CELEBRITY

လူႀကိဳက္အမ်ားဆုံး နံပါတ္တစ္ေနရာကို ေရာက္ရွိသြားတဲ့ ေရႊမွုံရတီရဲ႕သီခ်င္းအတြက္ ဂုဏ္ျပဳေပးလိုက္တဲ့ ေရႊထူး

ေရႊႏွစ္ေရႊကေတာ့ အင္မတန္ကို ခ်စ္စရာေကာင္းတဲ့အျပဳအမူေလးေတြနဲ႔အတူ အျမဲေတြ႔ရတတ္တဲ့ ဇနီးေမာင္ႏွံေလးပါ။ မၾကာေသးခင္ကမွ ဥေရာပ ဟန္းနီးမြန္းခရီးစဥ္က ျပန္လည္ေရာက္ရွိလာၾကတာျဖစ္ျပီးေတာ့ ပူပူေႏြးေႏြးအိမ္ေထာင္သည္ဘဝကို ျဖတ္သန္းေနၾကတာလည္းျဖစ္ပါတယ္။ အိမ္ေထာင္သည္ဘဝကို ေရာက္ရွိလာျပီျဖစ္ေပမယ့္ သူမကို မ်က္ႏွာတစ္ခ်က္ေတာင္အမဲ့မခံတဲ့ ခင္ပြန္းသည္အေၾကာင္းေတြကိုလည္း ေရႊမွုံေလးက ခ်ီးက်ဴးေျပာဆိုထားပါေသးတယ္။

မိန္းမျဖစ္သူ သူမကို ပိုက္ဆံအပ္တဲ့အေၾကာင္းနဲ႔ ေရႊမွုံေပးသေလာက္သာ သံုးေနရလို႔ စိတ္ဆိုးေနတဲ့ေရႊထူးတုိ႔ရဲ႕ အေၾကာင္းေလးေတြဟာလည္း နားေထာင္ရသူအဖို႔ ၾကည္ႏူးေပ်ာ္ရႊင္မိရပါတယ္။ ႏွစ္ဦးလံုး အႏုပညာေလာကထဲမွာ ေလ်ွာက္လွမ္းေနၾကေပမယ့္ ေရႊမွုံရတီကေတာ့ သရုပ္ေဆာင္ဘက္မွာ ကြ်မ္းက်င္တဲ့မင္းသမီးတစ္ဦးျဖစ္ျပီး ေရႊထူးက အဆိုပိုင္းဘက္မွာ ေအာင္ျမင္ေနတဲ့အဆိုရွင္တစ္ဦးျဖစ္ပါတယ္။ သို႔ေပမယ့္လည္း ခ်စ္ဇနီးေရႊမွုံေလးရဲ႕ အသံမေခေၾကာင္းကို ေရႊထူးက မၾကာခဏေျပာျပေလ့ရွိပါတယ္။

ေရႊမွုံရတီရဲ႕အသံကို ပရိသတ္ေတြစတင္သိခြင့္ရတဲ့သီခ်င္းေလးကေတာ့ အမွားဆုိတဲ့သီခ်င္းေလးပဲျဖစ္ပါတယ္။ ဒီသီခ်င္းေလးကို ေရႊထူးက ေရးသားေပးထားတာျဖစ္ျပီးေတာ့ Featuring အျဖစ္ ေရႊထူးက သီဆိုေပးထားပါေသးတယ္။ ေရႊမွုံရတီရဲ႕ အမွားသီခ်င္းေလးဟာ ထြက္ရွိျပီးသိပ္မၾကာခင္မွာပဲ ပရိသတ္ေတြၾကားအလြန္ေပါက္သြားတဲ့သီခ်င္းေလးတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

Tik Tok ေတြမွာလည္း သူမရဲ႕သီခ်င္းေလးနဲ႔ သရုပ္ေဆာင္ေနၾကျပီးေတာ့ လူငယ္ေတြပါးစပ္ဖ်ားမွာပါ အင္မတန္ ေရပန္းစားခဲ့ပါတယ္။ ယေန႔မွာေတာ့ ဇနီးျဖစ္သူ ေရႊမွုံရတီရဲ႕ အမွားသီခ်င္းေလးဟာ Joox Application ရဲ႕ Myanmar Top 100 Chart မွာ နံပါတ္ တစ္ ေနရာကိုေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။ မိန္းမျဖစ္သူ သီဆိုထားတဲ့သီခ်င္းေလး နံပါတ္တစ္ေနရာကို ေရာက္ရွိသြားတာေၾကာင့္ ေရႊထူးက “Gaw Gyi ကြ” ဆိုျပီး ဂုဏ္ျပဳထားတာျဖစ္ပါတယ္။

