုးက်န္းမာခ်မ္းသာ ၾကေစပါဗ်ာ”

ျဖိဳးျမတ္ေအာင္ သီဆိုထားတဲ့ ငါတို႔ရဲ့ General သီခ်င္းကေတာ့ တကယ္ကို စိတ္အားတက္ၾကြစရာ သီခ်င္းေကာင္း တပုဒ္ျဖစ္ျပီး ယင္းသီခ်င္းကိုနားေထာင္လိုက္ရင္လည္း ရင္ထဲမွာ ျမန္မာႏိုင္ငံရဲ့ လြတ္လပ္ေရးဖခင္ၾကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို သတိရေအာင့္ေမ့ေနမွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ ေတးေရးယူေဇာ္ေရးသားထားျပီး ျဖိဳးျမတ္ေအာင္သီဆိုထားတဲ့ ငါတို႔ရဲ့ General သီခ်င္းကို ေျပာခ်င္လြန္းလို႔ေပ့ခ်္က ေဖာ္ျပေပးလိုက္ပါတယ္။ ဗီဒီယိုေလးကေတာ့ ေအာက္မွာပါ။

Source: nanmalgyi.com

  • Unicode

Myanmar Idol ပြိုင်ပွဲကနေ တဆင့်လူသိများလာပြီး Winner ဖြစ်ခဲ့တဲ့ ဖြိုးမြတ်အောင်ကတော့ သူ့ကို လူစသိပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိစေခဲ့တဲ့ ငါတို့ရဲ့ General သီချင်းကိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အောင်နိုင်ရေး သီချင်းအဖြစ် လှူလိုက်ကြောင်း သိရှိရပါတယ်။ ဖြိုးမြတ်အောင်ကတော့ ဒီသီချင်းလေးတွေကို Myanmar Idol စပြိုင်တဲ့အချိန်မှာ ဆိုပြခဲ့ပြီး သူစပြိုင်ကတည်းက ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့ပြီး နောက်ဆုံး Winner ဖြစ်သွားတဲ့အထိပါပဲ။ သူ့အနေနဲ့ လက်ရှိမှာတော့ သူဒီသီချင်းကို ဘာကြောင့်လှူလိုက်တာလဲဆိုတာကို ပြောပြခဲ့ပြီး ဘယ်လိုခံစားရလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။

ဖြိုးမြတ်အောင်ကတော့ The Radar နဲ့ အင်တာဗျူးတွင် “ကျွန်တော်ကတော့ ဗိုလ်ချုပ်ကို ဂုဏ်ပြုတာပေါ့နော်။ သီချင်းလေးကိုဘာလို့လှူလိုက်လည်းဆိုတော့ တေးရေးကိုယူဇော်က သူလှူလိုက်တာပါ။ သူ့ရေးထားတဲ့ သူ့သီချင်းလေး သူ့မှာလှူပိုင်ခွင့်ရှိတယ်လေ။ သူပိုင်တာပဲ။ ကျွန်တော်တို့ ဒီသီချင်းကို စလုပ်တဲ့အချိန်မှာတော့ ကျွန်တော်တို့ ဘယ်ပါတီဘယ်ဟာမှ မရှိဘူး။ ၂၀၁၅ ခုနှစ်မှာ ဗိုလ်ချုပ်ရာပြည့်ရှိတယ်။ အဲ့ဒါကြောင့် ကျွန်တော်သွားပြောတယ်။ ကိုယူဇော်ရေ ဗိုလ်ချုပ်ရာပြည့်ပွဲတွေ ကျင်းပနေကြပြီပေါ့။ တတ်နိုင်တဲ့အင်အားကလည်း မရှိဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ တတ်နိုင်တဲ့အနုပညာအားလေးနဲ့ ဖျော်ဖြေမယ်ဆိုပြီး ကိုယူဇော်ကို ဒီသီချင်းရေးခိုင်းလိုက်တာပါ။ ဒါကြောင့်လည်း ဆိုဖြစ်သွားတာပါ”

“ကျွန်တော့်ကို အားပေးကြတဲ့ ပြည်ပက အမျိုးတွေရော မြန်မာနိုင်ငံထဲက အမျိုးတွေရော ဧရာဝတီတိုင်းက အမျိုးတွေရော အားလုံးကို ကျွန်တော် ချစ်ပါတယ်။ ဒီထက်လည်း ပိုပြီးတော့ ကြိုးစားသွားပါဦးမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အားလုံးကျန်းမာချမ်းသာ ကြစေပါဗျာ”

ဖြိုးမြတ်အောင် သီဆိုထားတဲ့ ငါတို့ရဲ့ General သီချင်းကတော့ တကယ်ကို စိတ်အားတက်ကြွစရာ သီချင်းကောင်း တပုဒ်ဖြစ်ပြီး ယင်းသီချင်းကိုနားထောင်လိုက်ရင်လည်း ရင်ထဲမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သတိရအောင့်မေ့နေမှာ သေချာပါတယ်။ ဒါကြောင့် တေးရေးယူဇော်ရေးသားထားပြီး ဖြိုးမြတ်အောင်သီဆိုထားတဲ့ ငါတို့ရဲ့ General သီချင်းကို ပြောချင်လွန်းလို့ပေ့ချ်က ဖော်ပြပေးလိုက်ပါတယ်။ ဗီဒီယိုလေးကတော့ အောက်မှာပါ။

Source: nanmalgyi.com

About the author

ShweLight

Leave a Comment