ပရိသတ္ၾကီးလည္း ေရႊမွုံရတီရဲ႕ အမွားသီခ်င္းကို လံုးဝၾကိဳက္ႏွစ္သက္လိမ့္မယ္လို႔ ယံုၾကည္ပါတယ္ေနာ္။

]

Source:We Love Cele (welovecele.com)

  • Unicode

ရွှေနှစ်ရွှေကတော့ အင်မတန်ကို ချစ်စရာကောင်းတဲ့အပြုအမူလေးတွေနဲ့အတူ အမြဲတွေ့ရတတ်တဲ့ ဇနီးမောင်နှံလေးပါ။ မကြာသေးခင်ကမှ ဥရောပ ဟန်းနီးမွန်းခရီးစဉ်က ပြန်လည်ရောက်ရှိလာကြတာဖြစ်ပြီးတော့ ပူပူနွေးနွေးအိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေကြတာလည်းဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝကို ရောက်ရှိလာပြီဖြစ်ပေမယ့် သူမကို မျက်နှာတစ်ချက်တောင်အမဲ့မခံတဲ့ ခင်ပွန်းသည်အကြောင်းတွေကိုလည်း ရွှေမှုံလေးက ချီးကျူးပြောဆိုထားပါသေးတယ်။

မိန်းမဖြစ်သူ သူမကို ပိုက်ဆံအပ်တဲ့အကြောင်းနဲ့ ရွှေမှုံပေးသလောက်သာ သုံးနေရလို့ စိတ်ဆိုးနေတဲ့ရွှေထူးတို့ရဲ့ အကြောင်းလေးတွေဟာလည်း နားထောင်ရသူအဖို့ ကြည်နူးပျော်ရွှင်မိရပါတယ်။ နှစ်ဦးလုံး အနုပညာလောကထဲမှာ လျှောက်လှမ်းနေကြပေမယ့် ရွှေမှုံရတီကတော့ သရုပ်ဆောင်ဘက်မှာ ကျွမ်းကျင်တဲ့မင်းသမီးတစ်ဦးဖြစ်ပြီး ရွှေထူးက အဆိုပိုင်းဘက်မှာ အောင်မြင်နေတဲ့အဆိုရှင်တစ်ဦးဖြစ်ပါတယ်။ သို့ပေမယ့်လည်း ချစ်ဇနီးရွှေမှုံလေးရဲ့ အသံမခေကြောင်းကို ရွှေထူးက မကြာခဏပြောပြလေ့ရှိပါတယ်။

ရွှေမှုံရတီရဲ့အသံကို ပရိသတ်တွေစတင်သိခွင့်ရတဲ့သီချင်းလေးကတော့ အမှားဆိုတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကို ရွှေထူးက ရေးသားပေးထားတာဖြစ်ပြီးတော့ Featuring အဖြစ် ရွှေထူးက သီဆိုပေးထားပါသေးတယ်။ ရွှေမှုံရတီရဲ့ အမှားသီချင်းလေးဟာ ထွက်ရှိပြီးသိပ်မကြာခင်မှာပဲ ပရိသတ်တွေကြားအလွန်ပေါက်သွားတဲ့သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

Tik Tok တွေမှာလည်း သူမရဲ့သီချင်းလေးနဲ့ သရုပ်ဆောင်နေကြပြီးတော့ လူငယ်တွေပါးစပ်ဖျားမှာပါ အင်မတန် ရေပန်းစားခဲ့ပါတယ်။ ယနေ့မှာတော့ ဇနီးဖြစ်သူ ရွှေမှုံရတီရဲ့ အမှားသီချင်းလေးဟာ Joox Application ရဲ့ Myanmar Top 100 Chart မှာ နံပါတ် တစ် နေရာကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ မိန်းမဖြစ်သူ သီဆိုထားတဲ့သီချင်းလေး နံပါတ်တစ်နေရာကို ရောက်ရှိသွားတာကြောင့် ရွှေထူးက “Gaw Gyi ကွ” ဆိုပြီး ဂုဏ်ပြုထားတာဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ အမှားသီချင်းကို လုံးဝကြိုက်နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။

]

Source:We Love Cele (welovecele.com)

About the author

ShweLight

Leave a Comment